ကျွနုပ်နှင့် Daily promotion

in #myanmar6 years ago

image

ခုရက်ပိုင်းအတွင်း steem ဈေးကလည်း အကျဘက်သာ အားသန်နေသည် ။ အမြဲတမ်း နီနီရဲရဲ လေးတွေမို့  စာရေးသူများရှားကုန်မလားဟု တွေးမိဘူးသည် ။ သို့ သော် MSC၏ Daily Pro သမားများကတော့ ဇွဲကောင်းကောင်းဖြင့် ချီတတ်နေကြစမြဲ ။ sp စုနေကြမြဲမို့  လေးစားမိပါသည် ။ မိမိလည်း Daily Pro ထဲပျော်ရွှင်စွာ ပါဝင်ခဲ့ပေမဲ့ ယခုမူ ရက်ခြားလေးသာ pro ယူနိုင်တော့သည် ။ ပျင်းရိသောကြောင့် ဈေးကျနေသောကြောင့်မဟုတ်ပါချေ ။ ဖြစ်သလိုရေးပြီး တင်ရမည်စိုး၍ ရက်ခြားသာ pro တင်မည်ဟု တွေးထားမိသည် ။ စာတစ်ပုဒ်ရေးဖို့ အတွက် မရေးခင်က တွေးရသည် ။ ရေးပြီးသော်လည်း ပြန်စိစစ်ရသည် လိုက်ဖက်မည့်ပုံလေးများ ရှာဖွေရသည် ။ ထိုကြောင့် pro တင်သူများအား လေးစားမိသည် ချီးကျူးမိပါသည် ။ ယခုလို အနေအထားမှာတောင် တတ်ကြွစွာ ပါဝင်နေကြသည်မို့  steem ဈေးများ တဟုန်ထိုးတတ်ပြီး ပျော်ရွှင်နိုင်ဖို့  မျှော်လင့်နေပါသည် ။

image

မိမိ၏ နောက်ထပ်အကြောင်းပြချက် တစ်ခုကတော့ စာမေးပွဲသာဖြစ်သည် ။ မိမိသည်လည်း သိပ်မဝေးသော ကာလတစ်ခုမှာ စာမေးပွဲ ဖြေဆိုရန်ရှိနေပါသည် ။ တိတိကျကျဆိုလျှင် 10.10.2018 ဟု သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် သင်ကြားစီမံအဖွဲ့မှ တရားဝင် ကြေငြာထားပါသည် ။
ထိုစာမေးပွဲတွင် အဆင့်ကောင်းကောင်း အမှတ်ကောင်းကောင်းဖြင့် အောင်မြင်သူများအား scholarship ရမည်ဖြစ်သည် ။ နိုင်ငံခြားသို့  ပညာတော်သင်ထောက်ပံ့စရိတ်ဖြင့် ပို့ ပေးမည်ဟုလည်း ကြေငြာထားပြန်သည် ။ ထို့ ကြောင့် မိမိ၏ မျှော်လင့်ချက်ဖြစ်သော နိုင်ငံခြားပညာသင်ခွင့်အတွက် အတတ်နိုင်ဆုံး ကြိုးစားနေရသောကြောင့် pro လည်း ရက်ခြားမျှသာ တင်နိုင်မည်ဟု ထင်မိပါသည် ။ လုံးဝမတင်ဘဲတော့ မနေနိုင်ပါ ။ MSCဆိုသော မိသားစုနှင့်အတူ ပျော်ရွှင်စွာ လိုက်ပါစီးမျောနေရခြင်းကိုမူ မစွန့် လွှတ်နိုင်ပါ ။ စာမရေးဘဲလည်း မနေနိုင်သေးပါ ။ မိမိတို့  G3 က @suhlaing ပြောသလိုပေါ့ အစက အရာရာကို အမှုမဲ့ အမှတ်မဲ့ နေတတ်ပေမဲ့လည်း စာရေးခြင်းဝါသနာ စွဲကပ်သွားတဲ့အခါ မြင်မြင်သမျှ တွေ့တွေ့သမျှ အရာအားလုံးကို စကားလုံးများဖြင့် သီကုံးပစ်ချင်စိတ်က တဖွားဖွားဖြစ်နေတော့သည်မို့  စာရေးမြဲရေးမည် ။ pro တင်မြဲ တင်နိုင်မည်ဟု ဆုံးဖြတ်ထားပါသည် ။

image

နောက်တစ်ခုက မိမိသည် ပညာရေးနှင့်ပတ်သက်လျှင် လောဘတော့အနည်းငယ်ကြီးသည် ။ သီတဂူ ဗုဒ္ဓတက္ကသိုလ်မှ တစ်ဆင့် နိုင်ငံခြားထိ ပညာများ သင်ယူဆည်းပူးလေ့လာချင်သည် ။ တက္ကသိုလ်ပိတ်ရက်များတွင်လည်း အစိုးရဓမ္မာစရိယ စာမေးပွဲစာများလေ့လာပြီး ပါဠိတော် အဌကထာများ၌လည်း ကျွမ်းကျင်တတ်မြောက်ချင်သေးသည် ။ တစ်ချို့သော လူငယ်တွေ ရှိပါသည် ။ အဝေးသင်တတ်ရင်း အားသည့်ရက်မှာ အလုပ်ကြိုးစားပြီး ဘွဲ့လည်းရ စီးပွားရေးအတွက်လည်း နေရာတစ်ခုရအောင် အားထုတ်ကြသည် ။ မိမိလည်း အဝေးသင်တတ်ရင်း ကျန်သည့်ငါးရက်က ပါဠိစာပေများလေ့လာကာ စစ်တုရင်စကားဖြင့် ခွချက်ချက်ကာ တက္ကသိုလ်မှ BSc ဘွဲ့နှင့်အတူ ပါဠိစာမေးပွဲများတွင်လည်း အစိုးရ ပထမပြန်ငယ်လတ်ကြီးများ အောင်မြင်အောင်ကြိုးစားခဲ့ဖူးသည် ။ ယခုလည်း ခွချက်ချက်နေသည်မို့  အချိန်နည်းနည်းယူမှ ရတော့မည် ။ စာမေးပွဲတွေလည်းနီးကပ်နေသည်ဖြစ်နေသောကြောင့် Pro အတွက် ဖြစ်သလိုရေးတင်မိမှာ စိုးမိပါသည် ။ စာမရေးဖို့ ပြောနေသည်လည်းမဟုတ်ရပါ ။ Pro နားဖို့ ပြောနေသည်လည်းမဟုတ်ရပါ ။ မိမိpro တင်သော်လည်း အခြားသော စာရေးသူများထံ vote ment များမရောက်ခဲ့သော် နားလည်ပေးဖို့ အတွက်သာ တင်ပြခြင်းဖြစ်ပါသည် ။ mytel လည်းအရင်လို မဟုတ်တော့ချေ ။ ထို့ ကြောင့် ပိုစ့်တစ်ခုကို V,M လုပ်ဖို့  ငါးမိနစ်လောက် Broswer ထဲဝင်ထွက်လုပ်နေရသည် ။ pro တင်သူမိသားစုများအတွင်း ငါကျတော့ v,m ပေးတယ် ။ သူကျတော့ပြန်မလာဘူးဆိုတာမျိုးလည်း မတွေးစေလိုသောကြောင့် စကားပလ္လင်ခံနေရခြင်းဖြစ်ပါသည် ။ အကယ်၍ Steemit သည်မိမိ၏ ဘဝဆိုလျှင် MSCသည် မိမိ၏ နှလုံးသည်းပွတ်သာလျှင် ဖြစ်နိုင်ပါသည် ။ မိသားစုဝင်များအချင်းချင်း နားလည်မှု ပျော်ရွှင်မှုတို့ ဖြင့်သာ လက်တွဲချီတတ်နိုင်ကြပါစေဟု ဆန္ဒပြုလျက် . . . . .

မိမိအား ချစ်သူ မုန်းသူ ထိုထိုလူ သီတဂူစန်းလပမာ ချမ်းမြသာယာရှိနိုင်ကြပါစေ ။

MSC-181
Author @gunapeya
image

Sort:  

ဦးဇင်းလိုချင်သော ဖြစ်ချင်သော ဆန္ဒကိုတော့ ပိုပြီးအလေးပေးစေချင်ပါတယ်ဘုရား။ဆန္ဒတွေအောင်မြင်ပြည့်စုံပါစေလို့ ဆုတောင်းပေးပါတယ်ဘုရား။တပည့်တော်တို့ဗုဒ္ဓသာသနာအတွက် ဦးဇင်းတို့လို ဆရာတော်ဘုရားတွေ လိုအပ်သလို အရမ်းတန်ဖိုးရှိပြီး အဖိုးမဖြတ်နိုင်ပါဘုရား။

ဟုတ်ပါတယ် တစ်ချို့တောရွာတွေမှာ စာတတ်ပေတတ် ဆရာတော် သံဃာတော်တွေ ရှားပါးနေပြီး တောထွက်များသာ ကြီးစိုးနေလို့  တောင်တန်းသာသနာပြုဖြစ်အောင် ကြိုးစားနေတာပါ

ဘာပဲေ ပြာေ ပြာ ပညာ‌ရေး‌တော့ ပထမဦးစား‌ပေးလုပ်‌ပါ။

ပညာရေးလည်း ဦးစားပေးတယ် ဝါသနာလည်း မလျော့စေရဘူးပေါ့

အောင်မြင်ပါစေ

ဟုတ်ကဲ့ပါ အားပေးစကားအတွက် ကျေးဇူးပါ

ဟုတ်​ကဲ့....မအားလပ်​တဲ့ကြားကပိုစ့်​​တွေဖတ်​ဖို့​မျော်​​နေပါ့မယ်​....

တူတူပါပဲဗျာ စက္ကူပန်းလက်မှုပညာလေးတွေလည်းမျှော်လင့်နေမိပါတယ်

နိုင်ငံခြားကိုသွားသင်တာ တပည့်တော်သိပ်နားမလည်းဘူး၊ မြန်မာပြည်မှာပဲ ဗုဒ္ဓဘာသာအမြင့်ဆုံးထင်နေတာ

မှန်ပါတယ် ဦးမင်း ပိဋကတ်သုံးပုံ အာဂုံဆောင်နိုင်တဲ့ ဆရာတော်များဟာ မြန်မာပြည်မှာ သာလျှင်ရှိပါတယ် ပိဋကတ်ကို ထုံးလိုမွှေ ရေလိုနှောက်နိုင်သည့်ဆရာတော် များဟာလည်း မြန်မာပြည်မှာသာလျှင် ရှိပါတယ် နိုင်ငံခြားကို ပညာတော်သင်သွားတယ်ဆိုတာက မိမိတို့ သင်ယူတတ်မြောက်ထားတဲ့ ပါဠိဘာသာရပ်ကို သက္ကတ အင်္ဂလိပ်စတဲ့ ဘာသာစကားတွေနဲ့ အထူးပြုသင်ကြားနိုင်အောင်ပါ ဦးဇင်းတို့ က ပါဠိဘာသာစကားကျွမ်းကျင်တယ် ပိဋကတ်တော်ကို တီးမိခေါက်မိရှိထားတယ် ဒါဆို မြန်မာပြည်က ဗုဒ္ဓဘာသာဝင်အပေါင်းကို နားလည်အောင် ရှင်းပြနိုင်စွမ်းရှိပါပြီ သို့ သော် ဘာသာခြား နိုင်ငံခြားသား တစ်ယောက်ယောက်ကများ သိလိုသည်ကို မေးမြန်းလာခဲ့ရင် ဦးဇင်းတို့ ဘယ်လိုဖြေရမလဲ မြန်မာလိုပြန်ရှင်းပြလို့ မရတာတော့ သေချာတယ် စကားပြန်ရှိတယ်ဆိုပေမဲ့လည်း ပါဠိအသုံးအနှုန်းနဲ့ ဆိုလိုချက်တွေကို မလိုက်စားထားဘဲ အင်္ဂလိပ်စကားပြောတတ်ရုံနဲ့မရှင်းပြနိုင်ဘူးလေ ဒါကြောင့် မိမိတို့  သင်ထားတဲ့ ဗုဒ္ဓရဲ့တရားတော်တွေကို ကမ္ဘာအနှံ့  ဟောပြောနိုင်ဖို့ က မိမိကိုယ်တိုင် အင်္ဂလိပ်အသုံးအနှုန်းကျွမ်းကျင်သင့်တယ်ဆိုပြီး ဆရာတော်များက ဆုံးဖြတ်ခဲ့ကြတာပါ စစ်ကိုင်း မင်းကွန်းဆရာတော်ဘုရားကြီးက စတင်ခဲ့တာပေါ့ တောင်မြို့ ဂန္ဓာရုံဆရာတော်ဘုရား သူတို့ လည်း အင်္ဂလိပ်ကို သင်ယူခဲ့ကြတယ် ကျွမ်းကျင်သွားတဲ့အခါမှာတော့ နိုင်ငံတကာက မဟာယာနတွေ ဂျိမ်းတွေ ဂျီးဆပ်တွေရဲ့ ပြသနာမှန်သမျှ မေးလာသမျှကို ချက်ကျလက်ကျဖြေဆိုနိုင်ခဲ့လို့  ဗုဒ္ဓဘာသာက ခုဆို ကမ္ဘာ့အနှံ့ အပြား ရောက်ရှိနေခြင်းပါ သီတဂူဆရာတော်ဘုရားလည်း သာသနာတွင်ကျယ်စွာပြုနိုင်အောင် သီတဂူဗုဒ္ဓတက္ကသိုလ်တွေ ထောင်ခဲ့ခြင်းဖြစ်ပါတယ် ပညာရေးစနစ်အရ မြန်မာက သာပါတယ် သို့ ပေမဲ့ ဘာသာစကားအားနည်းမှုကြောင့် နိုင်ငံခြားထွက်ပြီပညာတော်သင်အဖြစ်း လေ့လာရသည်ဟုသာ ဆိုပါတော့ ကျေနပ်လောက်ပြီ ထင်ပါတယ်

သာသနာ့ဝန်ကို လွယ်ကူစွာဆောင်ရွက်နိုင်ပါစေ ဆိုပြီး ဦးဇင်းကိုဆုတောင်းပေးရမှာပဲ ဘုရာ့

ဟုတ်တယ် ဦးစိုးရေ ရည်မှန်းချက်ကတော့ စစ်ကိုင်းရဲ့ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကြီးမှာ သာသနာပြုခွင့်ရချင်တာပါ

ဦးဇင်း ဂုနပီယ သည် များမကြာမှီ အချိန်အတွင်း ဒေါက်တာ ဘဒ္ဒန္တ ဆရာတော် ကြီး အဖြစ် ဖြင့်သာသနာ့ တာဝန်များကို ဆက်လက် ထမ်းရွက်နိုင်ပါစေဟု ဆုမွန်ကောင်း တောင် လိုက်ပါသည် ဘုရား

ကြိုးစားနေပါတယ်ကွယ် သီတင်းကျွတ် စစ်ကိုင်းလာဖို့ ရှိတယ် steemit မှာ တင်သမျှ စားစရာတွေနဲ့ ဆွမ်းကပ်ပါလား တကယ်သရေကျမိလို့ ပါ

အမြဲတင်နိုင်တဲ့ ဦးဇင်းကို လေးစားရင်း မယ်ကြည်လဲ အမြဲ တင်နိုင်အောင်ကြိုးစားပါ့မယ်လို့😁

အမြဲပိုစ့်တင်နိုင်တာ အားပေးတယ် စာရေးဖို့ တွေးနေတော့ အကုသိုလ်တွေ မတွေးမိဘူးလေ အဲ့အချိန်တွေက အမြတ်ပေါ့ကွယ်

ဘဝနဲ့ယှဉ်တဲ့ စာမေးပွဲမို့ ပိုပြီး အချိန်ပေးစေချင်တယ် ဘုရား

ဟုတ်ကဲ့မတ်စုရေ ပိုစ့်မတင်နိုင်ပေမဲ့လည်း pro ကပိုစ့်တွေတော့ အမြဲဖတ်ရှုအားပေးနေမှာပါ

ပိုစ်​လဲတင်​ မိမိစာလဲ လုပ်​အုန်း​နော်​ဥူးဇင်း

ဟုတ်ကဲ့ပါ ဦးယု စာလည်းကျက်ပါတယ်

Coin Marketplace

STEEM 0.25
TRX 0.11
JST 0.032
BTC 62837.82
ETH 3037.45
USDT 1.00
SBD 3.80