နည်းနည်းလောက်တော့ ကြွားပါရစေ

in #myanmar6 years ago

image

MSC Gathering ပွဲလေးကတော့ ပျော်ရွှင်စွာ ကြည်နူးစွာနဲ့ ပြီးမြောက်သွားပါတယ် ။ တကယ်ဆို အဲ့လိုပျော်ရွှင်နေကြတဲ့ အဖွဲ့ထဲမှာ ပါဝင်ခွင့်ရတာကိုက ကြည်နူးစရာချည်းပါ ။ ဆုံရက်က 3.8.2018 ဆိုတော့ လာဖို့ အားခဲ ထားပါတယ် ။ ဝါတွင်းမို့  အခက်အခဲရှိပေမဲ့ ကြိုတင်ကြံစည်ပြီး ဥာဏ်နီ ဥာဏ်နက်တွေလည်းထုတ်ထားခဲ့ပါတယ် ။ ဖြစ်ချင်တော့ 30.7.2018 မှာကျင်းပမဲ့ စာမေးပွဲကို 3.8.2018 နေ့ ကိုပြောင်းလဲသတ်မှတ်လိုက်တော့ မိမိခမျာ ဘာမှကို မတွေးတတ်တော့ပါဘူး ။ စာမေးပွဲအတွက် စာကျက်လိုက် ။ အားတဲ့အခါလေး MSC မိသားစုရဲ့ ပုံရိပ်လေးတွေ ဝင်ကြည့်လိုက်နဲ့ပဲ မာရဇ္ဇသီချင်းထဲကလို ဝေးဝေးကပဲလွမ်းနေရတော့တာပေါ့ ။

image

စာတွေလည်း နည်းနည်းကြိုးစားထားတော့ စာမေးပွဲ အခက်အခဲမရှိဖြေနိုင်ပါတယ် ။ ဒါပေမဲ့ အားမရခဲ့ဘူး ။ အပိုင်ရတဲ့ အပုဒ်တွေက လွဲပြီး တစ်ချို့အပုဒ်တွေက မိမိအာဘော်နဲ့ ဖြေရတာဆိုတော့ မိမိရဲ့ သုံးသပ်ချက်တွေ Grammer အသုံးအနှုန်းအလိုက် အဓိပ္ပါယ်တွေ မှန်မမှန် စစ်ဆေးပြီးပေးတာဆိုတော့လည်း အမှတ်မှ ရပါ့မလားဆိုပြီး ကိုဟ့်ကိုကိုယ်သံသယဝင်ခဲ့ပါသေးတယ် ။ ပြီးတော့ ဖြေရတာက ၅ ဘာသာ ဖြစ်ပါတယ် ။ အကုန်လုံးက Englishလိုချည်းဖြေရတာပါ ။ အခက်အခဲက မိမိရင်းနှီးခဲ့ဖူးသော အင်္ဂလိပ်စာများလိုမဟုတ်ပေ ။ ပါဠိကို အင်္ဂလိပ်လို ပြန်ထားခြင်းဖြစ်ပါသည် ။ ဥပမာ go=သွားသည် eat=စားသည် ဒါက မိမိရင်းနှီးဖူးသော Englishသင်ရိုးပါ ။ မိမိတို့  သီတဂူမှာသင်ကြားပို့ ချနေသည်ကား သက္ကတ ခေါ် ပါဠိခေါ် ရိုမန်အင်္ဂလိပ်လို့ ခေါ်ပါသည် ။ သူကကျတော့ နည်းနည်းဦးနှောက်စားရပါသည် ။ gacchanti=သွားသည် bun့cati =စားသည် ။ ဂစ္ဆန္တိ=သွားသည် ဘုဉ္စန္တိ=စားသည် ။ ထိုကဲ့သို့  ပါဠိစာပေကို English မူပြောင်းထားသော သင်ရိုးဖြစ်ပါသည် ။ ထို့ ကြောင့်  pro ရက်တောင် စာမရေးနိုင်တော့ဘဲ သေချာကျက်မှတ်ခဲ့ရသည် ။

image

ကြိုးစားမှုရဲ့ နောက်ကွယ်မှာ အောင်မြင်မှုက ကပ်ပါလာတယ်ဆိုတဲ့ စကားတကယ်မှန်ပါသည် ။ မိမိစာကျက်သည်။ ကြိုးစားသည် ။ အတန်းဖော်အားလုံး သံဃာအပါးတစ်ရာရှိပါသည် ။ သူတို့  စာကျက်နားသည့်တိုင်အောင် မိမိက အနားမယူသေးပေ ။ နာရီဝက်ပိုကြိုးစားသည် ။ တစ်နာရီပိုကြိုးစားသည် ။ ဥာဏ်သိပ်မကောင်းတော့ ဝီရိယကို အဓိပတိတပ်ပြီး အလုပ်လုပ်ခဲ့ရသည် ။ မနေ့ ညက အောင်စာရင်းထွက်တော့ မမျော်လင့်ထားပေမဲ့လည်း အမှတ်အများဆုံးနဲ့ အပါးတစ်ရာမှာ နံပါတ်တစ်နေရာ မိမိရောက်ရှိခဲ့ရသည် ။ ကြည်နူးမှု ပီတိဖြစ်မှုကလည်း အပြည့်ပေါ့ ။ တစ်ချို့သူငယ်ချင်းတွေဆို ယုံတောင်မယုံနိုင်ပေ ။ ဖုန်းတစ်လုံးနဲ့ အမြဲတကုပ်ကုပ် အလုပ်ရှုပ်နေတဲ့ မိမိလို ငထူငအက သူ့ တကာထက် ထိပ်ရောက်သွားတယ်ဆိုတော့ မယုံပေမဲ့လည်း အံ့အားသင့်ကြသည် ။ ဒီတော့ မိမိကို စာလုပ်ချင်စိတ်ဖြစ်ပေါ်လာအောင် နံပါတ်တစ်နေရာက တံခါးကိုခေါက်နိုင်အောင် တွန်းအားပေးခဲ့တဲ့ စာရေးဆရာတစ်ချို့ရဲ့ ခွန်အားဖြစ်စာပေလေးတွေကို သံဃာပရိတ်သတ်အလယ်က စာပေဟောပြောပွဲမှာ မိမိဟောပြောခဲ့ရပါတယ် ။ ဝေမျှပေးခဲ့ရပါတယ် ။ မိမိဝေမျှပေးခဲ့တာကတော့ ဒီလိုပါ ။. . . . ( ဆက်ရန် )

မိမိအား ချစ်သူ မုန်းသူ ထိုထိုလူ စိတ်၏ချမ်းသာခြင်း ကိုဟ်၏ကျန်းမာခြင်းနှင့်ပြည့်စုံကြပါစေ ။

MSC-181
Author @gunapeya

Sort:  

Wow Wow Wow

ဆက်လက်စောင့်မျှော် ဖတ်ရှု့ပါ့မယ် အရှင်ဘုရား။

ခုလို ဖတ်ရှုအားပေးတာ ကျေးဇူးပါ

ဒီထက်မကအောင်မြင်ပါစေအရှင်ဘုရား

ခုလို အားပေးတာကျေးဇူးပါကွယ်

mscက တို့ဆရာတော်ကွ ဖတ်ဖို့စောင့်မျှော်နေပါမည်ဘုရား

အားပေးတာ ကျေးဇူးပါဦးထွေးရေ ကြိုးစားပါ့မယ်

တော်​ပါ​ပေတယ်​ ဦးဇင်းဘုရား
အမှတ်​​တွေအများကြီးဘဲ

ခေါင်းမီးတောက်အောင် ကြိုးစားခဲ့သည် ဟားဟား

ဂုဏ်ယူဝမ်းမြောက်ကြောင်းပါဘုရား

ဟုတ်ကဲ့ပါ မယ်တော်ကြီးရေ နောက်လည်းကြိုးစားနေပါ့မယ်

ဒို့ဦးဇင်းက တော်ပြီးသားပါ

ဒါပေါ့ တော်ပြီးသားပေမဲ့ ကြိုးစားဖို့ လိုပါသေးတယ်ကွယ်

ဆက်လက်အောင်မြင်နိုင်အောင် ကြိုးစားနိုင်ပါစေဘုရား

အားပေးတာ ကျေးဇူးပါ ဦးစိုးရေ ဆက်လက်ကြိုးစားပါ့မဟ် စစ်ကိုင်းမှာ သီတင်းသုံးခွင့်ရတဲ့အထိပေါ့

ကွန်ဂရက်ကျူလေးရှင်း ပါ ဦးဇင်း

ဂုဏ်ပြုတဲ့ အနေနဲ့ စစ်ကိုင်းလာလည်ရင် ဆွမ်းလေးဘာလေး ချက်ကပ်ပါ steemit ကအစားအစာတွေပြောတာ

ရပါ့ ရပါ့ ဘုရား

အများကြီး ဝမ်းသာပါတယ်ဘုရား နောက်လဲ အောင်မြင်မှုတွေ အများကြီး ရပါစေဘုရား ။

Coin Marketplace

STEEM 0.27
TRX 0.11
JST 0.032
BTC 64579.45
ETH 3101.05
USDT 1.00
SBD 3.83