စာပေနှင့်ရသ

in #myanmar6 years ago

image

ကောင်းမွန်သော စာပေတစ်ပုဒ်ဖြစ်အောင် ကြံဆောင်ရေးသားရသည်မှာ ကိုယ်ရောစိတ်ပါ နှစ်မြုပ်ခံစားပြီး ရေးဖွဲ့မှသာ ဖြစ်ပေါ်လာနိုင်သည်ဟု ထင်ပါသည် ။ စာပေသည် နတ်ကြီးသည် ။ လူသားတို့  တစ်ဦးနှင့် တစ်ဦးကြားတွင် ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်းတို့  ကူးလူးဆက်ဆံရာ ပင်လယ်ပြင်ကြီးပမာလည်းဖြစ်ပေသည် ။ စာရေးရတာ လွယ်ပါသည် ။ သို့ သော် အဆင်ချောမွေ့စွာရေးသားဖို့ ကခက်ခဲပါသည် ။ စာရေးခြင်းဝါသနာ စာဖတ်ခြင်းအလေ့အကျင့် စသည့်အရာတွေမရှိဘဲ စာတစ်ပုဒ်အဆင်ချောအောင် ရေးသားဖို့ က အနည်းငယ်တော့ခက်ခဲနိုင်ပါသည် ။ မိမိတို့ နေ့ စဉ်အမျှပြောဆိုနေသည့် စကားလုံးတွေကို အသုံးပြုရသည်ဆိုသော်ငြား ပုဒ် ပါဌ် ဝါကျ ဆီလျော်စွာ မသုံးတတ်ပါကလည်း စာပေရေးသားရာတွင် ဖတ်ရှုလို့ အဆင်မချောဘဲ ထောက်နေတတ်ပါသေးသည် ။ ဒီတော့ စာတစ်ပုဒ်ရေးဖို့ ဆိုတာ လွယ်သလား ခက်သလား ။
မိမိအထင်ကတော့ သန်း၇၀ ကျော်နေထိုင်သည့် မိမိတို့ လူမျိုး မိမိတို့ ဘာသာစကားကို သုံးစွဲနေကြသူများတွင် စာရေးဆရာဟုခေါ်သော စာပေရေးသားခြင်းအနုပညာတွင် ကျော်ကြားသူ ဘဝကို နှစ်မြုပ်ထားသူများ ထောင်ဂဏာန်းမျှသာ ရှိပေသည် စာရေးရတာ လွယ်တယ်ဆိုရင်ဖြင့် တစ်နိုင်ငံလုံး စာရေးဆရာတွေသာ ဖြစ်ပေရော့မယ် ။

image

ဆက်ပါအံ့ မိမိစာတစ်ပုဒ်ရေးဖို့ တွေးထားမိသည်ဆိုပါတော့ ဘယ်လိုအကြောင်းအရာကို အခြေခံရေးမည်နည်း ။ စကားပြောဟန် ဆွေးနွေးတင်ပြဟန် စသည့် မည်သည့်ဟန်မျိုးပေါ်လွင်အောင် ရေးရမည်နည်း ။ အကြောင်းအရာတစ်ခုကို ကျောရိုးပြုပြီးရေးရသည်က ပို၍ လွယ်ကူမည်ထင်ပါသည် ။ မိမိအတွေးတို့ ကို ဘောင်ခတ်ပြီး တွေးခွင့်ရလေသည် ။ ထိုထဲက အတိုင်းသာ ချရေးလိုက်ရုံပင် တကယ်ခက်သည်က အကြောင်းအရာ အတည်တကျမရှိပဲ မိမိစိတ်ထင်ရာ မော်ဒန်ဆန်ဆန် သို့ လော သို့ လော တွေးယူရသည့် စာပေမျိုးက သာ၍ပင် ခက်မည်ထင်ပါသည် ။ မိမိသည် စာပေပညာရှင်မဟုတ်ပါ ။ စာရေးဆရာလည်းမဟုတ်ပါ ။ စာပေကို ဝေဖန်နေသည်လည်းမဟုတ်ပါ ။ မိမိအမြင် မိမိအထင်တွေကိုသာ ကြည့်ပျော်ရှုပျော်ရေးနေရသည်မို့  လွတ်လပ်စွာ ကွဲလွဲဝေဖန်ခွင့်ရှိပါသည် ။ ထိုကဲ့သို့  အကြောင်းအရာအဓိကမထားဘဲ စိတ်ထဲက အတွေးတချို့ကိုသာ အဓိကထားသည့် စာပေမျိုးကျတော့ စာဖတ်သူများ ဖြည့်တွေးလို့ ရသည် ။ ရှုထောင့်တစ်မျိုးကနေ ပြန်ပြီးချဲ့ကားလို့ ရပြန်သည် တစ်ချို့ ဝေဖန်ရေးစာရေးဆရာတွေဆို စာရေးသူကိုယ်တိုင်ပင် မတွေးမိသော ရှုထောင့်များကို ဝေဖန်သုံးသပ်ပြပြီး နာမည်ကောင်း ခံသွားနိုင်ကြသည်ကိုလည်း တွေ့ရပါသေးသည် ။ ဝေဖန်သည်ဖြစ်စေ လေကန်သည်ဖြစ်စေ အနည်းဆုံးတော့ စာတစ်ပုဒ်ရေးမိသည်သာဖြစ်မည် ။ သူတစ်ပါးရေးသားထားသော စာပေကို အလေးအနက်ထားပြီး ဖတ်ရှုရသည်သာဖြစ်သည် ။

အရေးကြီးဆုံး တစ်ချက်ရှိပါသည် မိမိစာတစ်ပုဒ်ရေးတော့မည်ဆိုလျှင် ရသတစ်မျိုးမျိုးတော့ မပါမဖြစ်ပါအောင်တော့ စာဖတ်သူကို ပေးနိုင်ရမည် ။ ချစ်ခင်မုန်းကွဲ လွမ်းဆွေး ကြောက်ရွံ့ထိတ်လန့်  မည်သို့ သော ရသများပေးမည်နည်းဆိုတာ တွေးရမည် ။ တစ်ချို့သောသူများကား စာတစ်ပုဒ်ထဲနှင့် ရသစုံအောင် တင်ပြနိုင်စွမ်းရှိကြသည် ။ ထိုသူများကလည်း ထင်ပေါ်ကျော်ကြားသော ပါရမီရှင် စာရေးဆရာများဖြစ်ကြသည် ။ မိမိတို့ ကဲ့သို့  ဝါသနာရှင်များအနေဖြင့်တော့ ရသတစ်မျိုးလောက်ပါအောင် ရေးသားနိုင်လျှင်ပင် မဆိုးဘူးဟုသာ ဆိုရမည် ။ ထို့ ကြောင့် ဗဟုသုတအနေနဲ့ စာပေရေးသားရာတွင် မပါမဖြစ် ပါသင့်သော ရသကိုးမျိုးကို ဖော်ပြလိုက်ပါသည် ။

၁။ သိင်္ဂါရ ရသ ။ ။ လောက၏ ဓမ္မာတာအတိုင်း ဖိုနှင့်မတို့ ၏ ချစ်ရေး ကြိုက်ရေးကို ဖြစ်လာစေနိုင်သောအဖွဲ့ ။

၂။ ဟာသ ရသ။ ။ စိတ်နှလုံး ကြည်လင် ရွှင်ပြုံးစေနိုင်သော အဖွဲ့ ။

၃။ ကရုဏာ ရသ။ ။ ဒုက္ခ တွေ့ လေသူအတွက် စိုးရိမ်သောက သနားသက်ဝင်စေနိုင်သောအဖွဲ့ ။

၎။ ရုဒ္ဒ ရသ ။ ။ အမျက်ထွက်ခြင်း ၊ စိတ်ဆိုးခြင်း၊ စိတ်၏ ကြမ်းတမ်း ခက်မာခြင်းကို ဖြစ်စေနိုင်သောအဖွဲ့ ။

၅။ ဝီရ ရသ။ ။ အားထုတ်ခြင်း၊ လုံ့ လပြုခြင်း၊ ရန်သူကို ရင်ဆိုင်လိုခြင်း စသည်တို့ ဖြစ်ပေါ်စေသော အဖွဲ့ ။

၆။ ဘယာနကရသ။ ။ ကြောက်ရွံ့ ထိတ်လန့် ဖွယ်စိတ် ဖြစ်ပေါ်စေသော အဖွဲ့ ။

၇။ ဝိဘစ္ဆ ရသ။ ။ သွေးပုပ်၊ ပြည်ပုပ်၊ အပုပ်နံ့  စသည်တို့ ကြောင့် စက်ဆုပ်ရွံ့ ရှာဖွယ်စိတ် ဖြစ်ပေါ်စေသော အဖွဲ့ ။

၈။ အဗ္ဘုတ ရသ။ ။ လောက၌ ဖြစ်ရိုးဖြစ်စဉ်ကို ကျော်လွန်၍ အံ့သြဖွယ်စိတ် ဖြစ်ပေါ်စေသောအဖွဲ့ ။

၉။ သန္တ ရသ။ ။ စိတ်နှလုံးအေးမြချမ်းကြည်ခြင်း၊ တည်ကြည်ငြိမ်သက်ခြင်း စိတ်သဘောကို ဖြစ်ပေါ်စေသောအဖွဲ့ ။

ထိုရသ ကိုးမျိုးကို အခြေခံပြီး အချစ်ဇာတ်လမ်းများ ဟာသဇာတ်လမ်းများ တစ္ဆေပြိတ္တာ ဝတ္ထုများ အမျိုးမျိုး ရေးဖွဲ့ကြသည်ကို တွေ့မြင်နိုင်ပါသည် ။ မိမိတို့ MSC ကမိသားစုများလည်း ထိုရသကိုးမျိုးထဲက အားသန်ရာ တစ်ခုခုကို ရွေးချယ်ပြီး ကောင်းမွန်သော စာပေရေးသားကာ တဖြည်းဖြည်းချင်း စာဖတ်ပရိတ်သတ်ကို ဆွဲဆောင်နိုင်သော ဖန်တီးသူများဖြစ်ကြပါစေဟု ဆန္ဒပြုလျက် . . . . .

မိမိအား ချစ်သူ မုန်းသူ ထိုထိုလူ သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ ။

MSC-181
Author @gunapeya
image

Sort:  

တပည့်တော်တွက် စာတပုဒ်က မလွယ်ပါဘူး ဘုရာ့😔

အဲ့ဒါတော့ ဟုတ်တယ် မကြည်ရေ စာရေးဖို့ ပဲသိတာ ဘာရေးရမှန်းမသိကြတm

သရဲ ဝတ္ထု တော့ ရေးနက် ဘရာ့ ကြောက်ကြောက်

ဘုန်းဘုန်းလည်း ကြောက်မိပါတယ်

တိုးတက်အောင်ကြိုးစားပါ့မယ်ဘုရာ့

ကြိုးစားစေချင်ပါတယ် ခက်ခဲမှန်းလည်းသိပါတယ်ကွယ်

ကြိုးစားတော့ ကြိုးစားနေဆဲပါ ဘုရား ။

သိပ်မဝေးတော့တဲ့ ကာလတစ်ခုမှာ MSC မဂ္ဂဇင်းရဲ့ ပင်တိုင်ကလောင်ရှင်ကြီး ဖြစ်ဖို့  မျှော်လင့်တယ်

ကြိုးစာပြီးရေးနေဆဲပါ ဘုရား

ဦးထွေးရေးတာလည်း ရသလေးတွေ ခံစားရပါတယ်

ဦးထွေးရေးတာလည်း ရသလေးတွေ ခံစားရပါတယ်

အ‌တွေးတစ်‌ခု အသိတစ်‌ခုရသွားရင်‌ မဆိုးပါဘူး။အရှင်‌ဘုရားလည်း ‌လေ့လာမှု ‌ကောင်းပါတယ်‌။

ဒါကတော့ သင်ယူလေ့လာနေရမှာပဲလေ ရပ်တန့် လိုက်တဲ့နေ့  နောက်ကျသွားမှာစိုးတယ်

ပေးတဲ့ဆု ရပါရစေပါဘုရာ့

ပြည့်စေဗျာ ကြိုးစားမှုတော့ လိုတာပေါ့

တပည့်တော်လဲ သီးစုံချည်ရည်လေးတပုဒ် ရေးဖွဲ့တင်ပြထားပါတယ်ဘုရာ့။

သွားဖတ်ကြည့်ဦးမယ် ဦးညီရေ ခုရက်ပိုင်းက စာမေးပွဲနီးနေတော့ Steemit သိပ်မဝင်ဖြစ်လို့ ပါ

တပည့်တော်တော့ စိတ်ထဲရှိတာ ချရေးတာပါပဲ
လူတွေ နားလည် မလည်တော့ သိဘူးပေါ့ ဘုရား

နားမလည်အောင် ရေးခြင်းအနုပညာလို့ ပဲ ခေါ်ပေါ့ လူတိုင်းရေးနိုင်တာမဟုတ်ဘူးဆိုပြီး ဂုဏ်တောင်ယူသင့်သေးတယ်

ရသ ကိုးမျိုးကိုလည်းဗဟုသုတအဖြစ်သိရှိရပါတယ်ဘုရား။ကြိုးစားရေးသားလေ့လာသင်ယူပါ့မယ်ဘုရား။ကောင်းသော post လေးပဲဖြစ်ပါတယ်ဘုရား။

Coin Marketplace

STEEM 0.32
TRX 0.11
JST 0.034
BTC 66761.99
ETH 3256.83
USDT 1.00
SBD 4.27