ရဟန်းနှင့် တောင်းရမ်းခြင်း

in #myanmar6 years ago

image

" အရှင်ဘုရား လိုအပ်တာရှိလျှင် ပြောပါဘုရား " ဆိုတဲ့ စကားနဲ့ ရင်းနှီးခဲ့ရတာတော့ ကြာခဲ့ပါပြီ ။ သို့ ပေမဲ့ တစ်ခါမှ မဖွင့်ဟခဲ့ဖူးပါ ။ မိဘတောင်မှ ကြာတော့ မကြည်ဖြူဘူးဟုပင် စိတ်အထင်ကရောက်မိပြန်တော့ All the best အားလုံးအဆင်ပြေတယ် ဆိုတဲ့ စကားပဲ အမြဲပြောဖြစ်တယ် ။ တစ်ချို့ ရင်းနှီးတဲ့ မိတ်ဆွေတစ်ချို့တော့ ရှိပါသည် ။ ဘာလိုအပ်နေလဲ ဆိုတာပဲကြည့်ပြီး ဖြည့်ဆည်းပေးကြတယ် ။ ဘာလိုချင်လဲလို့  မမေးကြဘူး ။ တကယ်တော်ပါပေတယ် ။ ဘာလို့ ဆို စစ်မှန်တဲ့ရဟန်းတစ်ပါးအဖို့  လိုအပ်ချက်ကို တောင်းဆိုရတာ ငိုပြနေရတယ်လို့  ထင်ကြတယ် ။ " ငိုတတ်တဲ့ ကလေး မုန့် စားရမှန်း "သိပေမဲ့ မသထာရေစာမျိုးစားမိမှာတော့ အလွန်ကြောက်ပါသည် ။ စေတနာပါသည် မပါသည်ထက် မလွှဲသာလို့  ပေးရကမ်းရတာမျိုးကို လက်မခံချင် ။ ဖြစ်နိုင်လျှင် မိမိကိုယ်တိုင်သာ ငှက်အပေါင်းနားသည့် သစ်ပင်ကြီးပမာ ဖြစ်ချင်ခဲ့ပါသည် ။

တောင်းရမ်းခြင်း ဆိုတဲ့ စကားလေးကို အနည်းငယ် update မြှင့်ကြည့်တော့ အကောင်းအဆိုးတွေ ရောထွေးနေလေရဲ့ ။ ကိုယ်က တောင်းလိုက်လို့  ရသည်ဆိုပါတော့ ပျော်ရွှင်မှာ သေချာတယ် ။ ဒါပေမဲ့ ပေးသူဘက်က မကြည်ဖြူတဲ့အခါ နှမြောတသဖြစ်ပြီး ဒေါမနသတွေပွားမှာမြင်ယောင်နေပါသည် ။ ပေးသူယူသူ မျှတူစိတ်ထားနိုင်ရင်တော့ အကျိုးကြီးမားတာပေါ့ ။ ရှေးအခါက ရသေ့ညီနောင်နှစ်ပါးရှိတယ်။ မြစ်ကမ်းဘေး တဲလေးထိုးပြီး တရားကျင့်ကြတဲ့အခါ ညီဖြစ်သူရသေ့လေးကို မြစ်ထဲက နဂါးမင်းကြီးတွေ့ပါလေရော။ ဒီမှာပဲ ရှေးရေစက်ကြောင့် ချစ်ခင်မြတ်နိုးသွားလေရဲ့ ။ နေ့ တိုင်း ရသေ့ငယ်လေးကို သူ့ ကိုဟ်လုံးကြီးနဲ့ ရစ်ပတ်ပြီး စောင့်ရှောက်နေပေမဲ့ ။ ရသေ့ငယ်ခမျာ ပုထုဇဉ်သာသာမို့  ကြောက်အားပိုကာ တစ်နေ့ ထက်တစ်နေ့  ပိန်ချုံးလာခဲ့သည်။ ဒါနဲ့ပဲ အကိုဖြစ်သူက နဂါးကြီးမုန်းအောင်လုပ်တဲ့နည်း ညီရသေ့ကို သင်ပေးလိုက်တယ် ။ အဲ့ဒါ တောင်းရမ်းခြင်းပဲ ။ နဂါးကြီးလာတဲ့အခါ ညီရသေ့က နဂါးကြီး တန်ဖိုးထားတဲ့ လည်ဆွဲပတ္တမြားကိုတောင်းတယ် ။ နဂါးကလည်းမပေးချင်ဘူး ။ နောက်နေ့  ထပ်တောင်းတယ် နဂါးက မပေးပြန်ဘူး ။ နောက်နေ့ ကျတော့ ပေါ်မလာတော့ချေ ။ ဘာလို့ ဆို တောင်ရမ်းသူကို မုန်းသွားလေပြီ ။ ဒါကြောင့် တောင်းရမ်းခြင်းက အမုန်းပွားစေတယ်ဆိုတဲ့ အသိလေး ရခဲ့တယ် ။

နောက်ဥပမာတစ်ခုက တောင်းရမ်းခြင်း၌ ရှက်ကြောက်ခြင်းပေါ့ ။ တစ်ခါက ဘုရင်ကြီးတစ်ပါးတောကစားထွက်ရင်း တောထဲက ရသေ့ကြီးတစ်ပါးကို ကြည်ညိုစိတ်နဲ့ မင်းဥယျာဉ်ထဲကိုပင့်ပြီး ကိုးကွယ်တယ် ။ အရှင်ဘုရား အလိုရှိပါက မင်းစည်းစိမ်တောင် လှုဝံ့ပါတယ်လို့  လျှောက်ထားပေမဲ့ ရသေ့ကြီးကတော့ လိုအပ်တယ်လို့ တစ်ခါမျှမပြောခဲ့ဖူးချေ ။ သူလိုအပ်သည်က မြက်ဖိနပ်လေးတစ်ရံပါ ။ ဒါပေမဲ့ မြက်ဖိနပ်လေးတစ်ရံတောင်းဖို့ အတွက် တိုင်းပြည်အုပ်စိုးမင်းလုပ်နေတဲ့ သူအပေါ် အားနာခဲ့တယ် ။ ရှက်ရွံ့ခဲ့တယ် လိုအပ်တာကို မကြည့်ဘဲ ။ လိုအပ်တာ ပြောပါဆိုတဲ့ ဘုရင်ကြောင့် ရသေ့ကြီးနှုတ်ဆိတ်နေခဲ့ရတယ် ။ ဒီလိုနဲ့ လေးနှစ်လောက်အောင့်အည်းပြီးမှ မတတ်သာတဲ့အဆုံး ဘုရင်ဆီက မြက်ဖိနပ်လေးတစ်ရံ အလှုခံခဲ့ရတယ် ။ ဒီတော့မှ ဘုရင်က စိတ်မကောင်းဖြစ်ရတယ် ။ ဘာလို့ လဲ သူရဲ့အားနည်းချက်ကို သူမြင်သွားတယ် ။ ပေးဖို့ တွေးနေပေမဲ့ ဘာပေးရမလဲ သူမလေ့လာခဲ့ဘူး။ ရသေ့ကြီးခမျာလည်း တောင်းဖို့ တွေးပေမဲ့ နှုတ်မရဲခဲ့ဘူး ။ ဒါကြောင့် တောင်းရမ်းခြင်းဟာ အင်မတန်မှ ကြီးလေးတဲ့ အလုပ် ခက်ခဲတဲ့အလုပ်လို့  ယူဆမိတယ် ။ ဒါကြောင့် မိမိလည်း ကိုယ်တတ်သိနားလည်သလောက် ကိုယ့်လိုအပ်ချက်တွေကို ကိုဟ်တိုင်ရှာဖွေဖြည့်ဆည်းတယ် ။ သူများဆီက လက်မဖြန့် ရလေ မျက်နှာငယ်ရသက်သာလေပေါ့ဆိုတဲ့ အတွေးနဲ့ steemit မှာရုန်းကန်နေရသေးသည် ။ အပြစ်မမြင် ချစ်ခင်စေပါစေဟူ၍သာ ။

မိမိအား ချစ်သူ မုန်းသူ ထိုထိုလူ စိတ်၏ ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံကြပါစေ ။

MSC-181
Author @gunapeya

Sort:  

တောင်းရမ်းခြင်းနှင့်ရုန်းကန်ခြင်းမှာ ရုန်းကန်ခြင်းကပိုပြီး
အဓိပ္ပါယ်ရှိရှိဘဝဖြတ်သန်းခြင်းလို့ယူဆမိပါတယ်ဘုရား

ဟုတ်ပါ့ ဆရာကတော်ရေလရုနကန်ရတဲ့ ဘဝက ခက်ခဲပေမဲ့ လိပ်ပြာပိုသန့် ပါတယ်

ရုန်းကန်ခြင်းနဲ့ဘဝကိုအဓိပါယ်ရှိရှိဖြတ်သန်းရမှာလို့ထင်ပါသည်ဘုရား

ဘဝတစ်ခုရယ်လို့  ဖြစ်လာမှတော့ ရုန်းကန်ရင်း ကိုယ့်အတွက်ကျန်အောင် လုပ်ရမပေါ့

အရှင်ဘုရားတပည့်တော်မခြံကရင်ပြည်နယ်မှာရှိပါသည်ခြံသွားရင်းတပည့်တော်မဆရာတော်ဆီဝင်လည်ကန်တော့ချင်ပါသည်ဆက်သွယ်ရမဲ့ဖုးံနေရာပြောပြလို့ရရင်ပြောပြစေချင်ပါသည်အရှင်ဘုရား

ဦးဇင်းက အခုသီတဂူဗုဒ္ဓတက္ကသိုလ်မှာ သီတင်းသုံးနေတာပါ အရင်ကတော့ မော်လမြိုင်မြို့ ဆင်ဖြူကျောင်းတိုက်မှာ နေခဲ့ဖူးတော့ ဘားအံ့တို့  ဘာတို့ အလည်သွားဖြစ်တာပါ ကမာဝက်ကတော့ အမြဲ ဆီဆွမ်းခံ ဆန်ဆွမ်းခံတို့  ကြွဖြစ်ပါတယ် 09788777712 ပါ

moewai queenhtaw ပါအရှင်ဘုရား

ဒါကြောင့် အမြဲဆုတောင်းပါတယ် ဦးဇင်း ပေးရသောကိုယ်သာ ဖြစ်ရပါလို၏လို့

ပေးရတဲ့ အရသာက ယူရတဲ့ အရသာထက် ပိုပြီး တန်ဖိုးရှိတယ်

တောင်းရမ်းခြင်း တတ်​နိုင်​သမျှ ကင်း​အောင်းကြိုးစားရမှာဘဲ ဘုရား

ကိုယ်ထူကိုယ်ထပေါ့ ကိုကပဲ ပေးနိုင်အောင်ကြိုးစား

ဗဟုသုတရပါသည် ဘုရား

ကျေးဇူးပါ ဦးထွေးရေ အားပေးတာ

တောင်းရမ်းခြင်းအကြောင်းလေး တပည့်တော်ခေါင်းထဲရောက်လာပီဘုရား။
တွေးစရာတွေအတော်ပေါသားနော်။

အာ့ကြောင့် VOTE တောင် တောင်းရဲဘု ခ်ခ်

ပြည့်စုံခြင်းဆိုတာ စိတ်ခန္ဓာမှာပဲရှိတယ်၊ ရုပ်ခန္ဓာကတော့ အမြဲလိုအပ်နေတာပါပဲဘုရား။ စိတ်ကဘယ်လိုပဲမတောင့်တပေမယ့် ကျန်းမာရေးချို့ယွင်းလာရင် ဆေးဝါးလိုအပ်လာတဲ့သဘောပေါ့၊

ဟုတ်တယ် ဆရာရေ ရောင့်ရဲတင်းတိမ်ခြင်းဟာ ချမ်းသာခြင်းတစ်ခုလို့  ဘုရားရှင်ဟောထားခဲ့ပေမဲ့ ရောင်ရဲ့ခြင်းနဲ့အသားမကျသေးသမျှ လိုအပ်ခြင်းတွေနဲ့ သံသရာရှည်နေရဦးမယ် ထင်တယ်

Coin Marketplace

STEEM 0.25
TRX 0.11
JST 0.032
BTC 63478.09
ETH 3067.28
USDT 1.00
SBD 3.81