သြော်...ချစ်တာကိုးsteemCreated with Sketch.

in #myanmar5 years ago

ဒီနေ့ ရပ်ကွက်ထဲမှာ ရန်ပွဲတစ်ခုကြုံတွေလိုက်ရပါတယ်။လင်မယားရန်ပွဲဆိုရင်လည်း မမှားပါဘူး။ချစ်လို့ကြိုက်လို့ယူခဲ့ကြပေမယ့် စိတ်အခန့်မသင့်ရင် ရန်ဖြစ်ကြတာပေါ့။ဒါပေမယ့်လည်း ငါဟဲ့ယောက်ျားဆိုပြီး အားမာန်အပြည့်သွင်းပြီး လက်ရုံးအားကိုးအနိုင်ကျင့်တာကတော့ မျက်စိကိုတော်တော်စပါးမွှေးစူးပါတယ်။ မတရားတာကို မြင်နေပေမယ့်လည်း လင်မယားကြားဆိုတော့ ဝင်မပါရဲဘူး။ကြားသုံးကြားမဝင်နဲ့ဆိုတဲ့ ဆိုရိုးစကားလည်း ရှိသလို ဝင်ခဲ့မိတဲ့အတွက် အမုန်းပွားရတဲ့ သာဓကလည်းရှိခဲ့ပါတယ်။မတရားတာမြင်ရင် ဝင်ပါချင်တဲ့ ကျွန်မလည်းဆရာမောင်ထင်ရဲ့"ထားဝယ်လုံချည်"ဆိုတဲ့ ဝတ္ထုလေးကိုပြန်သတိရတာကြောင့် ဝင်မပါတော့ပါဘူး။ဝတ္ထုလေးကို အကြမ်းလေးဖော်ပြပေးပါမယ်။

တစ်ခါက မြင်းမွေးရင်းပန်းထိမ်လုပ်တဲ့ လင်မယားရှိပါတယ်။မိန်းမဖြစ်သူကတော့ ကွမ်းရွက်ရောင်းသူပါ။တစ်နေ့တော့ မိန်းမဖြစ်သူကဈေးရောင်းနောက်ကျပြီး အိမ်ကိုပြန်လာတာနောက်ကျခဲ့ပါတယ်။ထိုအခါမှာတော့ ယောက်ျားဖြစ်သူက ပြဿနာရှာပါရော။ပြောလည်းပြော မိန်းမကိုလည်းလက်ရုံးအားကိုးပြီး ရိုက်နှက်ပါရော။မိန်းမဖြစ်သူကလည်း အားအင်ရှိသမျှ ပြန်လည်တုံ့ပြန်ပေမယ့် အင်အားမမျှတာကြောင့် အလဲလဲအကွဲကွဲပါပဲ။ထိုအချိန်မှာပဲ ကိုဒေါင်းဆိုတဲ့လူက မနေနိုင်လို့ ယောက်ျားဖြစ်သူကို လက်စွဲတော်လေးခွနဲ့ ပစ်ပါရော။ယောက်ျားဖြစ်သူလည်း အိမ်ပေါ်ကိုတက်ပြေးပါတယ်။ကိုဒေါင်းကတော့ လေးခွနဲ့ပစ်နေချိန်မှာ ကိုဒေါင်းရဲ့လက်ကိုမြင်းပန်းထိမ်ရဲ့မိန်းမကဆွဲပြီး ဂတ်ကိုခေါ်သွားပါရော။သူ့ယောက်ျားကို လေးခွနဲ့ပစ်ပါတယ်ဆိုပြီး အမှုဖွင့်လို့ နောက်ဆုံးမှာ သူ့ရဲ့ထားဝယ်လုံချည်လေးကိုပေါင်ပြီး ငွေခြောက်ကျပ်နဲ့ အမှုကျေအေးပေးလိုက်ရပါတယ်။

ဒီဝတ္ထုလေးကိုဖတ်ပြီး မြင်းပန်းထိမ်မိန်းမကို တော်တော်ကြည့်မရဖြစ်ခဲ့ပါတယ်။ဒါပေမယ့်လည်း သေချာစဉ်းစားကြည့်တော့ "သြော် ...သူလည်း ချစ်လို့ပဲ"လေ ဆိုပြီး ဖြေသာလိုက်ပါတယ်။လူကြီးတွေပြောသလိုပါပဲ ကြားသုံးကြားမဝင်တာတော့ အကောင်းဆုံးပါပဲ။

Steemitမိသားစုဝင်များအားလုံးကို ကျေးဇူးအထူးတင်လျက်။

Steemit မိသားစုဝင်များအားလုံးစိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ။
Give my love to you all Steemians.
written by :@hnineikhaing
MSU NO-003
received_236425950252219.jpeg

#myanmar
#msu

Posted using Partiko Android

Sort:  

Congratulations! This post has been upvoted from the communal account, @minnowsupport, by hnineikhaing from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.


ပိုစ့်ရွေးချယ်ပေးသူများ၏ Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @C-Squared အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the Curation Collective Discord community for curators, and upvoted and resteemed by the @c-squared community account after manual review.
@c-squared runs a community witness. Please consider using one of your witness votes on us here

Coin Marketplace

STEEM 0.25
TRX 0.11
JST 0.032
BTC 62837.82
ETH 3037.45
USDT 1.00
SBD 3.80