အိုလီဗီယာ ( အပိုင်း ၆)

in #myanmar6 years ago (edited)

အိမ်ပြောင်းရွှေ့ဖို့အတွက် သိပ်စိတ်မပါလှသော အဖွားအိမ်သို့ အိုလီဗီယာ တို့အဖွဲ့ ရောက်ခဲ့ချေပြီ။
(အပိုင်း ၅ တွင် ကျွန်ုပ်ရေးသားထားသည့်အတိုင်း အိုလီဗီယာမှာ အလုပ်နောက်ကျမည်စိုးသဖြင့် ညအိပ်ဝတ်စုံနှင့်ဖြစ်သည်။)
အဖွားဖြစ်သူမှာ ညအိပ်ဝတ်စုံကြီးနှင့် သူ့ဆီရောက်လာသော အိုလီဗီယာ ကိုကြည့်ကာ စိတ်ဝင်စားသွားသည်။

''သမီး ဒီနေ့ ယူနီဖောင်းလဲဝတ်မလာပါလား ဘာဖြစ်လို့လဲဟင်''

''ကျွန်မရဲ့ ညဝတ်အင်္ကျီကြောင့် စိတ်အနှောင့်အယှက်ဖြစ်သွားရင် တောင်းပန်ပါတယ်နော်အဘွား''

''စိတ်အနှောင့်အယှက်မဖြစ်ပါဘူး၊
အဘွားက သဘောကျလို့ မေးတာပါ၊
အဘွားလည်း ညဝတ်အင်္ကျီနဲ့ အပြင်သွားရတာ ကြိုက်တယ်လေ။
အရမ်းသက်သောင့်သက်သာရှိတာ ညဝတ်အင်္ကျီက......
.......''

အဘွားမှာ ညဝတ်အင်္ကျီနှင့် ပတ်သက်၍ စကားတွေ ရွှန်းရွှန်းဝေအောင် တတွက်တွက်ပြောနေပါတော့သည်။ အိမ်ပြောင်းရမည့်ကိစ္စကိုပင် မေ့နေချေပီတကား။

ဒီလိုနဲ့ ညဝတ်အင်္ကျီကျေးဇူးကြောင့်
အဘွားနှင့် အိုလီဗီယာတို့ familiar ဖြစ်သွားကြသည်။


Image Source>https://goo.gl/images/nUgkyL

အိုလီဗီယာတို့ကားလေးမှာ ပြောင်းရွှေ့ရမယ့် အိမ်ယာသို့ရောက်သောအခါ တိခနဲရပ်သွားသည်။
အဘွားနဲ့အိုလီဗီယာတို့ တစ်ဦးနှင့်တစ်ဦးလက်တွဲကာ ကားပေါ်မှဆင်းလာကြသည်။ စကားတပြောပြောဖြင့် လမ်းလျှောက်လာရင်း
အိမ်ခန်းအသစ်ဆီရောက်လာသည်။
အိုလီဗီယာက အခန်း သော့ကိုဖွင့်လိုက်ကာ...

''ဒါ အဘွားနေရမယ့် တိုက်ခန်းအသစ်လေ''

အဘွားမှာ တိုက်ခန်းအသစ်မှာ နေထိုင်ရမယ့်အရေး ပြန်လည်သတိရမိသွားကာ မျက်နှာညိုးကျသွားသည်။
အဘွားမျက်နှာတွင် စိတ်ညစ်သောအရိပ်အယောင်များကို အိုလီဗီယာ တွေ့လိုက်ရသည်။

''ဘာမှ စိတ်ဓာတ်မကျနဲ့နော်အဘွား၊
ကျွန်မက နယူးယောက်မြို့က interior design တစ်ယောက်ပါအဘွား၊
အဘွားအခန်းကိုလေ ကျွန်မတက်ထားတဲ့ ဒီဇိုင်းနာပညာနဲ့ အလှဆုံးဖြစ်အောင် ပြင်ပေးပါ့မယ်''

အဘွားမှာ စကားပင်ပြန်မပြော ခေါင်းသာတစ်ချက်ညိမ့်ပြသည်။

Image Source> https://goo.gl/images/vtDRiH

အိုလီဗီယာက အခန်းအနေအထားကို တစ်ချက်ကြည့်လိုက်သည်။
ဦးနှောက်ထဲတွင် ကျောင်းမှာသင်ခဲ့ရသော သင်ခန်းစာများကို ပြန်လည်တွေးတောနေသည်။ ဘယ်လို အခန်းဆို ဘယ်လိုဒီဇိုင်း ဘယ်လိုကာလာ စသဖြင့် တွေးတောနေသည်။
ဦးနှောက်ထဲတွင် ပုံစံဖော်၍ ပြီးချေပြီ။
အဘွားကိုရှင်းပြရန်သာ ကျန်တော့သည်။

''အဘွား အခန်းမှာဆိုရင် ဒီပြတင်းပေါက်က အဓိကပဲအဘွား။
လိုက်ကာလှလှလေးသာတပ်လိုက်မယ်ဆို နေချင်စဖွယ်အခန်းလေးဖြစ်သွားမှာ''

''အဘွားအတွက် လိုက်ကာ လှတာ ၊ မလှတာ အရေးမကြီးဘူး သမီး''

'' ဟုတ်
အဘွားအိပ်တဲ့ကုတင်ကို ဒီနားလေးမှာ ထားလိုက်မယ်နော်၊
ဒါဆို မနက်ခင်းရဲ့ အလင်းရောင်က အဘွားမျက်နှာပေါ်မှာ ဖြာကျမယ်....''

''ဒါလည်း အရေးမကြီးဘူးသမီး''

''နောက်တစ်ခုက အဘွားရဲ့ပက်လက်ကုလားထိုင်ကို ဒီနားလေးမှာ ထားလိုက်မယ်။ ဒါဆို အပြင်ကရူခင်းတွေမြင်ရမယ်၊ လေကောင်းလေသန့်ရမယ်''

''ဒါလည်း အရေးမကြီးဘူး သမီး''

အိုလီဗီယာက တက်တက်ကြွကြွ ရှင်းပြနေသလောက်
အဘွားဖြစ်သူမှာ
''အရေးမကြီးဘူး '' ဟု တွင်တွင်ငြင်းနေသောအခါ အိုလီဗီယာ သိပ်စိတ်မရှည်ချင်တော့ပါ။

''ဒါဆို အဘွားအတွက် အရေးကြီးတာက ဘာများလဲရှင့်?''

ဆက်ရန်.......
Writer,
@honeysara
MSC 040

Sort:  

ဒါဆို အဘွားအတွက် အရေးကြီးတာက ဘာများလဲ?နောက်တစ်ပိုင်းမှာသိရမှာပေါ့။မြန်မြန်ဆက်ပါဗျို့ အရေးထဲစနေကခံသွားသေးတယ် ဟိဟိ။

Hello
How are you @launglilawangsa?

My good news is so with you @honeysara best regards at steemians

အဘွားအတွက်အရေကြီးတာ
အဘိုး 😁

အူးထွေးကတော့ နောက်ပီ 😂

အပိုင်း ၆ ​တောင်​​ရောက်​သွားပြီပဲဗျ ..လွတ်​သွားတဲ့ အရင်​ပိုင်း​လေး​တွေ ပြန်​ဖတ်​အုံးမယ်​ အစ်​မ​ရေ ..

ကျေးဇူးပါ 😁

ဒီ​လောက်​ရှင်းပြ​နေတာကို အ​ရေးမကြီးဘူးဆို​တော့ အဘွားရယ်

လူကြီးတွေက အဲ့လိုပဲ😁

အဲ့ဒီဘာလဲ ကို နောက်တပတ် ကျရင် သိရမှာပေါ့ နော်

yes mamamyanmar.

အဘွားအတွက် အရေးကြီးတာ ဘာဖြစ်မလဲဆိုတာ သိချင်မိ

နောက်တစ်ပိုင်းကျ သိရပီ

အသက်ကြီးလာတော့..အာရုံတွေပြန်လွင့်လာတက်တဲ့အဖွားအိုလေးတွေလည်း..သနားပါ့နော်

ဇရာပေါ့ ...

You got a 3.09% upvote from @brupvoter courtesy of @honeysara!

တစ်ခါတင်ရင်နည်းနည်းလေးများများတင်ပါဗျာ

ဒါတောင် မနည်းဖြစ်ညှစ်ရေးထားရတာပါဂျာ
😢

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 63869.25
ETH 3055.04
USDT 1.00
SBD 3.88