''Bitcoin မျိုးနွယ်စုများ''

in #myanmar6 years ago

မင်္ဂလာပါ။
Bitcoin မျိုးနွယ်စုများလို့ ခေါင်းစဉ်ပေးထားတော့ အထူးအဆန်းဖြစ်နေမယ်ထင်ပါတယ်။ အမှန်ကတော့ Bitcoin Cash, Bitcoin Gold, Bitcoin Diamond နဲ့ Bitcoin Private တို့အကြောင်းပဲဖြစ်ပါတယ်။
အရေးအကြီးဆုံးအချက်ကတော့ သူတို့က Bitcoin နဲ့ နာမည်ဆင်တူပေမယ့်လို့ Bitcoin မဟုတ်ပါဘူး။
ဒီကွိုင်တွေကို Developer တွေက
Crypto လောကရဲ့ နံပါတ် ၁ နေရာကို တစ်ဦးတည်းမူပိုင်ယူထားတဲ့ Bitcoin ကိုစံထားပြီး ပိုမိုကောင်းမွန်တဲ့ ဒီဇိုင်းတွေနဲ့ အသစ်ထပ်မံထုတ်လုပ်ထားခြင်းဖြစ်ပါတယ်။
ကွိုင်တစ်ခုချင်းဆီကို သွားကြည့်ရအောင်နော်!
123-1.jpg
Image Source>https://goo.gl/images/1kRGSv

Bitcoin Cash
အတိုကောက်ကတော့ BCH ပေါ့။
(Price per coin = $ 697.32)
သူက Bitcoin ထက် block size ပိုကြီးတယ်။
ဆိုလိုတာက bitcoin ထက် စွမ်းဆောင်နိုင်ရည် ပိုများတယ်။
transfer fee ပိုသက်သာမယ်၊ transfer time ပိုမြန်မယ်။
ပျမ်းမျှ bitcoin fee က 0.15USD ကုန်ပေမယ့်လို့ BCH က fee 0.002USD သာ ကျသင့်မယ်။
BCH က ၂၀၁၇ သြဂုတ်လ ၁ ရက်နေ့မှာ စတင်ထွက်ပေါ်ခဲ့တယ်။ ယခု ဒီစာရေးနေတဲ့အချိန်မှာဆိုရင် BCH ဟာ market ရဲ့ နံပါတ် ၄ နေရာမှာ ရပ်တည်နေပါတယ်။
(နံပါတ် ၁= Bitcoin,
နံပါတ် ၂= Ethereum
နံပါတ် ၃= Ripple)
BCH အကြောင်းအသေးစိတ်ကို အောက်ပါ link မှတဆင့်
သွားရောက်လေ့လာနိုင်ပါသည်။
https://www.bitcoincash.org/

Bitcoin-Gold-Team-Responds-to-Recent-Double-Spend-Attack-696x449.jpg
Image Source> https://goo.gl/images/jvRgZ8

Bitcoin Gold
အတိုကောက်စာလုံး BTG.
(Price per coin = $ 24.24)
Bitcoin လိုမျိုး မိုင်းတူးပြီး ရှာနိုင်ပါတယ်။
တချို့သူတွေအတွက်တော့ စက်ကြီးတွေနဲ့ မိုင်းတူးရှာဖို့ အနည်းငယ် အခက်တွေ့နိုင်ပါတယ်။
ဘာလို့လဲဆိုတော့ Asics (Application-specific-integrated-circuits) ရှိမှ မိုင်းတူးယူနိုင်လို့ပါတဲ့။
BTG ကို နိုဝင်ဘာ ၁၂ရက်နေ့, ၂၀၁၇ မှာ စတင်ခဲ့ပေမယ့်
ယနေ့မှာတော့ အတော်အသင့် တန်ဖိုးရှိတဲ့ ကွိုင်တစ်မျိုးဖြစ်နေပါပြီ။
ယခုလက်ရှိ market ရဲ့ နံပါတ် ၂၉ နေရာမှာရပ်တည်နေပါတယ်။
Official Website ကတော့
https://bitcoingold.org/
ဖြစ်ပါတယ် ။

bitcoin-diamond.jpg
Image Source> https://goo.gl/images/SKhi6u

Bitcoin Diamond
အတိုကောက်စာလုံး BCD.
(Price per coin = $ 1.82)
နိုဝင်ဘာ ၂၄, ၂၀၁၇ မှာစတင်ခဲ့ပြီး market ရဲ့ နံပါတ် ၄၁ နေရာမှာပဲ ရပ်တည်နိုင်ပါသေးတယ်။
သူ့ရဲ့ website ကတော့
http://www.btcd.io/#/
ဖြစ်ပါတယ် ။

Bitcoin-private-800x485.jpg
Image Source> https://goo.gl/images/dUHFqH

Private Bitcoin
အတိုကောက်စာလုံး BTCP.
(Price per coin = $ 5.00)
ဖေဖော်ဝါရီ ၂၈, ၂၀၁၈ မှာစတင်ခဲ့ပြီး market ရဲ့ နံပါတ် ၇၄ နေရာမှာ ရပ်တည်နေဆဲ ဖြစ်ပါတယ်။
website name ကတော့
https://btcprivate.org
ဖြစ်ပါတယ်။

နိဂုံးချုပ် ရမယ်ဆိုရင်.....
ကျမက Cryptocurrency နဲ့ ပတ်သတ်လို့် ကျွမ်းကျင်သူတစ်ယောက်မဟုတ်ပါ။
အထက်ပါ အကြောင်းအရာများ အားလုံး ဘာသာပြန်ဆိုထားခြင်းသာဖြစ်ပါသည်။

အောက်ပါ link မှတစ်ဆင့်
မူရင်း post ကို သွားရောက် ဖတ်ရှူနိုင်ပါသည်။
https://steemit.com/cryptocurrency/@muratkbesiroglu/bitcoin-vs-bitcoin-cash-vs-bitcoin-gold-vs-bitcoin-diamond-vs-bitcoin-private-englishturkish

Thank You all.
Translated By,
@honeysara
MSC- 040.

Sort:  

ဘာသာပြန်ဆိုပေးတော့ E အားနည်းသူတွေအတွက် အထောက်အကူအများကြီးပေးပါတယ် ညီမရေ ဗဟုသုတလည်း ရလိုက်ပါတယ်

ဟုတ်ကဲ့ မမ

bitcoin လိုကြားတာနဲ့ ရင်နည်းနည်းခုန်ချင်တယ်

အယ်လယ့်

coin တွေကတော့ အများကြီးရှိတာသိပါတယ် steem တို့  sbd တို့ ကရော coin မျိုးနွယ် ဝင်တေလားဆိုတာ သိချင်တယ်

Steem တို့ Sbd တို့ကလည်း crypto currency coin တွေပါပဲဘုရား။

ကျွန်​​တော်​တို့အတွက်ကွက်​တိ eလိုအားနည်း​တော့​လေ

ဟု ဟု

ဘား ဖြစ့်ဖြစ် ဈေးတက်ရင် ပျော်ပီ

Cheer 😁😁

@honeysara, you are interesting to read!

အတော်အကျိုးရှိတဲ့ post ဖြစ်ပါတယ်ဗျာ

ကျေးဇူးပါ ကိုစော😁

Congratulations @honeysara! You have completed the following achievement on Steemit and have been rewarded with new badge(s) :

Award for the number of upvotes

Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word STOP

Do you like SteemitBoard's project? Then Vote for its witness and get one more award!

ဆက်လက်တင်ပေးနိုင်ပါစေ

Coin Marketplace

STEEM 0.36
TRX 0.12
JST 0.039
BTC 69965.85
ETH 3540.49
USDT 1.00
SBD 4.71