ရှောင်လွှဲ၍ မရသော

in #myanmar6 years ago (edited)

သေခြင်းတရားဆိုတာ လူတိုင်းတွေ့ကြုံရမယ့်အရာ ဖြစ်ပါတယ် ။
ဘယ်သူမှရှောင်လွှဲလို့လဲ မရပါဘူးခင်ဗျ။
အပေါ်ကို ခဲလုံးမြှောက်လိုက်ရင် ပြန်ကျလာသလိုပါပဲ
မွေးဖွားလာပီးရင် သေရပါတယ်။
မြေကြီးကို လက်နဲ့ပုတ်ရင် လွဲနိုင်ပေမယ့် သေမင်းလက်ကတော့ ဘယ်သူမှ ရှောင်လွဲလို့မရနိုင်ပါဘူးခင်ဗျ။
ကိုယ့်ရှေ့မှာလည်း လူပေါင်းများစွာ သေခဲ့ပီးပီ မဟုတ်ပါလားဗျာ။
သို့ပေမယ့်လည်း လူအများစုဟာ သေခြင်းတရားကို မေ့လျော့နေခဲ့ကြပါတယ်။
နေ့မှရက်၊ ရက်မှလ၊ လမှနှစ်.......
ဒီလိုနဲ့ နှစ်တွေအလီလီပြောင်းသွားပြီး ဘဝတစ်ပါးကို ကူးပြောင်းသွားကြတဲ့ လူအယောက်တစ်သိန်းမှာ လူဘယ်နှစ်ယောက်ကများ သေခြင်းတရားကို ဆင်ခြင်ခဲ့ကြပါသလဲ???

image

လူတိုင်းမှာ အခက်အခဲ ကိုယ်စီရှိကြပါတယ်။
ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက်တော့ မတူကြဘူးပေါ့။
တစ်ချို့က ရွှေ ငွေ စည်းစိမ် အပြည့်ပဲ....ဒါပေမယ့် မေတ္တာငတ်ကြတယ်။
တစ်ချို့ကတော့ တဲဂုတ်လေးမှာ သားတွေ သမီးတွေ ချစ်ခြင်းမေတ္တာအပြည့်နဲ့.....ငွေကြေးကတော့ ရှားပါးကြတယ်။
တစ်ချို့ကတော့ အလယ်အလတ် လို့ပဲပြောရမလား?
မဆင်းရဲဘူး မချမ်းသာဘူး..... အနေတော်ပဲ....ဒါပေမယ့် သူတို့ကျပြန်တော့ ဂုဏ် လိုကြပြန်တယ်။

ဆင်းရဲပေမယ့် ရုပ်ချော............
ချမ်းသာပေမယ့် ပညာမတတ်.....
စသဖြင့်......

Nobody is Perfect.
ပြည့်စုံတဲ့သူရယ်တော့ မရှိပေဘူးပေါ့။
အကုန်လုံးက လိုအပ်ချက်တွေ ကိုယ်စီနဲ့ပါပဲ။

အားလုံးဟာ တစ်နေ့တော့ သေလမ်းကို မဖြစ်မနေ သွားကြရမှာပါ။ သေမင်းခေါ်ဆောင်ရာနောက်ကို လူတိုင်းလိုက်ပါရပေမယ့်လည်း ဘယ်လိုနည်းနဲ့သေမလဲ ( How to die?)
ဒီအချက်က စဉ်းစားစရာပါ။
ဗုဒ္ဓဘာသာ စာပေတွေထဲမှာ ကျနော် ဖတ်ဖူးတာလေးတစ်ခုကို ပြန် share ပါရစေ။
အဲဒါကတော့ ''သေခြင်းတရား လေးမျိုး'' အကြောင်းပါ။

၁။ အာယုက္ခသ = သက်တမ်းကုန်၍ သေရခြင်း။
၂။ ကမ္မက္ခယ = ကံကုန်၍ သေရခြင်း။
၃။ ဥဘယက္ခယ = သက်တမ်းရော, ကံရော ကုန်၍ သေရခြင်း။
၎။ ဥပစ္ဆေဒက = ကပ်၍ ဖြတ်တတ်သောကံကြောင့် သေရခြင်း။

ပါဠိလိုတွေရေးထားတော့ ရှုပ်သွားပြီလားဗျ 😁😁
ထိုစာအုပ်လေးထဲမှာ မြင်လွယ်ထင်လွယ်စေဖို့အတွက် လူ့ခန္ဓာကိုယ်ကို ဆီမီးခွက်လေးနဲ့ ဥပမာ ပေးပြီး ရေးထားပါသေးတယ်။

image
Image Credit> The Independent

၁။ မီးစာကုန်၍ မီးငြိမ်းခြင်း။
၂။ ဆီကုန်၍ မီးငြိမ်းခြင်း။
၃။ မီးစာရော ဆီရော နှစ်ခုလုံးကုန်၍ မီးငြိမ်းခြင်း။
၎။ လေတိုက်ခြင်း (သို့မဟုတ်) တစ်စုံတစ်ခုသော အကြောင်းကြောင့် မီးငြိမ်းသွားရခြင်း။

ကဲ.... ဆီမီးခွက်လေးနဲ့ ရှင်းပြထားတော့ မြင်သာ ထင်သာရှိသွားတာပေါ့ ။ နော့လေ 😁

ဤမျှနှင့် ရပ်နားပါရစေခင်ဗျ။
ကျေးဇူးပါ။

Thank you.
@honeysara
MSC 040

Reference > အရှင်ဥတ္တမ(သစ္စာရွှေစည်) ရေးသားသော
" ရှောင်လွှဲ၍ မရသောအရာ''

Sort:  

ပြေးမလွတ်နိုင်ဘူး။ဘယ်လိုမှပြေးလို့မလွတ်ဘူး။သမင်းကတော့လာမှာပဲ။ပုန်းနေရင်လဲတွေ့မှာပဲ။စောသေချင်လဲမရ။နောက်ကျမှသေချင်လို့လဲမရ။မိမိသီလကောင်းခဲ့သလောက်သာနေရပေမည်။အရမ်းကောင်းမက်မက်ကိုရီးယားရေ။

ဟုတ်ကဲ့ ကျေးဇူးပါ ။

မည်​သူမှ ​ရှောင်​လွှဲမရ​သောအရာကို ရင်​ဆိုင်​ဖို့ကြိုတင်​ပြင်​ဆင်ထားပါ့မယ်​ အစ်​မ​ရေ ..

ဟုတ်ကဲ့။

တစ်​​နေ့​တော့ လူတိုင်း​သေရမှာပါ အမ😊

ဒါပေါ့ 😁

သေချင်းတရားမှာ အဆင့်အတန်းဆိုတာ မရှိဘူး

ဟုတ်တယ်နော်၊ အားလုံးတန်းတူပဲ။

သေချင်းတရားကိုတော့မလွန်ဆန်နိုင်ပါဘူး

ဟုတ်တာပေါ့

တန်ဖိုးမဖြတ်နိုင်သောစကားတွေဖြစ်ပါတယ်။

ဟုတ်ကဲ့ အန်တီ။
ကျေးဇူးပါရှင့်။

ဒီစကားလုံးလေးတွေနဲ့အတူ လူတိုင်းကိုယ်စီသတိလေးထားနိုင်ကြပါစေ

👍👍👍

ခဏလေးတွေးရင်
ခဏလေးငေးရင်
ခဏလေးပါ

ကြားဖူးနေသလိုပဲ 😜

ဖူး ဆို မှုတ်လိုက်၍ မီးငြိမ်းခြင်း

လူငယ်တွေ မှတ်သားဖို့ရာ မမမြန်မာရဲ့ ဆုံးမစကား😂

Coin Marketplace

STEEM 0.25
TRX 0.11
JST 0.032
BTC 62432.37
ETH 3003.22
USDT 1.00
SBD 3.78