နေရောင်ခြည်နွေးနွေး(အပိုင်း ၂)

in #myanmar6 years ago (edited)

နေရောင်ခြည်အထိမခံနိုင်တဲ့ ရောဂါကြောင့် နေ့ခင်းဘက်တွေအပြင်ထွက်ခွင့်မရတဲ့ကျွန်မကို ရွယ်တူတွေက ဝေးဝေးကရှောင်ကြတယ် ''မော်ဂန်'' ကလွဲလို့ပေါ့။
''မော်ဂန်'' ဆိုတာ ကျွန်မရဲ့ တစ်ဦးတည်းသော သူငယ်ချင်းကောင်မလေးတစ်ယောက်ပါ။
မျက်မှန်လေးနဲ့ သွက်သွက်လက်လက်နေတက်တဲ့ ချစ်စရာ သူငယ်ချင်းမလေးလေ။ ''မော်ဂန်'' က နေ့ခင်းဘက်ကျောင်းတက်ပြီး ညဘက်ဆို ကျွန်မတို့အိမ်မှာ ကျွန်မနဲ့အတူတူ လာ ကစားတယ်လေ။ ''မော်ဂန်'' ကျောင်းတက်နေတဲ့အချိန်တွေဆို ကျွန်မသိပ်ပျင်းတာပဲ။ ကျောင်းပိတ်ရက်မြန်မြန်ရောက်ချင်တယ်။ ကျောင်းပိတ်ရက်တွေဆို ''မော်ဂန်''နဲ့ တနေကုန် တနေခမ်း ကစားရလို့လေ။
ဖေဖေရယ်၊ မော်ဂန်ရယ်၊ ကျွန်မရယ် မီးဖိုချောင်ထဲဝင်ပြီး
စားဖိုမှူးဝတ်စုံလေးတွေဝတ်ပြီး ဟင်းအတူတူချက်ကြတယ်၊
ခါတိုင်းတိတ်ဆိတ်နေတဲ့ ကျွန်မအခန်းလေးက ''မော်ဂန်'' ရောက်လာရင် ရယ်သံလေးတွေ လွှမ်းခြုံသွားလေ့ရှိတယ်။
ဘာမှထပ်မလိုတော့ပါဘူး ကျွန်မဘဝက....
ဖေဖေနဲ့ မော်ဂန်ရှိရင် ပြည့်စုံပြီ။

D84_73_338_0004_600.jpg
Image Source> https://goo.gl/images/J9HDtX

ဒါပေမယ့် တစ်နေ့မှာပေါ့......
ပြတင်းပေါက်ကနေ အိမ်ရှေ့ကိုငေးတုန်း....
မျက်လုံးထဲကို ပုံရိပ်လေးတစ်ခု တိုးဝင်လာတယ်။
စကိတ်လေးစီးနေတဲ့ ကောင်လေးတစ်ယောက်။
သူစကိတ်စီးနေပုံက တစ်မျိုးလေး ချစ်စရာကောင်းနေတယ် ။
ငေးကောင်းကောင်းနဲ့ငေးနေတုန်း အိမ်ရှေ့ကသစ်ပင်နဲ့ ကွယ်ပြီး စကတ်စီးနေတဲ့ပုံရိပ်လေးပျောက်သွားတယ်။
အဲ့ဒီ သစ်ပင်ကို စိတ်တိုတိုနဲ့ ဆဲပစ်လိုက်တယ်
''သစ်ပင်အစုတ်ပလုတ်'' လို့။

နောက်တစ်နေ့မနက်မှာလည်း.....
စကိတ်လေးနဲ့ကောင်လေး အိမ်ရှေ့ကဖြတ်မလားလို့ မျှော်နေမိတယ်။ မျှော်နေတုန်း ကိုယ်တော်ချောက မျက်စိရှေ့ပေါ်လာတော့
ရင်တောင်ခုန်သွားတယ်။ ကျွန်မကသာ ပြတင်းပေါက်ကနေချောင်းကြည့်နေရတာ သူကတော့ သိမယ်မထင်ပါဘူး။ သူ့ကိုငေးကြည့်နေရတဲ့ အခိုက်အတန့်လေးဟာ တကယ့်ကို
ခဏလေးပါ။ အိမ်ရှေ့က သစ်ပင်က ကွယ်,ကွယ် သွားလို့လေ။
''သစ်ပင် အစုတ်ပလုတ်'' ။
Cypress%20in%20front%20of%20house.jpg
Image Source> https://goo.gl/images/r5vhC3

ရင်ခုန်သံတွေကို ထိန်းချုပ်မရတဲ့အဆုံး သူငယ်ချင်းမလေး မော်ဂန် ကို ရင်ဖွင့်မိတယ်လေ။ မော်ဂန် ကလည်း စိတ်ဝင်တစားနဲ့
ကျွန်မနဲ့အတူတူ ပြတင်းပေါက်ကနေ ချောင်းကြည့်ဖို့ ကောင်လေးအလာကို စောင့်နေကြတာပေါ့။
စကိတ်လေးနဲ့ကောင်လေးကိုမြင်တော့........
''ဟာ... သူက ငါ့တို့ကျောင်းကလေ၊ ရေကူးချန်ပီယံတစ်
ယောက်ပေါ့ ၊ သူ့နာမည်က ''ချာလီ ရိဒ်'' တဲ့ ၊ ကျောင်းက ကောင်မလေးတွေအများစုကတော့ သူ့ကိုကြိုက်ကြတယ်''

''အော်....သူ့နာမည်က ''ချာလီ'' ကိုး ''

'' နင် စိတ်ဝင်စားရင် ငါမိတ်ဆက်ပေးမယ်လေ''

''တော်ပါပြီဟာ။
ငါ့လိုရောဂါသည်တစ်ယောက်ကို ဘယ်သူကကြိုက်မှာလဲ?
ဒီတိုင်း ငေးကြည့်ရရုံလေးတင် ကျေနပ်ပါတယ်ဟာ''

အပိုင်း( ၃) ဆက်ရန်......

Writer,
@honeysara
MSC 004
(ယခုရေးသားထားသော ''နေရောင်ခြည်နွေးနွေး'' အခန်းဆက်
ရသစာပေဝတ္ထုအမျိုးအစားမှာ ''Midnight Sun '' ဟူသော နိုင်ငံခြား ဇာတ်ကားကောင်းတစ်ကား၏ ဇာတ်လမ်းကျောရိုးကို အခြေခံ၍ ကိုယ်တိုင်စိတ်ကူးပုံဖော်၍ ပြန်လည်ရေးသားထားခြင်း ဖြစ်ပါသည်။)

Sort:  

အရမ်းစိတ်ဝင်စားမိပါတယ် သမီး

ကျေးဇူးပါ အန်တီ

သစ်ပင်ကို ပြောဆိုနေ သစ်ပင်လေးတော့ သေတော့မှာပဲ

Crush လေးကိုငေးနေပါတယ်ဆို...သစ်ပင်ကတစ်မှောင့် 😂

ချာလီ

Thanks 😃

စိတ်ဝင်စားစရာပဲ မက်မက်ကိုရီးယား။အပိုင်းသုံးမျှော်နေမယ်ဗျာ။

ကျေးကျေးနော် 😁

ဟုဟူ လာလည်သွားပါတယ် 😁

လာလည်ပေးလို့ကျေးဇူးပါ...
😂😂😂pro တင်တဲ့ လူ ၆ ယောက် ကြီးးများတောင်😁

မန့်သွားသည့် ပေါ့

Mamamyanmar မန့်သာ မန့်။
အားမနာနဲ့နော် 😂

အရွယ်တူကလေးလေးတွေ ပြေးလွှားဆော့ကစားနေတဲ့အချိန်မှာ ရောဂါဝေဒနာခံစားနေရတဲ့ ကလေးတွေက တန်းတူ မကစားနိုင်ကျဘူး သနားဖို့ အရမ်း ကောင်းပါတယ်

Hi there! I just upvoted you, I am a semibot that sometimes vote on great content or sometimes just Create useful content. I am helping @cheetah , @FollowForUpvotes , @minnowSupport , @steemgigs , @dropahead #bots and other users right now for making the steem more helpful to new users. Contact me if you want me to follow on your content or comments. If you have any query then please contact me. You can always send me SP or SBD so i can keep helping you indirectly by helping these awesome bots.



Do not forget to Follow @jeevanot, I actually create content as HUMAN. />

သစ်ပင်လေးသနားပါတယ်

ရောဂါသည်​လည်း အားငယ်​ပါနဲ့လို့

ဟုတ်..ပြောလိုက်မယ်😁

Congratulations @honeysara! You have received a personal award!

SteemitBoard World Cup Contest
Click on the badge to view your Board of Honor.

Do not miss the last post from @steemitboard:
SteemitBoard World Cup Contest - The results, the winners and the prizes

Do you like SteemitBoard's project? Then Vote for its witness and get one more award!

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 63994.25
ETH 3062.19
USDT 1.00
SBD 3.94