မုန်းချင်လည်း မုန်းကြပါစေတော့(အပိုင်း ၂)

in #myanmar5 years ago

အမွှာနှစ်ယောက်ထဲက အကြီးမက ကျောင်းဆက်မတက်ဘဲ
စတိုးဆိုင်မှာအလုပ်ဝင်လုပ်ပါတယ်။
စတိုးဆိုင်ကိုလာနေကြ
အလုပ်မရှိ အကိုင်မရှိ ကောင်လေးတယောက်နဲ့မေတ္တာမျှပြီး
အိမ်ထောင်ကြသွားပါတော့တယ်။ အိမ်ထောင်ကျပြီးနောက်ပိုင်း
ကောင်လေးရဲ့ အိမ်မှာလိုက်နေရင်း ကောင်လေးရဲ့မိသားစုကို သူပဲရှာဖွေကျွေးမွေးရတာပါ။ အလုပ်လုပ်ပြီးရှာကျွေးရလို့ အိမ်အလုပ်တွေမလုပ်ရဘူးမထင်ပါနဲ့။ သူပဲအကုန်လုပ်ရတာပါ။ အဲ့ဒါတင်ပဲလားဆိုတော့မဟုတ်သေးဘူး။ အိမ်နီးချင်းရဲ့ ကလေးကိုလည်းကူထိန်းပေးတယ်။ တိုက်ခန်းကလူတွေရဲ့မီတာလည်း သူပဲသွားဆောင်ပေးတယ်။ တိုက်ခန်းအတွက်သီးသန့်ထားပေးတဲ့အမှိုက်ပုံကိုလည်း သူပဲရှင်းပေးတယ်။ အမှိုက်ရှင်းဖို့အတွက်လစာရထားတဲ့ဝန်ထမ်းကတော့ ပက်လက်ကုလားထိုင်မှာအေးဆေးထိုင်နေတယ်။
သူသဘောကောင်းတာ နည်းနည်းလွန်ပြီထင်ပါတယ်နော်။
image.png
Image Source> Pexels

အိမ်ထောင်ကျပြီးသူက စတိုးဆိုင်မှာဆက်မလုပ်တော့ဘူး။
(ချစ်စရာကောင်းတဲ့ သမီးလေးတစ်ယောက်ကိုလည်း ပိုင်ဆိုင်လိုက်ရတယ်။ သူ့သမီး လေးက အဖေနဲ့သွားတူလို့ သူ့လိုမအဘူး😁)
အလုပ်ပြောင်းလိုက်တယ်။ ပညာတပိုင်းတစနဲ့ဆိုတော့
ရရာအချိန်ပိုင်းအလုပ်ကို ဝင်လုပ်ပုံရပါတယ်။
ဇာတ်ကားထဲမှာသေချာပြမထားတော့ ကိုယ့်ဘာသာဖြည့်တွေးရတာပေါ့😁။
သူပန်းရံအလုပ်လုပ်တယ်။
လုပ်ငန်းခွင်မှာ
လုပ်ဖော်ကိုင်ဖက်တယောက်လောက်သူ့ရှေ့မှာ ခေါင်းမူးသလိုလို ဖျားချင်သလိုလိုဖြစ်ကြည့်ပါလား သူပဲ ငွေအကုန်ပြီးဆေးဝယ်တိုက်တာပါဆို။
''အမကြီးနှုတ်ခမ်းတွေခြောက်နေပြီ၊ ဒီအားဆေးလေးသောက်လိုက်နော်''
အဲ့လိုမျိုးစေတနာတွေထားတာ။
နောက်ပြီး လုပ်ခလစာကိုလည်း တစ်လစာ တစ်လမထုတ်ဘူးသူက၊ သုံးမိမှာစိုးလို့ အလုပ်သမားခေါင်းဆောင်ဆီမှာ အပ်ထားတာ
(အံ့သြပါ့😁)။ စာဖတ်သူတို့ ထင်တဲ့အတိုင်းပဲ
တစ်နှစ်ပြည့်တော့လစာမရှင်းပေးဘဲ အလုပ်သမားခေါင်းဆောင်က ထွက်ပြေးပါလေရော။ သူ့အမေသိရင် မိုးမီးလောင်မှန်းသိတော့
အလုပ်သမား ခေါင်းဆောင်ကို သူမတွေ့တွေ့အောင် လိုက်ရှာရတာပေါ့။ ဒီလိုနဲ့ ပြန်တွေ့တယ် ဆိုပါတော့။ ဟိုက သူ့ရဲ့ စိတ်ထားကောင်းပီး အားနာတတ်တဲ့အကျင့်ကို သိထားတယ်လေ။ သူ့ကို ရုပ်ရှင်မင်းသမီး အကယ်ဒမီရှော့နဲ့
ငိုယိုပြီးပြောလိုက်တာကတော့
'' ငါလည်း နင့်ပိုက်ဆံကို မယူချင်ပါဘူးအေ။
ငါ့သားလေးအတွက် လုပ်မိလုပ်ရာ လုပ်မိတာပါ''

''အစ်မကြီးသားက ဘာဖြစ်လို့လဲဟင်''

''ကင်ဆာရောဂါသည်လေးပါအေ။
ဆေးဖိုးတွေလည်းကုန်လှပါပြီ။
အခုထိလည်း ဆေးရုံကမဆင်းရရှာသေးဘူး။
မယုံရင် လိုက်ခဲ့ပါအေ။
နင်လည်း သမီးလေးမွေးထားတာပဲ၊ ငါ့နေရာကို ဝင်ကြည့်ပေးပါ''
image.png
Image Source> https://goo.gl/images/WjjrVm

ဒီလိုနဲ့ ဆေးရုံကိုလိုက်သွားပြီး ကြည့်တာပေါ့.....
နောက်ပြီး အကြီးမရဲ့လက်ကိုကိုင်ပြီး ငိုနည်းပေါင်းစုံနဲ့ ငိုပြတော့တာပေါ့။

''ရပါတယ် အဆင်ပြေမှသာ ပေးပါတော့ရှင်''
ဝမ်းနည်းပက်လက်နဲ့ အကြွေးမရဘဲ လက်ဗလာနဲ့ အိမ်ပြန်ခဲ့ပါတော့တယ်။ အိမ်အပြန်လမ်းတစ်လျှောက်မှာတော့
''ပိုက်ဆံတွေအများကြီးဆုံးရှုံးသွားတဲ့အကြောင်း အမေ့ကို ဘယ်လိုပြန်ပြောရပါ့'' ဆိုတဲ့အတွေးတွေနဲ့ ခေါင်းမီးတောက်နေတော့ပေါ့။
(အမှန်တရားကတော့ အလုပ်သမားခေါင်းဆောင်မှာ ဘာသားသမီးမှ မရှိပါဘူး။ သနားတတ်တဲ့စိတ်လေးကို အကြွေးမပေးချင်လို့ အသုံးချလိုက်တာပါ။ အကြီးမဆီကရတဲ့ပိုက်ဆံတွေနဲ့ ခရီးတွေဘာတွေထွက်ပြီး သာယာနေတာပါ)

အကြီးမရဲ့ ဘဝမှာ နောက်ဆုံးနဲ့အကြီးမားဆုံးဒုက္ခကတော့
သူ့ရဲ့ချစ်လှစွာသောခင်ပွန်းက ရည်းစားဟောင်းနဲ့ဖောက်ပြန်နေခဲ့တာပါ။ ၇နှစ်တောင်ဖောက်ပြန်ခဲ့တာပါတဲ့။ မထင်မှတ်ဖဲ သု့ယောက်ျားရဲ့ ဖောက်ပြန်မှုကို သိရတဲ့အခါ......
သမီးလေးရဲ့မျက်နှာကရှိသေး......
မဖြေရှင်းရဲဘဲ ကျိတ်မှိတ်ခံစားနေပါတော့တယ်။

ဒါကတော့ ရိုးသားလွန်းအားကြီးတဲ့ အကြီးမရဲ့ ဒုက္ခတွေပါနော်။
နောက်တစ်ပိုင်းမှာတော့ အငယ်မရဲ့ ဒုက္ခတွေကို ဆက်လက်ဖော်ပြပေးပ့ါမယ်နော်......!

Writer,
@honeysara
MSC 040

Sort:  

ဒါတွေ စိတ်ကုန်းတာ လူ့ဘဝဘုထတာ တွေ
မောပ မောပ😁

မောရင်ရေသောက်ပါ😁

အကြီးမတစ်ယောက် သနားစရာပါညီမလေးရေ

Posted using Partiko Android

ဟုတ်တယ်အကို

အရမ်းရိုးအလွန်းအားကြီးတော့လည်း ဒီလိုအခြေအနေတွေဖြစ်လာရတာပေါ့။အစ်မရေးပြထားတာ သနားစရာကောင်းတဲ့အခြေအနေကို ပေါ်လွင်စေပါတယ်။

ဟုတ် thanks

ဇာတ်နာအောင် စထားတာက ကိုရီးယားထုံးစံဖြစ်နေပါတယ်

မက်ဆေ့တစ်ခုခုတော့ ရတန်ကောင်းပါရဲ့

မတ်မတ် ပျောက်နေတာ အခုမှ တွေ့ရတော့တယ်

ရေးစရာတွေခေါင်းထဲကထွက်မလာလို့လေ😁

ဖြစ်ရလေကော ရိုးအမှုသဘော...

Posted using Partiko Android

အ, ရင် ခံစားသွားရမယ်၊ ကြောက်စရာကြီး

အန်​ ဗွီဒီယို ဇာတ်​ကားလား တကယ့်​အပြင်​မှာမှတ်​လို့

Video ဇာတ်ကားနဲ့အတွေးလေးနဲ့😁

နောက်ဆက်တွဲလေး ဆက်လက်အားပေးနေမယ်နော်။

Your post has been chosen by C2 myanmar curation team.Members: @mmunited, @aggamun @nayhlaingsoe and @lwanwai.


ပိုစ့်ရွေးချယ်ပေးသူများ၏ Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @C-Squared အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the Curation Collective Discord community for curators, and upvoted and resteemed by the @c-squared community account after manual review.

လင်ယူ သားမွေး ဒုက္ခ တေပေါ့ sis လဲရေးရင်းနဲ့ မြင် အောင်ကြည့်နော်
ဟ်ဟ်

ခ်ခ် အာ့တေစိတ်ကုန်တာ😁

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 64107.21
ETH 3073.84
USDT 1.00
SBD 3.88