အိမ်နီးချင်း ဆိုတာ

in #myanmar6 years ago

images (5).jpeg
Photo from google
ခင်​ရာ​ဆွေမျိုး မြိန်​ရာဟင်း​ကောင်းဆိုတဲ့ စကား ကျွန်​​တော်​တို့ မြန်​မာစကားပုံမှာ ရှိကြပါတယ်​။
ခင်​ရာ မင်​ရာ မကင်းရာ မ​ကင်း​ကြောင်း​တွေတိုင်းက ​ဆွေမျိုး ​တော်​စပ်​​နေကြလို့ ​တော့ မဟုတ်​ပါဘူး။
ကျွန်​​တော်​တို့​တွေဟာ ကိုယ့်​​ဆွေကိုယ့်​မျိုးကို​တောင်​ မ​ခေါ်ချင်​ပဲ​နေလို့ရပါ​သေးတယ်​။ကျွန်​​တော်​တို့နဲ့ ​နေ့စဉ်​ထိ​တွေ့ပတ်​သက်​​နေတဲ့ အိမ်​နီးချင်း​တွေက​တော့ ဘယ်​လိုမှ မပတ်​သက်​ပဲ ​နေလို့မရပါဘူး။
မ​ခေါ်ချင်​လို့ မ​ခေါ်ပဲ ​နေခဲ့ကြရင်​​တောင်​ တစ်​​နေ့​နေ့ တစ်​ချိန်​ချိန်​ အ​ရေးတဲ့အ​ကြောင်းတဲ့ဆိုရင်​ ကိုယ့်​အမျိုးထက်​ အိမ်​နီးချင်း​တွေက ပိုအားကိုးရတတ်​ပါတယ်​။
ကျွန်​​တော်​ဆိုလိုတာက အ​ဝေးမှာ ​ရောက်​​နေတဲ့ ​ဆွေမျိုးရင်းချာ​တွေကို ​ပြောတာပါ။
images (4).jpeg
Photo from google
တကယ်​လို့ ကျွန်​​တော်​သာ အသက်​အန္တရာယ်​နဲ့ ကြုံ​နေတယ်​ဆိုရင်​ ကျွန်​​တော့ကို အနီးဆုံး ကူညီ​ပေးနိုင်​ကြတာ ကျွန်​​တော်​ ​အော်​​ခေါ်လိုက်​ရင်​ ကြားနိုင်​ကြမဲ့ ကျွန်​​တော့်​ အိမ်​နီးချင်း​တွေပါ။
ဥပမာ ကျွန်​​တော်​တို့ အိမ်​​တွေမှာ မီ​လောင်​တာတို့ ဘာတို့လို အ​ရေး​ပေါ် ဖြစ်​ခဲ့တာမျိုး​တွေ ရှိခဲ့မယ်​ ဆိုရင်​ အရင်​ဆုံး ဝိုင်းပြီး ငြိမ်းသတ်​ကြမယ့်​သူ​တွေက ကျွန်​​တော်​ တို့ အိမ်​နီးချင်း​တွေပါပဲ။

ဒါ​ကြောင့်​ တချို့ အိမ်​နီးချင်း​တွေဟာ ​ဆွေမျိုးရင်းချာ​တွေထက်​​တောင်​ ပိုပြီး အားကိုးရတတ်​ပါ​သေးတယ်​။

အ​ကောင်းချည်းပဲလားဆိုရင်​​တော့လည်း မဟုတ်​​သေးပါဘူး ။ အိမ်​နီးချင်း ဆိုးဆိုးနဲ့ ​နေရတဲ့ လူတစ်​​ယောက်​ဟာ ခန္တီစဆိုတဲ့ ခန္တီပါရမီကိုသာ အများကြီး ကျင့်​ရပြီလို့ မှတ်​​ပေ​တော့ပါပဲ။
New_Neighbours_Logo-Opening_2017.png

Photo from google
အဆူအဆဲသန်​တဲ့ အိမ်​နီးချင်းမျိုးနဲ့သာဆို နားငြီးရပါပြီ။ဒါ​တွေက ထုံးစံပါ။ကိုယ့်​ဖက်​က မ​ခေါ်မ​ပြော​နေဖို့ကလည်း အထက်​က ​ပြောခဲ့သလို အ​ရေးဟဲ့ အ​ကြောင်းဟဲ့ဆိုရင်​ ဒီအိမ်​နီးချင်း​တွေကို အရင်​မှီခိုရမဲ့ မျက်​နှာ​ကြောင့်​ ကျွန်​​တော်​တို့​တွေ ဟာ အိမ်​နီးချင်းနဲ့ ပတ်​သက်​လာရင်​ သည်းခံ​ပေးကြရပါတယ်​။

ကောင်းကွက်​နဲ့ ဆိုးကွက်​ကြား ကြိတ်​မှိတ်​သည်းခံ​ပေးရတဲ့ တချို့အခိုက်​အတန့်​​တွေဟာ သိပ်​ပြီးမှ ​တော့ မနိပ်​လှပါဘူး။

ဒါ​ကြောင့်​လည်း တရုတ်​လူမျိုး​တွေဟာ အိမ်​ဝယ်​ရင်​ အိမ်​နီးချင်းကို အရင်​ကြည့်​တယ်​ ဆိုပြီး ​ပြောကြတာ ဖြစ်​ပါလိမ့်​မယ်​။

အိမ်​နီးချင်း​ကောင်းရခြင်းဟာ ​ဆွေမျိုး​တွေထဲ လူချမ်းသာရှိတာထက်​ ပိုအားကိုးရပါတယ်​။ပိုပြီး ရင်းနှီး​စေပါတယ်​။ ဒါ​ကြောင့်​လည်း ခင်​ရာ​ဆွေမျိုးဆိုတဲ့ စကားလိုပဲ ကျွန်​​တော်​တို့​တွေဟာ အိမ်​နီးချင်း​တွေကို ​ဆွေမျိုး​တွေထက်​ ပိုခင်​တွယ်​ရ​လေ့ရှိပါတယ်​။

အိမ်​နီးချင်းနဲ့ တည့်​​အောင်​ ​ပေါင်းတာက ​ဆွေမျိုး​တွေနဲ့ ကြည်​ဖြူကြတာထက်​ ပို​ကောင်းပါတယ်​။ ကိုယ့်​အိမ်​နီးချင်းကသာ မ​ကောင်းတဲ့ စီးပွားကို လုပ်​မယ်​ဆိုရင်​ ကိုယ်​လည်း ​နေရင်း ထိုင်​ရင်း ​ခေါင်းကျိန်း​နေရ​တော့မှာပါပဲ။

ကိုယ်​နဲ့အဆင်​​မ​ပြေတာ တစ်​ခုခု​ကြောင့်​ ကိုယ့်​အိမ်​နီးချင်း​တွေကသာ အကျင့်​ယုတ်​ပြီး ကိုယ့်​အိမ်​ကိုယ့်​ယာထဲ မသမာတာ တစ်​ခုခုကို လုပ်​လိုက်​ရင်​ ကိုယ်​ပဲ ခံရ​တော့မှာပါ။

ကျွန်​​တော်​တို့​တွေရဲ့ အိမ်​နီးချင်း​တွေ ​ကောင်းတယ်​ မ​ကောင်းဘူးဆိုတာ ကျွန်​​တော်​တို့ကိုယ်​တိုင်​ အိမ်​နီးချင်း​တွေနဲ့ ​ပေါင်းတတ်​ မ​ပေါင်းတတ်​နဲ့ ဆိုင်​မယ်​ ထင်​ပါတယ်​။
ကျွန်​​တော်​တို့ ကိုယ်​တိုင်​ အိမ်​နီးချင်း​ကောင်း​တွေကိုရဖို့ ကျွန်​​တော်​တို့ ကိုယ်​တိုင်​လည်း အိမ်​နီးချင်း​ကောင်း​တွေ ဖြစ်​ဖို့လိုပါတယ်​။
images (4).jpeg

Photo from google
ကျွန်​​တော်​တို့ လူ​တွေဟာ တစ်​ဦးထဲ တစ်​​ယောက်​ထဲ တစ်​မိသားစုထဲ သီးခြားမ​နေနိုင်​သမျှ​တော့ ကျွ​​န်​​တော်​တို့​တွေကိုယ်​တိုင်​ မြို့ထဲ ရွာထဲ လူ​တွေထဲ ​နေထိုင်​​နေကြရသမျှ​တော့ အိမ်​နီးချင်း​တွေနဲ့ မဖြစ်​မ​နေ​တွေ့ကြရပြီး မလွှဲမ​သွေ ထိ​တွေ့ ဆက်​ဆံကြရအုံးမှာပါပဲ..

အဲ့ဒီအခါ အိမ်​နီးချင်း​ပေါင်းများစွာ အိမ်​နီးချင်း​ကောင်း​တွေ အိမ်​နီးချင်းဆိုး​တွေနဲ့ ကျွန်​​တော်​တို့ ကြုံ​တွေကြရအုံးမှာပါ ။ အဲ့ဒီအခါ ကျွန်​​တော်​တို့ ကိုယ်​တိုင်​ အိမ်​နီးချင်း​ကောင်းဖြစ်​ဖို့ လိုပါလိမ့်​မယ်​။ဒါမှသာ ကျွန်​​တော်​တို့ အိမ်​နီးချင်းဆိုတဲ့ ပတ်​ဝန်းကျင်​နဲ့ အဆင်​​ပြေပါလိ​မ့်​မယ်​။
ပတ်​ဝန်းကျင်​နဲ့ အဆင်​​ပြေမှ ကျွ​န်​​တော်​တို့ ​နေထိုင်​မှု​တွေ အဆင်​​ပြေရမှာပါ..။

ဒါေ​ကြာင့် ​ကျွန်​​တော်​က​တော့ အိမ်​နီးချင်း​တွေကို အနီးဆုံးမိတ်​​ဆွေ အနီးဆုံးက ရန်​သူလို့ပဲ ​ပြောချင်​ပါတယ်​။
Writter @htetnainglin
Msc 188

Sort:  

အမှန်​ပါဘဲ...အ​ရေးကြုံရင်​ကိုယ့်​အနီးနားကအိမ်​နီးချင်း​တွေဘဲအရင်​​ရောက်​မှာ​လေ...

ဟုတ်တယ် မမ

အိမ်နီစချင်းကောင်းရသူသည် စိန်ချမ်းသာမှုရရှိစေပြီး အိမ်နီးချင်းမကောင်းလျှင် စိတ်ပူပန်ရ၏

သိပ်မှန်တယ်

ကျွန်တော်လည်းအိမ်နီးခြင်းကောင်းရထားတယ်
ဝက်စော်တွေကို နံလို့

အလုပ်ထဲက ဇော်မျိုးထွန်းလားဆရာ

@htetnainglin photo google မရဘူးလေ လာလဲ မသင် မရဘူး ပြောနေတာ ဘယ်နှခါ ရှိပီတုံး😒

ဟုတ် မမ wall ထဲကြည့်လိုက်မယ်

အဲ့လိုဒုက္ခမျိုးကြုံဖူးတယ် ဆို ယုံပေးပါ

ဟုတ်ကဲ့

မိတ်ဆွေစစ် မိတ်ဆွေမှန်ဆိုတာ ရှိဖို့ လိုတယ်

ဟုတ်ကဲ့ပါ

ကျွန်တော်တို့မှာလည်း အိမ်နီးနားချင်းကောင်းရထားပါတယ်ဗျ သူ့မျက်နှာ ကျွန်တော်မကြည့်ချင် သူလည်းကျွန်တော့ကို ကြည့်ချင်လိမ့်မည်မဟုတ်ပါ

အိမ်နီးနားချင်းကောင်းရတယ်ဆိုတာ အဖိုးတန် လက်ဆောင်ရထားသလိုပါပဲ အလွန်တန်ဖိုးရှိတယ်ဗျာ

ဟုတ်တာပေါ့ အကို

နိုင်​ငံနဲ့ချီပြီး ​ပြောချင်​ပါရဲ့။

အသာလုပ်ပါ😃

အိမ်‌နီးချင်း‌ကောင်းရဘို့ ကိုယ်‌တိုင်‌ အိမ်‌နီးချင်း‌ကောင်း ဖြစ်‌‌အောင်‌ကြိုးစားကြပါစို့။

Coin Marketplace

STEEM 0.32
TRX 0.11
JST 0.034
BTC 66384.36
ETH 3272.25
USDT 1.00
SBD 4.27