ကျနုပ်နှင့် စာရေးခြင်း

in #myanmar6 years ago

image
Image source
တစ်​ပတ်​ပြီးတစ်​ပတ်​ စတီးမစ်​ရဲ့ ပရိုပိုစ့်​​ရေးတင်​ရမယ်​ဆို ဘာ​ရေးလို့​ရေးရမှန်းမသိ စဉ်းစား​နေရတယ်​။နေ့စဉ်​ဖြတ်​​သန်း​နေကျ​တွေထဲက နိစ္စဓူဝ​တွေကို စာလုံးပြည့်​ရုံ​ရေးတင်​ဖို့ကလည်း မလွယ်​လှဘူး​လေ..

မြန်​မာ​ရှေးပညာရှင်​တစ်​​ယောက်​​ပြောသလိုပါပဲ။ မင်းတုန်းမင်းရဲ့အတ္ထုပ္ပတ္တိကို ဖတ်​​ကောင်း​အောင်​​ရေးရတာထက်​ ဖ​ယောင်းတိုင်​တစ်​တိုင်​အ​ကြောင်း ဖတ်​​ကောင်း​အောင်​​ရေးရတာက ပိုခက်​တယ်​တဲ့။

ဟုတ်​မယ်​​ဗျ..
မင်းတုန်းမင်းအ​ကြောင်း​ရေးမယ်​ဆိုရင်​ သူ့ရဲ့ငယ်​ဘဝ​တွေ မိဖုရားနဲ့ပတ်​သက်​ဆက်​နွယ်​မှုအ​ကြောင်း​တွေ စီးပွား​ရေး​တွေ စစ်​​ရေး​တွေ နိုင်​ငံတကာနဲ့ ဆက်​ဆံ​ရေး​တွေမှာ မင်းတုန်းမင်းကြီးရဲ့ စီမံခန့်​ခွဲမှု​တွေ သူရှင်​ဘုရင်​ဖြစ်​ဖို့ ကြိုးပမ်းရတာ​တွေ သူ့ရဲ့စိတ်​​နေသ​ဘောထား​တွေ အို..စုံလို့ပါပဲ..။ပြီး​တော့ မင်းတုန်းမင်းအ​ကြောင်း​ရေးထားတဲ့ စာအုပ်​​တွေအများကြီးထဲက ​ကောက်​နုတ်​ပြီးလည်း ​ရေးလို့ရ​သေးတယ်​​လေ..။

အဲ့ဒီ​တော့ မင်းတုန်းမင်းအ​ကြောင်း​ရေးရတာကမှ ​ဖ​ယောင်းတိုင်​တစ်​တိုင်​အ​ကြောင်းဖတ်​​ကောင်း​အောင်​ ​ရေးရတာထက်​ ပိုလွယ်​​နေသလိုပါပဲ။

ဘာ​ကြောင့်​လဲဆို​တော့ ဖ​ယောင်းတိုင်​​လေးတစ်​တိုင်​ကို အ​မှောင်​ထဲမှာ တည်​လိုက်​ပြီး မီး​လေးထွန်းညှိလိုက်​တယ်​။ မီးလင်းသွားတယ်​ဆိုရုံနဲ့ ဖ​ယောင်းတိုင်​အ​ကြောင်းက ပြီးသွားပြီ​လေ။ အဲ့ဒီ​လောက်​နဲ့ ဖတ်​​ကောင်းတဲ့ အ​ကြောင်းအရာတစ်​ခု ဖြစ်​မလာသလို စိတ်​ဝင်​စားစရာအ​ကြောင်းလည်း ဖြစ်​မလာတဲ့ စာ​ရွက်​ပြည့်​ရုံ စာ​ကြောင်းသက်​သက်​​တွေပဲ ဖြစ်​​နေ​တော့ပဲ။

ကျွန်​​တော်​တို့​တွေ စာ​ရေးတာ လွယ်​လွယ်​​လေးလို့ ထင်​​နေကြ​သေးတယ်​။ အခု ကိုယ်​​ရေးရမှ ဘာကို ဦးတည်​လို့​ရေးရမှန်းမသိ ဘယ်​လို​ရေးရမှန်မသိနဲ့ စာ​ရေးရတာဟာ အ​တော်​ဦး​နှောက်​စားမှန်း အခုမှ သိရ​တော့တယ်​​လေ။
တစ်​ခါတ​လေ​တော့ ကျွန်​​တော်​​တွေး​နေမိတယ်​။

ဪ..ဒါ​ကြောင့်​ လူတိုင်း စာ​ရေးဆရာမဖြစ်​နိုင်​ကြတာကိုးလို့။
image
Image source
စာ​ရေးဆရာထဲမှာ​တောင်​မှ လူတိုင်းက စာ​ရေး​ကောင်း​သူ​တွေ ဖြစ်​မ​နေကြဘူး​လေ။ပြီး​တော့ သတ်​ပုံသတ်​ညွှန်း ဝါကျ​တွေ စကား​ပြော​ရေးနည်း​တွေ စကား​ပြေ​ရေးနည်း​တွေ ဘာ​တွေ ညာ​တွေ ဇာတ်​လမ်း​တွေ​ရေးမယ်​ဆိုလည်း ဇာတ်​လမ်းဇာတ်​ကွက်​​တွေ အနိမ့်​​တွေ အမြင့်​​တွေ မြှုပ်​ကွက်​​တွေနဲ့ ​တော်​​တော်​​လေး ရှုပ်​​ထွေးတာပဲ။ကျွန်​​တော်​က​တော့ စာ​ရေးဆရာ​ကောင်းတစ်​​ယောက်​ မဖြစ်​နိုင်​ဘူးလို့ပဲ ထင်​မိတယ်​။

ဟုတ်​တယ်​​လေ
ဒီ စတီးမစ်​ထဲမှာ​တောင်​ ​စာ​ကြောင်း​ဖြောင့်​​အောင်​​လေးက မနည်း​ရေးရတာကို..

ကုန်​ကြမ်းဆိုတာ ဘယ်​​နေရာက​နေ ရှာရမှန်းလည်း မသိနဲ့။ ဒီစတီးမစ်​ရဲ့ ပရိုပိုစ့်​​တောင်​ တစ်​ပတ်​တစ်​ပတ်​ အလျဉ်​မီ​အောင်​​ရေးရတာနဲ့​တောင်​ ဦး​နှောက်​​တွေ ​ပေါက်​ထွက်​​တော့မလို စဉ်းစားရတာနဲ့ စာ​ရေးဆရာသာ လုပ်​စားရမယ်​ဆို ကျွန်​​တော်​ ထမင်းငတ်​မယ်​ဆိုတာ ​သေချာကြီးပါ​ဗျို့....
image
Image source

Writter @htetnainglin
Msc 188

Sort:  

5tin ဒီလိုပါဘဲရေးစရာရှာရတာပေါ့

ကြိုးစားရင်ဖြစ်နိုင်ပါတယ်အားမလျော့ပါနှင့်

ဟုတ်ကဲ့ပါဗျ

ဒီလိုနဲ့ပဲ ခက်ခက်ခဲခဲကျော်ဖြတ်သွားကြတာလို့ ကျွန်တော်ကတော့ ယုံကြည်တယ်ဗျာ။ဘာကြောင့်လဲ ဆိုတော့ မွေးကတည်းက ဘယ်သူမှတတ်လာတာမှမဟုတ်တာ ဒီလိုပဲဆုံးဖြတ်ထားတယ်ဗျာ။ကျွန်တော်တို့ အခက်အခဲကို အတူကြိုးစားကြည့်ကြမယ်ဗျာ။

ဟုတ်ကဲ့ ဗျ

ညီက ‌ရေးတတ်‌ပါတယ်‌။ဘာ‌ခေါင်းစဉ်‌မှ မရှိတာ‌တောင်‌ post တစ်‌ခု ဖြစ်‌‌အောင်‌‌ရေးနိုင်‌သားဘဲ။ချ‌ရေးရင်း ချ‌ရေးရင်းနဲ့ စာ‌တွေ များလာပါတယ်‌။ပြိုင်‌ပွဲဝင်‌တာမှ မဟုတ်‌ဘဲ။ ‌ပေါ့‌ပေါ့ပါးပါး ဖြစ်‌တဲ့ အ ‌ကြောင်းအရာ‌တွေ ချ‌ရေး လိုက်‌‌ပေါ့ညီ။အားမ‌လျော့ပါနဲ့။

ကျေးဇူးပါဗျ

ခုလို​ရေးတာကိုပိုစ့်​တစ်​ခုဖြစ်​တယ်​​လေ...👍
စာ​ရေးဆရာ​တွေကိုတကယ်​​လေးစားမိပါတယ်​...

အတွေးလေးတွေကတွေးရင်း စာဆိုတာုဖစ်သွားတာပါပဲလေ 😊😊

ဟုတ်တယ်နော်😁

ကြိုးစားက မင်းဖြစ်နိုင်တယ်😊😊😊😊
fighting.

ဟုတ်ပ

ကိုယ့်ရဲ့ခံစားချက်ကိုရဲရဲဝံ့ဝံ့ရေရဲတာကိုချီးကျုးပါတယ်ဗျာ

ကျွန်​​တော်​လည်း ငတ်​​လောက်​တယ်​​ဗျ...😁

တကယ်ပါဗျ တစ်ပတ် တစ်ပတ် မနည်းကို ရေးယူရတယ်

Coin Marketplace

STEEM 0.24
TRX 0.11
JST 0.032
BTC 61482.47
ETH 2990.09
USDT 1.00
SBD 3.67