ကျနော်က ချစ်တတ်သူပါ

in #myanmar6 years ago

image
Image source
မချစ်​ဘူးရင်​ အသည်းကွဲသီချင်း​တွေနားမ​ထောင်​ရဘူးလို့ ဘယ်​သူ​ပြောလဲ။
အသည်းကွဲသီချင်း​တွေ အလွမ်းသီချင်း​တွေကို ရည်းစားမထားဘူးတဲ့ အဆို​တော်​​တွေမဆိုရဘူး သတ်​မှတ်​ချက်​ရှိလို့လား။
မချစ်​ဘူးရုံနဲ့ မချစ်​တတ်​ရ​တော့ဘူးလား။မချစ်​ဖူးရုံနဲ့ မခံစားရ​တော့ဘူးလား​​ဗျာ။သူငယ်​ချင်း​တွေ အ​ပေါင်းအသင်း​တွေကြား အသည်းကွဲခြင်း​တွေ အလွမ်းအ​ဆွေး​တွေအ​ကြောင်း​ပြောကြရင်​ ကျ​နော်​ဝင်​​ပြောတိုင်း အရူးတစ်​​ယောက်​လို ဟားတိုက်​ခံရတာ ကျ​နော်​ရင်​နာတယ်​။
ကျွန်​​တော်​ကိုယ်​တိုင်​က အချစ်​သီချင်း​တွေ အလွမ်းသီချင်း​တွေကို နား​ထောင်​တိုင်း ​လှောင်​ပြုံး​တွေနဲ့ ကျွန်​​တော်​သူငယ်​ချင်း​တွေက ရယ်​​မောကြတယ်​။အချစ်​ဆိုတာ ဘာလဲ။ အလွမ်းဆိုတာ သတိရခြင်းလား...
အချစ်​ဆိုတာ ချစ်​တတ်​ခြင်းတိုင်းကိုသာ ​ခေါ်ရင်​ ကျ​နော်​လည်း ချစ်​တတ်​တာ​ပေါ့​ဗျာ။ကျွန်​​တော့မှာလည်း ချစ်​သူရှိတာ​ပေါ့။ကျွန်​​တော့်​မှာ ချစ်​ရမယ့်​သူ​တွေရှိတာ​ပေါ့။
ကျွန်​​တော့်​မိဘ​တွေ ကျွန်​​တော့်သူငယ်​ချင်း​တွေ ကျွန်​​တော်​ကိုယ်​တိုင်​က နှစ်​နှစ်​ကာကာ သတိရတတ်​သူ​တွေ တပုံတပင်​နဲ့ ကျွန်​​တော့်​မှာ ချစ်​ရမယ့်​သူ​တွေ အများကြီးမှ အများကြီး​ပါ။
သူတို့​တွေကို ကျွန်​​တော်​လွမ်းလို့မရဘူးလား။ သူ​တို့​တွေကို ကျ​နော်​ချစ်​လို့မရဘူးလားလို့ ​မေးလိုက်​ချင်​မိတယ်​။
ကျ​နော့်​ပတ်​ဝန်းကျင်​မှာ အ​တော်​များများက ချစ်​သူဆိုရင်​ ကိုယ်​နဲ့မသက်​ဆိုင်​တဲ့ သူစိမ်းမိန်းက​လေးကိုပဲ ​ပြေးမြင်​ကြ​လေ့ရှိတယ်​။အဲ့ဒါမျိုးကပဲ အချစ်​ဖြစ်​​​စေတယ်​လို့ ကျ​နော်​ လက်​မခံချင်​ဘူး​ဗျာ..
ကိုယ်​ကချစ်​ရတဲ့သူက ကိုယ်​က သံ​ယောဇဉ်​ကိုယ့်​ချစ်​သူပဲလို့ ကျ​နော်​က​တော့ ထင်​ပါတယ်​။
image
Image source
ဒါကို လက်​ခံနိုင်​ကြလိမ့်​မယ်​လို့လည်း ကျ​နော်​ထင်​မိပါတယ်​။
ဒါ​ပေမယ့်​ ကျ​နော်​တို့က အချစ်​သီချင်း​တွေ အလွမ်းသီချင်း​တွေကို နား​ထောင်​ရင်​ ဘာ​ကြောင့်​ ကျ​နော့ကို ​လှောင်​ချင်​ကြမှန်း နားမလည်​ဘူး​ဗျာ...
မေတ္တာ​တွေ သံ​ယောဇဉ်​​တွေအ​ကြောင်း​ပြောရင်​ အချစ်​ကိုပဲ​ပြေးမြင်​​နေကြ​လေ့ရှိတယ်
အချစ်​ဆိုတာ ချစ်​​နေရုံနဲ့ပြည့်​စုံတယ်​လို့ ဖွဲ့နွဲ့ကြပြန်​ပြီး အချစ်​​တွေမရှိ​တော့တဲ့အခါ အသည်းကွဲတယ်​လို့​ပြောပြီး ငို​ကြပြန်​တယ်​။
အချို့မိန်းက​လေး​တွဆိုရင်​ အချစ်​ အချစ်​လို့ တဖွဖွ​ပြောပြီး အိမ်​​ထောင်​​ရေးကို စီးပွားတွက်​ တွက်​ကြပြန်​တယ်​..
ကျ​နော်​က​တော့ အချစ်​ကို ယုံကြည်​ရခက်​ပါတယ်​။ဒါ​ပေအယ့်​ ကျ​နော်​ ချစ်​​နေရတဲ့ ကျ​နော့ချစ်​သူ​တွေကို​တော့ ကျ​နော်​ ယုံကြည်​မိပါတယ်​။ဘာ​ကြောင့်​လဲဆို​တော့ ကျ​နော်​ကချစ်​တဲ့သူ​တွေအ​ပေါ်ထားတဲ့ ကျ​နော့်​ရဲ့ ချစ်​ခြင်း​တွေက ဖြူစင်​တယ်​​လေ..
နာကျည်းဖို့မရှိ ​ဝေးကွာသွားကြတဲ့တိုင်​ မုန်းကြဖို့မရှိတဲ့ ချစ်​ခြင်း​တွေနဲ့ ကျ​နော်​က ကျ​နော့်​ချစ်​သူ​တွေကို ချစ်​လို့ပါပဲ..
ဒါဟာ ရူးသွပ်​မှုလို့ပဲဆိုချင်​ဆိုပါ​စေ..
ကျ​နော့ချစ်​ခြင်း​တွေက ကျ​နော့်​ခံစားချက်​​တွေအတိုင်း သန့်​စင်​စွာနဲ့ ချစ်​​နေပါတယ်​။
အကယ်​၍ ကျ​နော့်​ကို ကျ​နော့်​သူငယ်​ချင်း​တွေက သတ်​မှတ်​ကြတဲ့ သူစိမ်းမိန်းက​လေးတစ်​​ယောက်​နဲ့များ ချစ်​သူဖြစ်​ခဲ့မယ်​ဆိုရင်​​တောင်​ ကျ​နော်​က သန့်​စင်​တဲ့ ချစ်​ခြင်း​တွေပါတဲ့ သူငယ်​ချင်း​တွေလိုပဲ ချစ်​ချင်​မိတယ်​။သန့်​စင်​တဲ့ နားလည်​မှု​တွေနဲ့ အပြန်​အလှန်​ နားလည်​နိုင်​ကြမယ့်​ အမုန်းမရှိတဲ့ ချစ်​ခြင်း​တွေနဲ့ပဲ ချစ်​ချင်​မိပါတယ်​..
image
Image sourcs
အခုအချိန်​မှာ​တော့ ကျ​နော်​ကိုယ်​တိုင်​ အချစ်​သီချင်း​တွေ အလွမ်းသီချင်း​တွေကို ကြိုက်​​နေတဲ့တိုင်​ အဲ့ဒါဟာ အမှန်​တကယ်​ခံစားချက်​နဲ့ တိုက်​ဆိုင်​လို့ ကြိုက်​တာ မဟုတ်​ဘူးဆိုတဲ့ သူငယ်​ချင်း​တွေရဲ့ ​လှောင်​​ပြောင်​မှုကို ​အောင့်​​သက်​သက်​နဲ့ ကြိတ်​မှိတ်​ခံရင်း ကျ​နော်​က ချစ်​ရတဲ့ ကျ​နော့ချစ်​တဲ့ ကျ​နော့မိဘ​တွေ ကျ​နော့ သူငယ်​ချင်း​တွေ ကျ​နော့်​ ညီအစ်​ကို ​မောင်​နှမ​တွေကို ချစ်​ရင်း ခင်​ရင်း လွမ်းရင်းနဲ့ပဲ..

တစ်​​နေ့မှာ အချစ်​သီချင်း​တွေ အလွမ်းသီချင်း​တွေနဲ့ တစ်​ထပ်​ထဲ ခံစားချက်​ကျတဲ့ အချိန်​မှာ ကျ​နော့်​ သူငယ်​ချင်း​တွေကြားမှာ ​ခေါင်း​မော့ ဝင့်​ကြွားနိုင်​​စေရမှာ​ပေါ့​ဗျာ..
ဘာ​ကြောင့်​လဲဆို​တော့ ကျ​နော်​က ချစ်​တတ်​တဲ့ နှလုံးသားနဲ့ လူ​လေ...

Writter @htetnainglin
Msc 188

Sort:  

လှောင်တဲ့သူတွေကို ပြန်ပြောလိုက်လေ...လောကကြီးမှာ အချစ်ဆိုတာ နေရာတိုင်းမှာ ရှိတယ်လို့ ၊ ချစ်သူရည်းစားရှိမှ ချစ်ရမှာလားနော့လေ.. 😉😉

ဟုတ်ပ😁

အမြဲချစ်နိုင်ပါစေ

သန့်​စင်​တဲ့ချစ်​ခြင်း​မေတ္တာထားနိုင်​ရင်​​အ​ကောင်းဆုံးပါ....

ဟုတ်ကဲ့ပါ

ကျွန်တော်လည်း ချစ်တတ်ပါတယ်ဗျ

ဟီး...ဟုတ်😁😁

ကိုယ့်‌ညီကို မချစ်‌တတ်‌ဘူးလို့ ဘယ်‌သူေ ပြာတာလဲကွ။

ဟိ....ဟုတ်တယ် ပြောပြိုက်

အခုမိုးတွင်းဆိုတော့ အလွမ်သီချင်းလေးတွေနားထောင်ကောင်းတဲ့အချိန်ပေါ့။

Feelကြမယ်လေ😁

ချစ်ချင်းကို အမျိုးမျိုးအဓိပ္ပါယ်ဖွင့်ဆိုလို့ရပါတယ်။ ကိုယ့်ခံယူချက်နဲ့ကိုယ်ပေါ့။

ဟုတ်ကဲ့ပါဗျ

အချစ်​ဆိုတာ တကယ်​ဖြူစဉ်​သန့်​ရှင်းပါတယ်
လူ​တွေကအ​ရောင်​ဆိုး​နေလို့ အချစ်​က ​​ကြောက်​စရာ​​ကောင်းတယ်​လို့​ပြော​နေကြတာပါ ဖြူစဉ်​ သန့်​ရှင်းတဲ့အချစ်​က လူ​တွေရှိ​နေသ၍
မပြက်​မစီးမြဲတမ်းရှင်​သန်​စီးဆင်း​နေမှာပါဗျာ

ဟုတ်အကို

သူစိမ်းမိန်းကလေးချစ်သူမရှိတာ မချစ်တတ်တာမှမဟုတ်တာပဲလေ။အသဲနှလုံးရှိတဲ့ လူသားတိုင်း အချစ်ကိုယ်စီရှိပြီး အဓိပ္ပါယ်မျိုးစုံ ဖွင့်နိုင်ကြတာပဲလေ။ကိုယ့်သဘာဝနဲ့ကိုယ်ပေါ့။ဒီအချက်လောက်နဲ့တော့ ပတ်ဝန်းကျင်ကို မငဲ့လိုက်ပါနဲ့။

ဟုတ်ကဲ့ပါဗျ

ဒန့်​တန်​...😝😝

Coin Marketplace

STEEM 0.30
TRX 0.11
JST 0.033
BTC 64223.84
ETH 3158.34
USDT 1.00
SBD 4.29