အန္တရာယ် နှင့် ကစားသူများ Danger and players.

in #myanmar5 years ago (edited)

image

ငထွေးတို့ငယ်စဉ်က ရထားလမ်းဘေးမှာနေသည်။
ရထားလမ်းဘေးဆိုသည်မှာ မန္တလေးဘူတာကြီး
သို့ ဆိုက်ရောက်လာသည့်ရထားတွဲများ ထွက်ခွာမည့်
ရထားတွဲများကို ရှန်တိန်ပြုလုပ်သည့် ရထားလမ်း
ဘေးဖြစ်သည်။ ရထားလမ်းဘေးနေသူတို့ ထုံစံ
အတိုင်း ရထားတွဲများကို ခိုစီးကြသည်။ ရထား
မောင်းနေစဉ် တွဲပေါ်မှ ခုန်ချကြသည်။ ရှန်တိန်
ရထားလုပ်နေစဉ် ထိုရထားတွဲပေါ် ကလေးများပီပီ
သူက ပိုခုန်နိုင်တယ် ငါက ပိုဆင်းနိုင်တယ်ပြိုင်ကြ
သည်။

ယခုခေတ်စကားနဲ့ဆိုပါလျှင် ငထွေးတို့က ဂျလေဘီ
ကလေးများဖြစ်သည်။ ရှန်တိန်ရထား၏ ပြေးနှုန်း
အနှေး အမြန်ကိုလိုက်ပြီး ရထားတွဲပေါ်မှ အဆင်း
အတက်ပြုလုပ်မှုကို ပြိုင်ကြသည်။ လူကြီးများသိ
လျှင် ဆော်ခံထိ အရိုက်ခံရသည်။ လူကြီးများ
အလစ်မှာ ပြုလုပ်ကြသည်။ ကြာလာတော့လည်း
လူကြီးများလည်း လက်လျှော့လာကာ အလုပ်များ
ကြ၍ သေချာမကြည့်နိုင်တော့ပေ။ တခါတလေ
ရထားနဲ့အပြိုင် အပြေးပြိုင်ကြသည်။

20190411_094451.jpg

image

image

ငယ်စဉ်က မစဉ်းစား မသိတတ်သေးသည့်အရွယ်
တွင် ရထားသံလမ်းပေါ် လမ်းခင်းကျောက်များ
တင်ကာ ရထားစက်ခေါင်းမှ ကြိတ်သွားသည့်
ကျောက်မှုန့်များကိုယူကြသည်။ ထိုကျောက်မှုန့်
များကို ထမင်းရည်ပူဖြင့်နယ်၍ လေတံခွန် (စွန်)
မှန်စာကြိုးပြုလုပ်သည်။ထိုသို့ သံလမ်းပေါ်
ကျောက်ခဲတင်လျှင် ရထားကို အန္တရယ်ဖြစ်စေမှန်း
မသိခဲ့ပေ။ အိမ်ရိုက်သံချောင်းကြီးတစ်ချောင်းကို
ရထားမလာမီ သံလမ်းပေါ်တင်ထားသည်။
ရထားကြိတ်ဖိသွားသည့်အခါ ပြားသွားသည့်
သံချောင်းကို ဓားလုပ်ကြသည်။

ရထားတွဲကို ခိုစီးရာတွင် ရထားသွားရာသို့
လည်းကောင်း၊ ရထားနှင့် ဆန့်ကျင့်ဖက်သို့
လည်းကောင်း အပြိုင် အဆိုင်စီးကြသည်။
ရထားပေါ်မှဆင်းရာတွင် ရထားသွားရာ
စက်ခေါင်းဖက်သို့ ပြေးလိုက်ဆင်းရသည်။
သို့မှ သူ့အရှိန်အတိုင်း ဟန်ချက်ထိန်းကာ
အဆင်ပြေစွာ တွဲပေါ်မှ ခုန်ဆင်းနိုင်သည်။
ရထားသွားနေစဉ် စက်ခေါင်းနှင့်ဆန့်ကျင်ဖက်
ဆင်းနိုင်သူက ဆရာကြီးဖြစ်သည်။ရထား
သွားရာနှင့် ဆန့်ကျင်သဖြင့် ခန္ဓာကိုယ်က
အရှိန်မထိန်းနိုင်ဖြစ်တတ်သည်။ အခန်မသင့်
လျှင် ရထားတွဲအောက်ရောက်နိုင်သည်။

image

image

ငထွေးတို့ထက် စကေးကြမ်းသူများ ကျွမ်းကျင်သူများရှိပါသေးသည်။ ရထားပေါ်တွင်ဈေးလိုက်
ရောင်းသူများနှင့် ကုန်သည်များကိုတော့ ငထွေးတို့
မမှီပေ။ အဆိုပါပုဂ္ဂိုလ်များအနက် ရထားပေါ်မှာ
ဈေးရောင်းသူများကို Steemit မှ မိတ်ဆွေအချို့
မြင်ဘူးကြပေမည်။ လက်မှာ ဈေးခြင်းတောင်း
ကိုင်၍ ရထားမောင်းနေစဉ် ရထားခေါင်းမိုးပေါ် တွဲတစ်တွဲနှင့် တစ်တွဲကို ကူးကြသည်။ သူတို့ ထိုသို့
ကူးနေသည်ကို ကြည့်ရသည်မှာ သူတို့တော့မသိပါ
ကြည့်နေသူ ကိုယ်တွေမှာ အသဲအေးလှသည်။
တခါတရံ ကိုယ်တော်ချောတွေက တွဲခေါင်းမိုးပေါ်
အစုန် အဆန်ပြေးလွားကာနေကြပြန်သည်။

မှောင်ခိုကူးသည့်လူများကတော့ သူတို့ပစ္စည်းများကို
ရှာဖွေဖမ်းဆီးသူ မမြင်အောင် ဝှက်ယူသယ်ကြ
သည်။ ရထားတွဲကြားများ၊ တွဲအောက်များတွင်
ပစ္စည်းများကို ဝှက်သယ်ကြသည်။ တခါတရံ
တွဲခေါင်းမိုးပေါ် ပစ္စည်းတင်၍လည်းသယ်ကြ
သည်။ မှောင်ခိုပစ္စည်းများကို မန္တလေးဘူတာကြီး
မရောက်မီ မြို့ဟောင်းဘူတာ၊ ရှမ်းစုဘူတာများ
နှင့် ဘူတာကြီးအဝင်အစ ၃၄လမ်း၊ ၃၅လမ်းများမှ
ချယူသယ်ကြသည်။ ရထားမောင်းနေစဉ် ပစ္စည်း
များကို သယ်ချကြသည်မှာ အန္တရာယ် များလှ
သည်။ သူတို့အဖို့မှာ ကျွမ်းကျင်သော်လည်း
တွေ့မြင်ရသူများအတွက် အသည်းထိတ်စရာ
ကောင်းလှပေတော့သည်။

ငထွေးတို့ကတော့ ကလေးများဖြစ်၍ အန္တရာယ်ကို အပျော်အဖြစ်ရှာကြသည်။ မှောင်ခိုသယ်သူများ
ကတော့ ငွေကြေးအတွက် အန္တရာယ်ကိုရှာယူ၍
ဥပဒေကို ရှောင်ကြပါသည်။

@htwegyi
Photo @htwegyi
MSC.036

Sort:  

@htwegyi, အီး စ တင်း ကို အ သုံး ပြု သည့် အတွက် ကျေး ဇူး တင် ရှိ ပါ သည်။

ဟုတ်ကဲ့ကျေးဇူးပါ

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thanks esteemapp

Congratulations! This post has been upvoted from the communal account, @minnowsupport, by htwegyi from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

👍👍👍

ဟုတ်ပအေ တစ်ခြားရထား တေတော့မသိ ရန်ကုန်- မန်း ရထားတော့ သာစည် ဘူတာ မှာဆို ဈေးသည်တွေကြည့်ရတာ ဂျိမ်စဘွန်း ကားထဲ ကအတိုင်း

အရင်ခေတ်ကပါအေ တို့ငယ်တုန်းကပါ ခုတော့ ရထားစီးသူ ကုန်သယ်သူတွေနည်းပါးသွားပါပြီ

ရေးထားတာ ဖတ်လိုက်ရုံတင် ကြက်သီးထ ပါတယ် ဦးထွေးရာ

Posted using Partiko Android

ဟုတ်ကဲ့ ဖတ်ကောင်းတယ်ဆိုရင် ရေးရတာအားရှိပါတယ်ဗျာ

😁ကိုယ်တိုင်ခုန်ဆင်းဖူးပါ့ဗျာ...
မြက်ခင်းထဲ လိမ့်သွားလို့ တော်သေး😁

Posted using Partiko Android

ဆင်းတဲ့ အခါ မြေပြင်အနေအထားက ညီညာမှ အန္တရယ်ကင်းပါတယ်


ပိုစ့်ရွေးချယ်ပေးသူများ၏ Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @C-Squared အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the Curation Collective Discord community for curators, and upvoted and resteemed by the @c-squared community account after manual review.
@c-squared runs a community witness. Please consider using one of your witness votes on us here

Coin Marketplace

STEEM 0.24
TRX 0.11
JST 0.031
BTC 60936.15
ETH 2921.43
USDT 1.00
SBD 3.70