အာနန္ဒာဘုရား သို့တစ်ခေါက်

in #myanmar5 years ago (edited)

image

မွေးနေ့တွင် ဘုရားကြီးအရှေ့မုခ် အာနန္ဒာဘုရားအနီးရှိ ဘုန်းကြီးကျောင်းသို့ ဆွမ်းချိုင့်ပို့သည်။ ဆွမ်းပို့
ရင်း အာနန္ဒာဘုရား နှင့် ဘုရားကြီး သို့ ဝင်ရောက်ဖူးမျှော်ခဲ့သည်။ အာနန္ဒာဘုရားသည် ရပ်တော်မူ
ကိုယ်တော်ကြီးလေးဆူဖြင့် တည်ထားသည်။
အာနန္ဒာဘုရားသို့ ဘုရားကြီးအရှေ့မုခ် မှတဆင့်
အာနန္ဒာစောင်းတန်းကိုဖြတ်၍ သွားရောက်ဖူးမျော်
နိုင်သည်။ အာနန္ဒာဘုရားသည် အတွင်း၌ လှိုဏ်ဂူ
ပုံသဏ္ဍာန်ဖြစ်သည်။

နွေရာသီတွင် အာနန္ဒာဘုရား အတွင်းရှိနေရာများ
သည် အေးမြလှသည်။ အာနန္ဒာဘုရားသည် ရှေး
ခေတ် ဗိသုကာပညာရှင်များ၏ လက်ရာများဖြင့်
တည်ဆောက်ထားသည်မှာ အံ့သြစရာကောင်းသည်။
အာနန္ဒာဘုရားသို့လွန်ခဲ့သောနှစ်များက ဘုရားဖူး
ခြင်းနှင့် ယခုအခါ ဘုရားဖူးရသည်မှာ ပြောင်းလဲသွားသည်။ ယခင်က ဘုရားအတွင်းသို့ အလင်း
ရောင်နှင့် လေဝင်လေ ထွက်ကောင်းစေရန်ဆောက်လုပ်ထား၍ ဘုရားဖူးရသည်မှာ အေးမြနေပေသည်။
မည်သည့်နေရာမှ ဝင်လာမှန်မသိသော လေအေးများက ဘုရားဖူးသူများကို အေးမြငြိမ်းချမ်းစေသည်။
ဘုရားအရိပ်၊ တရားအရိပ်က အမှန်တကယ်
အေးချမ်းစေသည်ကို လက်တွေ့ခံစားရစေသည်။

image

image

image

ယခုအခါ ဘုရားအားဆေးများသုတ်၍ ပြုပြင်ထားသဖြင့် သပ်ယပ်ကာကြည်ညိုစရာကောင်းသည်။
သို့သော် ဘုရားလေဝင်လေထွက်အပေါက်များကို
ပိတ်ထား၍ အေးမြခြင်းမရှိတော့ပေ။ လေဝင်လေ
ထွက်အပေါက်များကို သူခိုးရန်နှင့် လင်းနို့၊ ခိုချေး
များရန်မှ ကင်းဝေရန်ပိတ်ထားခြင်းဖြစ်သည်။
မှန်ပါသည် ခိုချေးများ၊ လင်းနို့ချေးများက ဘုရား
စောင်းတန်းနှင့် ရပ်တော်မူကိုယ်တော်ကြီးများကို
ညစ်ပတ်စေပါသည်။

အာနန္ဒာဘုရားအတွင်း၌ တခါတရံ အတွဲများချိန်း
ခြင်း၊ စိတ်မနှံ့သူများလာရောက်အိပ်စက်ခြင်းများ
ပြုတတ်သည်။ ထိုအခါ ဘုရားဖူးများကို စိတ်
အနှောင့်အယှက်ဖြစ်စေသည်။ ဘုရားကြီးနှင့်
စာလျင် အာနန္ဒာဘုရားဖူးရန်ချောင်ကျ၍ ဘုရားဖူး
သူ နည်းပါးခြင်းဖြစ်ပေမည်။ အာနန္ဒာဘုရားတွင်
ငွေအကြွေစေ့ထည့်၍ သီချင်းသံ ထွက်ကာ
အလှူလှည့်သည့်အရုပ်ကလေးများနှင့် အိုးစည်
ဒိုးပတ်ရုပ်ကလေးများရှိသည်။ ယခုထိ ကျွန်တော်
သည် ထိုအရုပ်ကလေးများကို အကြွေစေ့ထည့်
၍ နားထောင်ကြည့်မိပါသည်။ ထိုအရုပ်ပုံးများ
သည် တခါတရံ ကောင်း၍ ပျက်သည့်အခါလည်း
ရှိသည်။

image

image

image

အာနန္ဒာဘုရားဖူးပြီး အာနန္ဒာစောင်းတန်းမှာ နိဗ္ဗာန်
ကုန်များဝယ်ယူနိုင်သည်။ သစ်သားမျိုးစုံဖြင့်
ဘုရားရုပ်ပွားတော်များ ထုလုပ်ရောင်းချသည်။
ပလ္လင်မျိုးစုံနှင့် ဆရာတော်များအတွက် တရားဟော
ပလ္လင်မျိုးစုံလည်းရောင်းချသည်။ သစ်သားရုပ်ပွား
တော်များနှင့် ပလ္လင်များကို ရွှေချခြင်းများပြုလုပ်
ပေးသည်။ ရုပ်ပွားတော်များကို သစ်သား၊ ကြေး
နှင့် ကျောက်များဖြင့် ထုလုပ်နေသည်ကိုလည်း
အာနန္ဒာစောင်းတန်းမှာ စုံလင်စွာလေ့လာနိုင်ပေ
သည်။

ကဲ...Steemit မိတ်ဆွေများ မန္တလေးကိုရောက်ရင်
မဟာမြတ်မုနိဘုရားကြီး ကိုဖူးပြီး အရှေ့မုခ်မှာရှိ
သည့် အာနန္ဒာဘုရားသို့လည်းဝင်ရောက်ဖူးမျှော်ဖို့ လက်တို့ပြီးတော့ပြောလိုက်ပါသည် ရေးလိုက်ပါ
သည်လို့။

image

image

image

image

@htwegyi
Photo @htwegyi
MSC.036

Sort:  

@htwegyi, အီး စ တင်း ကို အ သုံး ပြု သည့် အတွက် ကျေး ဇူး တင် ရှိ ပါ သည်။

ကျေးဇူးတင်ပါတယ်

Congratulations! This post has been upvoted from the communal account, @minnowsupport, by htwegyi from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

👍👍👍

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thanks esteemapp

မွေး​နေ့မှာဘုရားသွား​ကောင်းမှုကုသိုလ်​လုပ်​တာ​ကောင်းပါတယ်​.....

Posted using Partiko Android

ဟုတ်တယ်ဗျ စိတ်လေး ခဏငြိမ်းအေးသွားတာပ

ဘုရားကြီးသာရောက်တာ အာနန္ဒာဘုရားမရောက်ဖြစ်ဘူး ဘထွေးရေ ဒီတစ်ခါ ဝင်ဖူးအုံးမှပါ

ဟုတ်တယ် မစု ဘုရာကြီးသာဖူးဖြစ်တာ
အာနန္ဒာဘုရားကို ရှိမှန်းတချို့က မသိကြဘူး။

တကယ်​သွားဖူး​နေရသလိုပါပဲ။

ဟုတ်ကဲ့ ဘုရားကြီးရောက်ရင် ဝင်ဖူးပါဗျာ

Congratulations @htwegyi! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You made more than 6000 upvotes. Your next target is to reach 7000 upvotes.

Click here to view your Board
If you no longer want to receive notifications, reply to this comment with the word STOP

Do not miss the last post from @steemitboard:

Carnival Challenge - Collect badge and win 5 STEEM
Vote for @Steemitboard as a witness and get one more award and increased upvotes!

ဘုရားလည်ူဖူးရင်း လိပ်ဥလဲတူးရင်း ဆိုသလို ဘားမှ ဟုတ်တော့ဝူး ပြေးးးးးးးး

Coin Marketplace

STEEM 0.31
TRX 0.11
JST 0.033
BTC 64275.02
ETH 3139.81
USDT 1.00
SBD 4.14