အမေ့ ကျန်းမာရေးနှင့် ခွေးအူသံ

in #myanmar5 years ago

image

အမေကျန်းမာရေးမကောင်းသဖြင့် စာရေး
ရတာ စိတ်နှစ်မရဖြစ်ရသည်။ လေဖြတ်ရောဂါ
ဆိုတော့ ရက်ရှည်စွာ စိတ်ရှည်စွာပြုစုရသည်။
ရက်ကြာလာသည်နှင့် ပြုစုသူများက ပင်ပန်းလာ
သည်။ အားတင်း၍ ပြုစုရန် ကိုယ်တိုင် အားပေး
ရင်း မိသားစုများကိုလည်း အားပေးရသည်။
အမေက အသက်ကြီး၍ ပိုပြုစုရလေသည်။
လေ့ကျင့်ခန်း ပြုလုပ်ခိုင်းရသည်။ သွေးလေး
သဖြင့် အိပ်ရာတွင် အမေက ခွေနေချင်သည်။
အိပ်ရာမှာ ခွေနေရင် အမေ့ရောဂါက သက်သာမှာ
မဟုတ်ဘူး လေ့ကျင့်ခန်းလုပ်မှ ဆေးရောသောက်မှ
သက်သာမှာဟု ချော့မော့ကာ ပြောရသည်။

အမေ့နှင့်အတူ အိပ်သူ အငယ်မက အိပ်ရေး
ပျက်ရှာသည်။ ညအချိန် အမေ့ ဆီး၊ ဝမ်းများကို
သိမ်းရသည်။ ဦးနှောက်နှင့် အာရုံကြော အထူးကု
ဆရာဝန်မကြီးမှ ထိုးဆေး၊စားဆေးများ ပေး၍
ကုသနေရသည်။ လေ့ကျင့်ခန်းလည်းလုပ်ပါမှ
ရောဂါမြန်မြန်ပျောက်ပေမည်။ အမေနှင့် အတူ
အိပ်သူ အငယ်မက သရဲကြောက်တတ်သည်။
ကျွန်တော်တို့ တိုက်တန်းတွင် ခွေးလေ ခွေးလွင့်များက အင်မတန်ပေါလှသည်။ ညအချိန်တွင်
ခွေးတို့်က အုပ်စုလိုက် အူတတ်သည်။

ခွေးအူသည်မှာ ကျွန်တော်တို့ တိုက်တန်းတွင်
ရာဇဝင်ရှိသည်။ ခွေးများအူလျှင် သိပ်မကြာခင်
အချိန်မှာ တိုက်တန်းမှ လူတစ်ဦးဦးဆုံးတတ်သည်
ဟု အစွဲရှိကြသည်။ ထို့ကြောင့် အမေ့နှင့်အတူ
အိပ်သူ အငယ်မက ခွေးများအူလျှင် အိမ်ရှိလူများကို ညအချိန်မှာ နှိုးတတ်လေသည်။ ခွေးများက
တော်သလင်းမဟုတ်သော်လည်း ပလူးကြသည်။
ပလူးရာတွင် တစ်ကောင်နှင့်တစ်ကောင် မာန်ဖီကာ
ကိုက်ပြီးဟောင်ကြသည်။ ဟောင်ပြီးအူကြသည်။

otzapqha6f.jpg

ခွေးများအုပ်စုလိုက် ဟောင်ပြီး အူကြသည့်အခါ
တိုက်တန်းတစ်ခုလုံးဆူညံ၍ ပွက်လောရိုက်ကာ
အိပ်မရတော့ပေ။ ထို့ကြောင့် ခွေးများစ၍
ဟောင်သည်နှင့် ကျွန်တော်နှင့် အစ်မက
တစ်ယောက်တစ်လှည့် ထကာခွေးများကို
ရေပက်၍ မောင်းကြရသည်။ ခွေးတို့က
တစ်ညလျှင် တခါတရံ သုံးလေးခါ အူကြသည်။
ခွေး မအူသည့်ရက် မရှိဟုထင်ပါသည်။

ခွေးအူသည်မှာ ညအချိန် ၁၁နာရီ ၁၂နာရီ
များမှာ အူတာများသည်။ ကျွန်တော်တို့တိုက်တန်း
မှာတော့ နေ့ခင်းကြောင်တောင်နှင့် မနက် ၃နာရီ
အချိန်များတွင်လည်း တခါတရံ ခွေးအူတတ်
သည်။ ညအချိန် ခွေးအူတာ သိပ်မထူးခြားပေသိ
မနက်ခင်း မင်္ဂလာရှိသည့် အချိန်မှာ ခွေးအူလျှင်
တော့ စိတ်မချမ်းသာဖြစ်ရသည်။ ခွေးအူသံ
ကြားလျှင် လူတိုင်းစိတ်ခြောက်ခြားတတ်သည့်
သဘောရှိသည်။ ထိုေ့ကြာင့် နီးစပ်ရာလူများက
ခွေးများကို ခြောက်လှန့်မောင်းထုတ်ကြသည်။

92fun1zkw1.jpg

ခွေးတို့က သူတို့ဘာသာ ဘာဝအူခြင်းဖြစ်သော်
လည်း လူတို့စိတ်မှာ အမျိုးမျိုး ခံစားမှုဖြစ်ပေါ်ကြသည်။ သို့သော် ခွေးသည် လူထက် ပိုမြင်နိုင်စွမ်း
ကောင်းသည်။ ခံစားမှုအာရုံကောင်းသည်။ လူတို့
မသိ မမြင်နိုင်သော အရာတို့ကို သူတို့က ကြိုတင်
သိရှိခံစား မြင်တတ်ကြလေသည်။ ထို့ကြောင့်
ခွေးတို့သည် ညရေးညတာ မကောင်းမှုပြုသူများ
ရန်မှ ကာကွယ်ရန် သတိပေးတတ်သလို၊ ပြိတ္တာများကိုလည်း မြင်ကြ၍ ဟောင်ကြခြင်းဖြစ်ပေ
မည်။

@htwegyi
Photo @htwegyi
MSC.036

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thanks esteemapp

ကျန်းမာပါစေဗျာ

Posted using Partiko Android

ဟုတ်ကဲ့ ကိုဟိန်းရေ ကျေးဇူးပါ

အမြန်ဆုံး ပြန်လည်ကျန်းမာပါစေ
ဂရုစိုက်ပါအေ (ပင်ပန်းပေမယ့်လည်း)
ဒါကလည်း ကုသိုလ် တစ်မျိုး ပါ
ကျေးဇူးဆပ်ခွင့် ရခြင်း ပေါ့

အေးပါအေ ဂရုစိုက်ရတာပ ကိုယ့်မာတာပဲဟာ
သေမှ ငိုနေရင် မောယုံပ မသေခင်လေးပြုစုရအုံးမှာပ

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 64359.90
ETH 3105.50
USDT 1.00
SBD 3.87