အလာကောင်းပေမဲ့ အခါနှောင်းခဲ့ပေါ့ ထန်းဇလုပ်ရယ်

in #myanmar5 years ago (edited)

ခရီးသွားရတာ စိတ်လည်းအပမ်းပြေသည်။
စိတ်ချမ်းသာစရာလည်းကောင်းသည်။
Steemit မှာစာရေးဖို့ ကုန်ကြမ်းတွေလည်းရ
သည်။ အလောင်းတော်ကဿပ သွားခရီးရဲ့
နောက်ဆုံးပိတ်နေရာလေးဖြစ်သည့် ကျောက္ကာ
ရွှေဂူနီဘုရားနှင့် ထန်းဇလုပ်ချောင်းလေး
အကြောင်းဆက်လက်တင်ပြပါအုံးမည်။
ဖိုလ်ဝင်တောင်ဘုရားများဖူးပြီးတော့
မုံရွာမြို့ကိုဖြတ်ကာမုံရွာအရှေ့ဖက်တွင် ရှိသည့်
ကျောက္ကာသို့ခရီးဆက်ခဲ့သည်။

ကျောက္ကာသည် ယခင်ကရွာလေးတစ်ရွာဖြစ်သည်။
ယခုအချိန်မှာ အလွန်စည်ကား၍ မြို့တစ်မြို့နီးပါး
ဖြစ်နေပါသည်။ ကျောက္ကာရွာဟု ပြောလိုက်သည်နှင့်
ဟိုတစ်ခေတ်တစ်ခါက အဆိုတော် သန်းထွန်းလေး
ကို သိကြမလား။ အဆိုတော် ပိုးအိစံ ၏ ဖခင်ဖြစ်
သည်။ အဆိုတော်ကြီး ကျောက္ကာသန်းထွန်းလေး၏

image

image

image

image

”နေရီရီ ညနေခင်းမှာ ကျောက္ကာသူများ
ရေချိုးလာသည် ကျောက္ကာသူများ ရေချိုးလာသည်
သောက်ရေအတွက် လက်ယက်တွင်းလေးတွေ
ယက်ကာ ခပ်ကြသည်”

ထန်းဇလုပ်ချောင်းအတွင်းမှာ သောက်ရေအတွက်
ရေခပ်လာသူ မိန်းမပျိုလေးများ ရေအိုးကိုယ်စီ
ရွက်လာကြသည်ကိုမြင်ယောင်မိသည်။ သဲချောင်း
အတွင်းလက်ဖြင့်ယက်ထားသည့် တွင်းလေးများမှာ
ခွက်ကလေးတွေနဲ့ ငုတ်တုတ်လေးတွေထိုင်ကာ
သောက်ရေခပ်နေသူ အပျိုတစ်သိုက်ကိုလည်း
မျက်စိမှာမြင်ယောင်မိသည်။

ဒီလိုအတွေးလေးနဲ့ သံဗုဒ္ဓေမိုးညှင်းဘုရားနှင့်
ဗောဓိတစ်ထောင်ဘုရားများမဖူးပဲ ကျောက္ကာ
ရွှေဂူနီဘုရားဖူးရန် အရာတော်လမ်းကိုရွေးခဲ့သည်။
ရွှေဂူနီဘုရားဖူးပြီး ထန်းဇလုပ်ချောင်းလေး မှာ
ဓာတ်ပုံရိုက်မည် စိတ်ကူးခဲ့သည်။ ပြီးလျှင်
အရာတော်၊ ရွှေဘို၊ ဝက်လက်လမ်းမှ မန္တလေး
သို့ပြန်ရန်စိတ်ကူးသည်။ စိတ်ကူးနဲ့ ရွှေဂူနီဘုရား
ဝင်ဖူးသည်။ ကားဆရာမှ ဗောဓိတစ်ထောင်လမ်းမှ
ပြန်မည်ပြောသည်ကိုပင် ထန်းဇလုပ်ချောင်းလေးမြင်
ချင်၍ အရာတော်လမ်းမှ ပြန်မည်ပြောခဲ့သည်။

ဟိုလွန်ခဲ့သောနှစ်များဆီက ထန်းဇလုပ်ချောင်းသို့
သွားရန် စိတ်ကူးအတွေးရှိခဲ့သည်။ ထန်းဇလုပ်
ချောင်းတွင် ဆည်ဖို့၍ ထားကြောင်း၊ ဟိုတယ်
ဆောက်၍ အပန်းဖြေစခန်းများဆောက်လုပ်
ထားကြောင်း၊ မုံရွာတက္ကသိုလ်ကျောင်းတော်သူ
ကျောင်းတော်သားများကထန်းဇလုပ်ချောင်းလေးသို့လာကာ အပန်းဖြေကြကြောင်းကြားသိထား
သည်။ ချောင်းဘေးဈေးဆိုင်များက အအေးဗူးများကို ချောင်းအတွင်းသဲတွင်စိမ်ကာထားသည်။
ဝယ်သူလာမှ ချောင်းအတွင်းသဲမှ ဖော်ကာ
ဆယ်ယူပေးကြောင်းကြားသိထားသည်။
ထိုအသိကြောင့် ထန်းဇလုပ်ချောင်းလေးကို
သွားချင်စိတ်ကပြင်းပြခဲ့သည်။

image

image

image

image

ရွှေဂူနီဘုရားကိုဖူးမျော်ပြီး ဘုရားတစ်ပတ်ပတ်ခဲ့
သည်။ ဘုရားအနောက်ဖက်တွင် သနပ်ခါးဆိုင်များကို သနပ်ခါးတုံးများစွာဖြင့်တွေ့ရသည်။ မုံရွာမှ
အရာတော်လမ်းတလျှောက်တွင်လည်း သနပ်ခါး
စိုက်ခင်းများကို တွေ့မြင်ခဲ့ရသည်။ ရွှေဂူနီဘုရား
သည် လပြည်နေ့နှင့် စနေနေ့တိုက်ဆိုင်ပါက
လိုရာဆုတစ်ခုတောင်းလျှင် ဆုတောင်းပြည့်သည်
ဟု အတူပါလာသူအစ်မကပြောသည်။ သူမ
အမေက ကျောက္ကာသူဖြစ်သည်။ အဆိုပါ
နေ့များတွင် ဘုရား၌ လူအင်မတန်စည်သည်ဟု
သိရသည်။ကျွန်တော်တို့်ရောက်သည့်အချိန်က
စနေနေ့ဖြစ်သော်လည်း လကွယ်နေ့ဖြစ်နေသည်။ သို့သော်ဘုရားမှာ လူစည်ကားပါသည်။

ရွှေဂူနီဘုရားဖူးပြီး ထန်းဇလုပ်ချောင်းလေးရှိရာသို့
ထွက်ခွာခဲ့သည်။ ဘုရားမှ ၁၀မိနစ်ခန့်မောင်းပြီးသော
အခါ ရောက်လေသည်။ ထန်းဇလုပ်ချောင်းလေးက
မမှတ်မိအောင်ပင် ပြောင်းလဲနေပေတော့သည်။
အတူပါလာသူအစ်မက ကားဆရာရပ်ရပ်
ရောက်ပြီဟု ပြောယူရလေသည်။ ထိုအစ်မက
ချောင်းသို့ ၃ ၄ခေါက်ရောက်ဖူးသည်။ ချောင်း
က အတော်ပြောင်းလဲသွားသည်။ သဲမြေများ
မရှိတော့ချေ။ ချောင်းကို ကန့်လန့်ဖြတ်၍
ကွန်ကရစ်ကားလမ်းဖောက်ထားသည်။
စီမံကိန်းဆောက်လုပ်နေကြသည်။ စီမံကိန်းမှကား
များက အဆိုပါချောင်းကိုဖြတ်ထားသည့်
ကွန်ကရစ်လမ်းမှ မောင်းနှင်နေကြသည်။

ထန်းဇလုပ်ချောင်းလေးက ကွန်ကရစ်လမ်း
တစ်ဖက်မှာ မြက်ရိုင်းပင်များပေါက်ရောက်နေသည်။
အခြားတစ်ဖက်မှာ ကျောက်ပြား ကျောက်လွှာချပ်များကို ဖြတ်၍ ဟိုးအဝေးမှာ ချောင်းအတွင်း
ရေအပြည့်ဖြင့်ရှိနေလေသည်။ သဲချောင်းနှင့်
လက်ယက်တွင်းကလေးများတော့ မရှိတော့ပေ။
ဖုန်တထောင်ထောင်နှင့် မောင်းနှင်နေသည့် စီမံကိန်း
ကားကြီးများကိုသာမြင်နေရပေတော့သည်။

”အလာကောင်းပေမဲ့ အခါနှောင်းခဲ့ပေါ့
ထန်းဇလုပ်ရယ်”

ဟုသာ စိတ်မှာရေရွတ်ရင်း
အရာတော်လမ်းမကြီးမှ မန္တလေး သို့ ပြန်ခဲ့ပါ
တော့သည်။

image

image

Author @htwegyi
Photo @htwegyi
MSC.036

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thanks esteemapp

Congratulations! This post has been upvoted from the communal account, @minnowsupport, by htwegyi from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

👍👍👍

ထန်းဇလုပ်ချောင်းကိုမရောက်ဖူးသေးဘူး

ထန်းဇလုပ်က ဟိုးယခင်ကလောက် မလှတော့ဘူး သိပ်ကြည့်စရာမရှိတော့ပါဘူးဗျာ

ရည်းစားဘဝက တစ်ခေါက်ရောက်ဖူးပါရဲ့ဗျာ

Posted using Partiko Android

ကြည်နူးစရာ အချိန်လေးတွေပ

ခရီးသွား တာ​ကောင်းပါတယ်​....သာယာလိုက်​တာ.....👍👍

Posted using Partiko Android

ဟုတ်တယ်ဗျ ပတ်ဝန်းကျင်အသစ်နှဲု့ရှုခင်းတွေက
မျက်စိအေးစေတယ်

လွမ်းစရာ နှမျောစရာကြီးပါ ။

လွမ်းမျောစရာကြီးပေါ့ ကိုချစ်ရာ

Coin Marketplace

STEEM 0.31
TRX 0.12
JST 0.034
BTC 64742.01
ETH 3172.49
USDT 1.00
SBD 4.10