နွေရယ် မီးရယ် မန္တလေးရယ်

in #myanmar5 years ago (edited)

image

နွေရာသီရောက်လာပြီဆိုတော့ ကျွန်တော်တို့
မန္တလေးသူ မန္တလေးသားများ မီးဘေးအန္တရာယ်
အတွက်စိုးရိမ်သောက ရောက်ကြရသည်။
ဟုတ်တယ်ဗျာ နေမှ မပူသေးခင် ဆောင်း
အထွက်မှာပင် လောင်လိုက်သည့်မီး၊ အော်လိုက်
သည့် မီးသတ်ကားသံဆူညံနေသည်။
ငယ်စဉ်အချိန်က မီးသတ်ကားအသံကြားလျှင်
အိမ်သာသို့ပြေးရသည်။ မီးသတ်ကားသံကို
ကြောက်တာ။

”ဝေါ....ဝေါ...”

မီးသတ်ကားသံကြားပြီဆိုသည်နှင့် ရင်များတုန်ကာ
နေစရာမရှိတော့ပေ။ ညအချိန်မှာဆို ကောင်းကင်
ယံမှာ မီးတောက်များဖြင့် ရဲနေသည်ကိုကြည့်ရသည်မှာ ကမ္ဘာပျက်သည့်အလား။ အထူးသဖြင့်
နွေရာသီ တောင်လေးရူး တဟူးဟူးတိုက်ပါလျင်
မီးလုံးကြီးတွေများလွင့်လာမလား ဟုစိုးရိမ်ထိတ်
လန့်ခဲ့ဖူးသည်။ သင်္ကြန် မတိုင်မီ လောင်သည့်မီး
ဆိုပါလျင် ဓာတ်ဆီများကို အိမ်တိုင်းလှောင်ထား
ကြသည်ဖြစ်၍ အင်မတန်ထိတ်လန့်လှသည်။
လူကြီးများ၏ ထိုအကြောင်းအရာများ ပြောသံ
များကြားကာ တွေးကြောက်ရပါသည်။

image
image source

မန္တလေး သည် မီးကို ထိတ်လန့်ခဲ့သည်။ မီး၏
နှိပ်စက်ခြင်းကို ခံခဲ့ရသည်။ မီး၏ ရက်စက်ခြင်း
ကိုခံခဲ့ရသည်။ မီးကြောင့် ဘဝတွေပျက်ခဲ့ရသည်။
မီးနှင့် မန္တလေး ၊ မန္တလေး နှင့် မီး က မန္တလေးသားများကို မေ့မရအောင် တခါက အမှတ်တရဖြစ်
စေခဲ့သည်။ အထူးသဖြင့် ကျွန်တော်တို့ငယ်စဉ်က
ကြောက်စရာကောင်းပြီး အထိတ်တလန့်ဖြစ်စေ
ခဲ့သည်။ မန္တလေးမြို့ကြီး မီးလောင်သည်မှ
ဟုတ်ရဲ့လား စစ်ဖြစ်သွားသလားဟု နိုင်ငံခြားသား
များက ထင်မှတ်ခဲ့ကြသည်။

မှန်ပါသည်။ အံ့သြစရာကောင်းလောက်အောင်
ပင် မန္တလေးမြို့ကြီးကို သွေးပျက်စေခဲ့သည့်
1984 ခုနှစ်က မန္တလေး မြို့လယ်မီး၊ ဦးကျားကြီး
ဝင်းတွင် လောင်ခဲ့သောမီးဖြစ်သည်။ လေးထောင့်
စပ်စပ်ဝင်းကြီးအတွင်းက နေအိမ်များသည်
ကြပ်ညပ်ကာ ဝင်ပေါက် ထွက်ပေါက်ပိတ်
ခြင်း၏ ဆိုးကျိုးကို ခံစားလိုက်ရသည်။
ယခုထိလည်း မန္တလေးသားတို့က အမှတ်မရှိ
ချေ။ လောဘသားအချို့တို့ က ရပ်ကွက်အတွင်းရှိ
အဝင်အထွက်လမ်းများကို ခိုးယူကာခြံဝင်းခတ်
ကြသည်။

image
image source

မြေဈေးများတက်၍ လမ်းကိုခိုးကာ ခြံဝင်းခတ်
ကြသည်။ အရေးအကြောင်းရှိက ကားအဝင်အထွက်ပင် ဝင်ထွက်မရပေ။ တချို့ရပ်ကွက်များတွင်
ကားမပြောနှင့် ဆိုင်ကယ်ပင် အတော်ဝင်ကြရသည်။
လူတို့လောဘများက ကိုယ့်အတွက်သာကြည့်ကြ
သည်။ ရေရှည်ကိုမကြည့် အန္တရာယ်လဲမသိကြ
တော့ပေ။ ပေါများလာသည့် ဆိုင်ကယ်များ
သည်လည်း အိမ်တိုင်းတွင်ရှိလေသည်။ ဆိုင်ကယ်ကပေါ၊ ကားများပေါသည့် ယနေ့ခေတ်အခါကြီး
တွင် အိမ်မရှိသော်လည်း ကားဝယ်စီးကြသည်။
လမ်းအကြိုအကြား ကွက်လပ်ရှိသည့်နေရာများ
တွင် ကားပါကင်များထိုးကြသည်။

ဟိုတလောက လောင်သည့်မီးတွင် ရပ်ကွက်
အတွင်းသို့ မီးသတ်ကားဝင်မရသဖြင့် အချိန်မီ
မီးငြိမ်းမသတ်နိုင်ခဲ့ပေ။ နေအိမ်များမီးလောင်နေ
သည်ကို အဝေးမှပင်ကြည့်နေခဲ့ရသည်မှာ
ရင်နာစရာ ကောင်းလှသည်။ နေအိမ်များက
ဖြစ်သလို ရသလိုဆောက်ထားကြသည်။
အရေးအကြောင်းမီးလောင်သည့်အခါမှာ
ဒုက္ခရောက်ကြရသည်။ ကလေးနှင့် သက်ကြီး
ရွယ်အိုများ မသေသင့်ဘဲ သေဆုံးခဲ့ကြသည်။
ကြေကွဲစရာကောင်းလှပေသည်။

လစ်သည့် လပ်သည့်ကွက်လပ်နေရာများတွင်
ကား၊ ဆိုင်ကယ်များကို အမိအရထိုးကြသည်။
တိုးပွားလာသော လူဦးရေများ၊ များပြားလာသော
ယာဉ်များနှင့် ကြီးမားလာသော လောဘများကြား
မန္တလေးရေ ဘုရား တရားသာ တ ကာနေပါတော့
လို့ ပြောလိုက်ချင်ပါတော့သည်။

@htwegyi
MSC.036

Sort:  

မီး​အ​ကြောင်းက​တော့မ​​ပြောပါနဲ့​တော့ဗျာ​ကြောက်​လွန်းလို့

မီးသုံးတတ်ရင် မိတ်ဆွေ
မသုံးတတ်ရင် ရန်သူပါ

@htwegyi, အီး စ တင်း ကို အ သုံး ပြု သည့် အတွက် ကျေး ဇူး တင် ရှိ ပါ သည်။

ဟုတ်ကဲ့ ကျေးဇူးပါ

Congratulations! This post has been upvoted from the communal account, @minnowsupport, by htwegyi from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

👍👍👍

နွေ​ရောက်​​တော့မီး​ဘေးအန္တရာယ်​အတွက်​ပူပန်​ရ​တော့မယ်​....ဂရုစိုက်​သင့်​ပါတယ်​...​ကြောက်​ဖို့​ကောင်းလို့......

Posted using Partiko Android

ဟုတ်တယ် ဟိုးအရင်ကကြောက်ဖို့ပိုကောင်း ခုတော့ တိုက်တွေများလာတော့ နည်းနည်းသက်သာလာမလားလို့ ထင်ရတာပ

မန်းမီး ခဏခဏ ပျက်လားဗျ

Posted using Partiko Android

မီးမပျက်ပါဘူး ပျက်လည်းခဏလေးပျက်ပြီးပြန်လာပါတယ်

ရန်သူငါးပါးထဲက မီးဘေးအန္တရာယ်ဟာ အလွန်ကြောက်စရာကောင်းပါတယ်။နွေရာသီဆိုတော့ ပိုပြီးသတိထားကြရမှာပါ။

မီးက သူခိုး ဓားပြထက်ဆိုးတဲ့ရန်သူကြီးပါ
ငယ်စဉ်က ကိုယ့်တွေ့ကြုံထားတော့ လန့်နေရတယ်

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thanks esteemapp

နွေရာသီအရောက် မီသတိထားရတော့မယ်…

Posted using Partiko iOS

ဒါပေါ့ မီးဘေးရှောင်လို့ မလောင်ခင်တားကြပါ

👍👍👍

အလိုလေး အများကြီးဘဲနော် ကြောက်စရာကြီး

နား နှာခေါင်း မျက်စိဆေးရုံးကို လွန်သွားသေးတယ်
လောင်စရာမရှိတော့မှ မီးကရပ်တာ အတော်ကြောက်စရာကောင်းခဲ့တာ

ဦးကျားကြီးမီးရဲ့ ခြေရာတွေပေါ့

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 64999.89
ETH 3101.81
USDT 1.00
SBD 3.87