ခွေးပြဿနာ Dog trouble

in #myanmar5 years ago (edited)

image

Facebook မှာ ပြဿနာတက်နေသည့် ကိစ္စဗျာ။
အဲ့ကိစ္စက ကိုယ့်အိမ်ကို တံခါးခေါက်လာတယ်။
Facebook မှာ အဆိုပါကိစ္စတက်လာကတည်းက
ကိုယ်တွေက အဲ့ခွေးတွေကို ရှင်းလင်းစေချင်တာ။
သတ္တဝါတွေ ချမ်းသာပါစေဆိုပြီး ကိုယ့်ကိုလာကိုက်
နေသည့်အခါမှာတော့ မချမ်းသာပါစေနဲ့ အထဲ
ထည့်ရပေမည်။

တစ်နေ့က တူမဖြစ်သူရဲ့ လုပ်ငန်းခွင်မှာ ခွေး
တစ်ကောင်က တူမရဲ့ ခြေထောက်ကို ဟပ်လိုက်
သည်။ ဒဏ်ရာက မကြီးပေသည့် ခြစ်ရာဖြစ်သွား
သည်။ နောက်တစ်နေ့မှာ ခြစ်ရာလေးက ယောင်
လာသည်။ ငါ့တူမ မပေါ့နဲ့ ဆေးရုံသွားပြီး
ကာကွယ်ဆေးထိုးချေဟု ပြောရသည်။ တူမဖြစ်
သူက ကိုယ်ပြောတော့ မထိုးဘူး ပေါ့ပေါ့တန်တန်
အောင်းမေ့နေသည်။ သူ့အလုပ်ရုံကို သွားတော့မှ
သူ့ကိုက်သည့်ခွေးက အခြားလူများကိုလည်း
လိုက်ကိုက်ထားသည်။

v666l9elgj.jpg

o0wrf4ydtl.jpg

သူမတို့ရုံးမှာ အစောင့်အရှောက်ရရန် ခွေးများကို
မွေးထားသည်။ ခွေးများက သူမအပါအဝင်
သုံးလေးငါးဦးထိ ကိုက်လာခဲ့သည်။ သူမတို့
အရာရှိက ခွေးတွေကိုရှင်းပစ်ရန်ပြောကာ
ခွေးကိုက်ခံရသူများကိုလည်း မန္တလေးပြည်သူ့
ဆေးရုံကြီးတွင် ကာကွယ်ဆေးထိုးခိုင်းသည်။
ထို့ကြောင့် သူမတို့ရုံးမှ ခွေးကိုက်ခံရသူများသည်
ဆေးရုံကြီးမှာ သွားရောက်ဆေးထိုးကြသည်။
ဆေးရုံကြီးမှ ကာကွယ်ဆေးကို အခမဲ့ထိုးပေး
သည်။

h0tkn3dda3.jpg

ဆေးရုံကြီးမှ ဆရာဝန်မလေးများက ခွေးကိုက်ခံရသူသူမတို့အဖွဲ့အား လက်မောင်းနှစ်ဖက်၊ တင်ပါးနှင့်
ခွေးကိုက်သည့်နေရာများကို ဆေးထိုးပေးသည်။
စုစုပေါင်း ဆေးလေးချောင်းထိုးရသည်။
ထိုးဆေးကို အခမဲ့ထိုးပေးပြီး သောက်ဆေးများကို
ငါးထောင်ဖိုးဝယ်သောက်ရသည်။ ကာကွယ်ဆေးကို
သုံးရက်၊ လေးရက်၊ ငါးရက်ခြား၍ လေးကြိမ်
လေးခါတိတိ ထိုးရမည်ဖြစ်သည်။ ဆရာဝန်မလေးများက ဆေးထိုးပျက်ကွက်၍ မရပါကြောင်းမှာကြားလိုက်သည်။

cabn02kv04.jpg

မြန်မာပြည်မှာ ခွေးလေခွေးလွင့်များက တစ်နေ့
တစ်ခြားပေါများလာသည်။ ရပ်ကွက်များနှင့်
အချို့လုပ်ငန်းခွင်များတွင် ညရေးညတာ အစောင့်
အရှောက်ရသည်ဆိုကာ မွေးထားကြသည်။
ကိုယ်စားသည့် ထမင်းဟင်းကျန်များကို ကျွေးကာ
မွေးထားသည်။ ခွေးကို စနစ်တကျမွေးသူက ရှားလှသည်။ ခွေးကိုက်၍ ခွေးရူးပြန်ရောဂါခံစားနေရသူ
ကလေးများကို facebook မှာတွေ့ရှိရသည်မှာ
စိတ်မကောင်းခြင်းနှင့် ရင်နာစရာကောင်းလှသည်။
ထိုကြောင့်ခွေးလေခွေးလွင့်များ အန္တရာယ်ကို
သတိထားလာရသည်။

1m0oyoircm.jpg

ညနေ ကိုယ်တွေလမ်းလျှောက်ထွက်သည့်အခါ
ခွေးအုပ်စုများကို သတိထားကာရှောင်၍
လမ်းလျှောက်ရသည်။ လမ်းမများပေါ်တွင်
ခွေးများက တစ်နေ့တစ်ခြားတိုးပွားလာသည်။
ကျွန်တော်တို့ တိုက်တန်းတွင်လည်း ခွေးကောင်ရေ
တော်တော်များနေသည်။ ညအချိန်များတွင်လည်း
ခွေးတို့က အုပ်စုလိုက် အူသံကို ကြားရသည်မှာ
ကြက်သီးထဖွယ်ကောင်လေသည်။ ခွေးမများ
ခွေးပေါက်လေးတွေ မွေးသည့်အချိန်ဆို သတိထား
ရသည်။ ခွေးမက သူ့ကလေးတွေကို ရန်ပြုသည့်
အထင်နဲ့ အနီးလာသမျှလူတွေကို ရန်ပြုကာ
ကိုက်တတ်သည်။

aekcxdn0bx.jpg

ခွေးများက လူနှင့်အနေနီး၍ ချစ်ခင်စရာကောင်း
သည်။ သို့သော် တိရစ္ဆာန်တို့မည်သည် ပြောမရ
တတ်ပေ။ အသိဥာဏ်ရှိသည့်လူတို့ပင် တခါတရံ
ဖောက်ပြန်တတ်သည်။ အသိဥာဏ်နည်းပါးသော
ခွေးတိရစ္ဆာတို့က ရန်မူလာပါက အသက်အန္တရာယ်
ထိခိုက်တတ်ပါသည်။ သို့ပါသောကြောင့် ခွေးများ အန္တရာယ်မှသတိပြု ရှောင်ရှားနိုင်ကြပါရန်
အသိပေးနိုးဆော်လိုက်ရပါသည်။

@htwegyi
Photo @htwegyi
MSC.036

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thanks esteemapp

Congratulations! This post has been upvoted from the communal account, @minnowsupport, by htwegyi from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

👍👍👍

ခွေးပြဿနာ ဂရုစိုက်ပါ
ဒီနေ့ intro စတင်ပြီ ဦးထွေးရေ

Posted using Partiko Android

ဟုတ်တယ်ဗျာ ခွေးရူးရောဂါ အတော်ကြောက်စရာကောင်းတာ
FB က ကလေးတွေမြင်ရတာ စိတ်မကောင်းဘူး

ခွေးတွေက တစ်ခါတစ်ရံမှ ဖောက်ပြန်တာ လူတွေက အမြဲတမ်းဖောက်ပြန်နေတယ် 😂

မှန်ပါတယ် ခွေးထက်မိုက်တဲ့လူတွေပေါ့ဗျာ 😁

ကို ထွေး ခွေးအကြောင်း ရေးမှ စလုံးက ခွေးတွေ အကြောင်း ဆောင်းပါး ရေးရအုံးမယ်။ စလုံးက ခွေးတွေက သနားစရာကောင်းပါတယ်။

စလုံးက ခွေးတွေက ဘယ်လိုသနားစရာကောင်းတာလဲ ကိုဟင် ပိုစ့်ရေးတင်ပြပေးအုံးဗျာ

ခွေးကိုက်ခံရရင် ကာကွယ်ဆေး ထိုးပါ အေ
တော်သေးတာပေါ့ ဆေးရုံမှာ ကာကွယ်ဆေး ရှိလို့
အပြင်မှာ ဝယ်ထိုး ရရင် ၁သိန်းခွဲ အောက်ထစ် ကုန်တယ် ဒဲ့ တော့

အမငီး ၁သိန်းခွဲတောင်လား တို့မန်းလေးဆေးရုံကြီးမှာ ဖရီး နီးစပ်ရာလက်တို့လိုက်ပါအေ

Coin Marketplace

STEEM 0.25
TRX 0.11
JST 0.032
BTC 62432.37
ETH 3003.22
USDT 1.00
SBD 3.78