လောဘ၊ ဒေါသ၊ မောဟများကြောင့် မေတ္တာဓာတ်တို့ ခမ်းလေရော့သလား။

in #myanmar5 years ago (edited)

ကျွန်တော့်အမေမှာ မောင်နှမ (၈)ယောက်ရှိသည်။
မိန်းကလေးခြောက်ယောက်၊ ယောက်ျားလေး
(၂)ယောက်ဖြစ်သည်။ စုစုပေါင်း (၈)ဦးအနက်
ကျွန်တော့်အမေနှင့် ညီမတစ်ယောက် ပေါင်း
နှစ်ယောက်သာကျန်တော့သည်။ ကျန်ညီအစ်ကို
မောင်နှမများက ဆုံးပါးသွားပြီးဖြစ်သည်။
အမေ့ညီမကကျွန်တော်အဒေါ်က ချမ်းသာသည်။
ပစ္စည်းဥစ္စာအမေ့ထက်ချမ်းသာသော်လည်း
စိတ်ချမ်းသာမှုကအမေ့ကို မမှီပေ။

image

အဒေါ်က တိုက်ကြီးထဲမှာ တစ်ယောက်ထဲနေရသည်။
သားသမီးများက သူတို့ အိမ်ထောင်များနှင့်ဖြစ်ပြီး အတူနေသားတစ်ယောက်ကလည်း ဈေးချိုမှာ
ဈေးရောင်းသည်။ စကားပြောဖော်မရှိပေ။
ညနေမှ မိသားစု နှစ်ယောက်စုံသည်။ကျွန်တော့်
အမေက ဝန်ထမ်းတိုက်ခန်းမှာနေ၍လူဦးရေ
များပြားသည်။ စကားပြောဖော်ရှိသည်။
စားချင်သည့်မုန့်ဝယ်စားရသည်။ ဝန်ထမ်းတိုက်ခန်းများဖြစ်၍ ဈေးသည်ပေါများလှသည်။

အဒေါ့် မှာ သားသမီး ခုနှစ်ဦးရှိသည်။ ယောက်ျား
၅ ဦး၊ မိန်းကလေး ၂ ဦးဖြစ်သည်။ ယခုအခါမှာ
မိန်းကလေး ၂ဦးနှင့် ယောက်ျားလေး ၂ ဦးဆုံး
သွား၍ ယောက်ျားလေး ၃ဦးသာကျန်တော့သည်။
မိန်ကလေး ၂ဦးမှာ တစ်ဦးက ကျွန်တော့်အောက်
ငယ်ပြီး တစ်ဦးက ကျွန်တော့်ထက်ကြီးသည်။
ထိုအကြီးမကြီးအကြောင်းရေးပြချင်ပါသည်။
ယခုစာရေးချိန်မှာ သူမဆုံးပါးသွားသည်မှာ
၈ နှစ်ခန့်ရှိပြီးဖြစ်ပါသည်။

image

သူတို့ညီအစ်မများသေဆုံးသည့်က ထူးဆန်းပေ
သည်။ အငယ်မလေးဆုံးသည်မှာ သူမလက်ညှိုး
တွင် ခူနာပေါက်သည်။ ခူနာဆိုသည်မှာ ကျွန်တော်
တိုအခေါ်ဖြစ်သည်။ လက်ညှိုး တွင်ပြည်တည်ကာ
လက်ညှိုးတစ်ချောင်းလုံးယောင်လာသည်။
လက်ညှိုး ခူနာအား ဒီလိုပဲ မြန်မာဆေးလေးလူးကာ
ပျောက်မည်ထင်ခဲ့သည်။ သူမတို့မိသားစုသည်
ပြင်ဦးလွင် တွင် ခြံဝယ်ထားသည်။ ကျောင်းပိတ်
ဈေးပိတ်ရက်များတွင် ဆန်နီကားလေးဖြင့်
မိသားစု ၃ဦး ပြင်ဦးလွင်သွားကြသည်။ အစ်မကြီးက ကားမောင်းသည်။ အမေဖြစ်သူနဲ့ ညီမတို့
ကားခေါင်းမှာ ၃ဦးစီးကြသည်။

ပြင်ဦးလွင် တွင် ၁ညအိပ်ကြသည်။ ညအိပ်ရင်း
အငယ်မလေးမှာ လက်မှ အနာကြောင့် အပျင်းဖျား
လေသည်။ အဖျားကြောင့် သတိလစ်၍ သူမတို့ မိသားစုသည် မနက်စောစောတွင် မန္တလေးသို့
ကားဖြင့်ဆင်းခဲ့သည်။ မန္တလေးသို့ ပြန်ခဲ့ပါသော်
လည်း ကားပေါ်မှာပင် အငယ်မလေးမှာ လက်
အနာကြောင့်သေဆုံးလေသည်။

image

အကြီးမကြီးက ပညာရေးတက္ကသိုလ်မှ ဆရာမ
ဖြစ်သည်။ သူမတို့မိသားစုသည် အစားအသောက်
ကို များစွာစားသောက်နိုင်ကြသည်။ အထူးသဖြင့်
အသား၊ ငါးများကို သုံးလေးငါးပိဿာဝယ်ကာ
ချက်စားကြသည်။ အသားဟင်းများကို သွားရည်စာ
လိုစားကြသည်။ အမကြီးက ဟင်းချက်အင်မတန်
ကောင်းသည်။ သူတို့အိမ်သို့ ကျွန်တော်တို့ အလည်
သွားပါလျှင် ထမင်း အတင်းကျွေးသည်။ အသား
ဟင်းတုံးများ ကို အတင်းထည့်စားစေသည်။
ကျွန်တော်တို့က အသားဟင်းတစ်တုံးနှင့် အနှစ်များ
စားနေကျဖြစ်၍ သူတို့ထည့်ပေးသလောက်
မစားနိုင်ကြပါ။

အစ်မကြီးသည် သူ့ဆန်နီကားလေးကို မောင်းရာ
မှာ အင်မတန်ကျွမ်းကျင်သည်။ ဥပုသ်နေ့တိုင်း
ပြင်ဦးလွင် သွားရသဖြင့် တောင်ဆင်း၊ တောင်တက်လမ်းများကို အလွတ်ရကာ ကားမောင်းကျွမ်းကျင်လှသည်။ အစ်မကြီးခြေဖဝါးတွင် မှဲ့တစ်လုံးရှိသည်။ ထိုမှဲ့ကြောင့် ကားဘရိတ်နင်းရာမှာ ခုလုခုလုဖြစ်၍ မှဲ့ကို အပ်နှင့် ထိုးကော်သည်။ ထိုအပ်နှင့် မှဲ့ကို
မကြာခဏထိုးဆွသဖြင့် နောင်တွင် သူမပေါင်၌
အကျိတ်ဖြစ်လာသည်ဟုသိရှိ ခဲ့ရသည်။

image

သူမသည် ပေါင်မှအကျိတ်ကိုခွဲရန် သူမအမေကို
ပြောပြခဲ့သည်။ သူမအမေက ပေါင်အကျိတ်က
ခွဲစရာမလိုပါဘူးဟုပြောသည်။ အစ်မကြီးသည်
လအတော်ကြာမှ ပေါင်အကျိတ်ကိုခွဲသည်။
ပေါင်အကျိတ် ခွဲရာတွင် ကျွန်တော်အစ်မကို
အစောင့်ခေါ်သည်။ ပေါင်အကျိတ်ခွဲပြီး
မကြာခင်မှာ ရင်ဘတ်တွင်အကျိတ်များတွေ့၍
ကျွန်တော်အစ်မ ထပ်မံခွဲရန်ပြောသည်။

သိုသော် သူမက ပိုက်ဆံစုပြီးမှ ခွဲမည်ဟုပြောသည်။ကျွန်တော့်အစ်မက ဒေါ်ကြီးကိုပြောပြီးခွဲရန်
ထပ်မံပြောသည်။ အစ်မကြီးတို့သားအမိက
စိတ်ဆိုးနေ၍ ကြားဝင်ပြောပေးရသည်။
အစ်မကြီးတို့် သားအမိသည် သူတင်း ကိုယ်
တင်းဖြင့် ဆေးရုံမပြဘဲနေလာသည်။ နောက်ဆုံး
အစ်မကြီးအိပ်ယာထဲတွင်မထနိုင်တော့မှ
ဆေးရုံတင်လိုက်ရသည်။ ဆေးရုံသို့ရောက်သော
အခါ အကျိတ်များက ဦးခေါင်းသို့ရောက်ရှိနေပြီ
ဖြစ်သည်။

ဆေးရုံကြီးတွင် ဦးခေါင်းခွဲစိတ်ပြီး ၃ရက်အကြာ
မှာ အစ်မကြီးဆုံးလေသည်။ သားအမိ၊ အမေနှင့်
သမီး မာနထားကြသဖြင့် နောက်ဆုံး အသက်ဆုံး
လေသည်။ လောဘ၊ ဒေါသ၊ မောဟများကြောင့်
မေတ္တာဓာတ်တို့ ခမ်းလေရော့သလား။ သူတို့ မိသားစု၏ချမ်းသာမှုက ချမ်းသာသုခကို
မဖြစ်စေပဲ အတ္တနှင့် မာနကို ဖြစ်စေခဲ့တော့
သည်။

@htwegyi
Photo @htwegyi
MSC.036

Sort:  

ဦးထွေးက အခု ဘဝကို ကျေနပ်နေတယ်ပေါ့လေ

ဘဝကို နေတတ်အောင်နေပြီး ကျေနပ်နေရတာပ ကိုစော

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thanks esteemapp

ဒေါသမထား မေတ္တာပွားနိုင်ကြပါစေ

Posted using Partiko Android

မေတ္တာနှလုံးကိုယ်စီသုံးစွဲနိုင်ကြပါစေ

Congratulations! This post has been upvoted from the communal account, @minnowsupport, by htwegyi from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

👍👍👍

ဟုပ်​ပါ့ဆရာ ​လောဘ​ဒေါသ​တွေ​ကြောင့်​ ​မေတ္တာဓာတ်​​တွေလဲခမ်းကုန်​ကြ​လေပြီ

Posted using Partiko Android

မေတ္တာဓာတ်လေးတွေ ပြန်စိုပြေလာပါစေ

ဟုပ်​ပါ့ဆရာ​ရေ လူ​တွေလဲ ​မေတ္တာဓာပ်​​တွေ​ခေါင်းပါးကုန်​ပြီ

စားဝတ်နေရေးကြီးက ခက်ခဲလာတာကို
ခက်ခဲပင်ပန်းတော့ စိတ်တွေလည်းကြမ်းတမ်းလာကြတာ

အင်း

Posted using Partiko Android

ဘုရား ...

Coin Marketplace

STEEM 0.37
TRX 0.12
JST 0.040
BTC 70162.45
ETH 3540.43
USDT 1.00
SBD 4.79