လောဘကို သတိထား အသိတရားလေးတွေ့ပါစေ

in #myanmar5 years ago (edited)

နိုင်ငံတော်က လှုမှုပင်စင်ကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာ
ရေးနှစ်မှာ အသက် ၉၀ကျော်သူများကိုပေးခဲ့သည်။
ယခုအခါ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင်
အသက် ၈၅နှစ်များကိုလည်း လူမှုပင်စင်
ပေးမည့်အကြောင်းသိရှိရသည်။ အဆိုပါအကြောင်းကို အမေ့ကိုပြောပြလိုင်သည့်အခါ အမေက
ပြောသည်။

image

image

”ဟဲ့ ငါ့အသက် ၈၅နှစ် ပြည့်ပလား ကြည့်ကြပါအုံး
အကျုံးဝင်ရင် ငါလဲ အဲ့ဒီဟာရမယ်ထင်တယ်”

”ဟင်အမေက အဖေ့ပင်စင်ရတယ်လေ
ပင်စင်နှစ်မျိုးကြီးဆို နိုင်ငံတော်က
မပေးလောက်ဘူးထင်တယ် အမေက
လောဘကြီးသဗျ”

”ပိုက်ဆံမယူချင်သူ မရှိပါဘူး ရရင်တော့
ယူချင်တာပေါ့ကွယ်”

”အမေက ချမ်းသာပါတယ်ဗျ တခြားဘာဝင်ငွေမှ
မရှိတဲ့ အဘိုးအဘွားတွေရကြပါစေ သူတို့ခမျာ
ဘာဝင်ငွေမှမရှိတာ ဒီငွေလေးရတော့ သုံးချင်
တာလေးသုံးရတော့ ပျော်ရှာကြမှာ။ အမေတောင်
အဖေ့ပင်စင်ရတဲ့နေ့ဆို မျက်နှာကတပြုံးပြုံးနဲ့
မဟုတ်လား”

”အံမယ်... ကျုပ်ကလောဘမကြီးပါဘူးနော်
ရတဲ့ပိုက်ဆံ ဘုန်းကြီးတို့ သီလရှင်တို့
လှူချင်လို့ပါကွဲ့”

”အမေက ပိုက်ဆံပိုလေးရှိလို့လှူနိုင်တာပေါ့
ကိုယ့်မှာစားစရာမရှိပဲတော့ ဘယ်သူမှ မလှူပါဘူး
ဟုတ်ဘူးလား”

”တကတည်း သူတို့ပိုက်ဆံက ရ ရပါစေအုံး
ကျုပ်ကိုဆရာကြီးလုပ်ပြီးပြောနေလိုက်ကြတာ။
နင့်တို့အဖေပင်စင်ငွေကို ငါတစ်ယောက်ထဲ
သုံးရတာမဟုတ်ပါဘူးတော်။ တော်တို့တွေလည်း
ဝိုင်းသုံးနေကြတာပါ”

”အမေ့ကို ဆရာလုပ်တာဟုတ်ပါဘူးအမေရာ
အမေပဲပြောတယ်လေ။ အမေစုအစိုးရကို
ကူညီချင်တယ်ဆို။ ပင်စင်နှစ်မျိုးကြီး ရမယ်ဆိုရင်
ကိုယ့်ရဲ့အမှန်တကယ်ရပိုင်ခွင့်ပင်စင်သာ ထုတ်ယူ
တာနဲ့လည်း အစိုးရကိုကူညီရာရောက်တာပဲလေ”

”အော်..အေ...အဲ့လိုလား ဒီလိုဆိုလည်း နှစ်ခုကြီး
မရချင်ပါဘူးလေ။ ကိုယ်တွေက သားသမီး
လုပ်စာရော ကိုယ့်ပင်စင်ရောဆိုတော့ ချောင်ချောင်လည်လည် သုံးရတယ်။ ကိုယ်လိုဝင်ငွေမရှိသူတွေ
သုံးကြရှာရတာပေါ့”

image

image

”အင်း...လောဘ လောဘ တယ်ကြောက်ဖို့ကောင်း
ပါလား။ ရပြီးရင်း ရချင်။ မကုန်ဆုံးနိုင် အတော
မသတ်နိုင်တဲ့လောဘအပူတွေ။ ကိုယ်တွေ
ထမင်းစားချိန်မှာ ဝဝလင်လင် အေးချမ်းစွာ
စားသောက်ရတယ်၊အိပ်ချိန်မှာ အပူအပင်မဲ့
ကြောင့်ကြမဲ့ကောင်းစွာအိပ်စက်ရတယ်
ဒါကပင် ချမ်းသာခြင်းတစ်မျိုးပါလေ”

”ဟုတ်တယ်အမေ သူများတွေ ရေဘေး
လေဘေး သဘာဝဘေးတွေနဲ့ ဒုက္ခရောက်နေကြတာ
စစ်မက်တွေဖြစ်နေကြတာ အိပ်ကောင်းခြင်း
စားကောင်းခြင်းတွေနဲ့ ကင်းကွာနေကြရတယ်
အမေ”

”အော်...ဒုက္ခ... ဒုက္ခ.. လောဘ ဒေါသ မောဟ
တွေကြောင့် ကမ္ဘာမြေက မခံနိုင်ရှာတော့တာ
နေမှာပေါ့လေ သတ္တဝါတွေ ကျန်းမာ
ချမ်းသာကြပါစေ....
ဘေးရန် ကင်းကြပါစေ ငြိမ်းချမ်းကြပါစေ.....”

အမေသည် နုတ်မှရွတ်ရင်း ဟိုးအဝေးကို
ငေးနေပါတော့သည်။

image

image

Author @htwegyi
Photo @htwegyi
MSC.036

Sort:  

အသက်အရွယ် ၈၅ နှစ်မှာပေးတယ်ဆိုပေမယ့် အဓိကတော့ မပြေလည်သူတွေကိုထောက်ပံ့တာပေါ့လေ ။အချို့ တစ် သိန်း ရှစ်တောင်မကဝင်နေသူတွေဆိုဘယ်စိတ်ဝင်စားပါ့မလဲ

Posted using Partiko Android

အမေ့ပင်စင်က တစ်လ လေးသောင်း လေးထောင်ရပါတယ် ဗျာ

တော်​လိုက်​တာဆရာရယ်​ တကယ့်​ရှားပါးစိတ်​ဓာပ်​ပါဘဲ
ယူပြီး ကိုယ့်​မြိုကိုယ့်​ရွာကလူမူ​ရေးအသင်း​တွေလူ​ပေးရင်​​ကောင်းမှာလို့အကြံညာဏ်​​ပေးပါရ​စေ

Posted using Partiko Android

နိုင်ငံတော်ကပို ပြီး ထိရောက်တာပေါ့ဗျာ

ဟုတ်​ပါတယ်​...​​လောဘကဘယ်​လိုဖြည့်​ဖြည့်​မပြည့်​နိုင်​...လို​နေတာချည်းဘဲ...အသိသတိနဲ့ထိန်းမှရမယ်​...အသိတိုးပါတယ်​...​ကောင်း​သောပိုစ့်​ပါ...

Posted using Partiko Android

ဟုတ်ကဲ့ပါဗျာ လောဘကို ဘရိတ်လေးတပ်ပေးလိုက်တာပါ

လူတိုင်း ​လောဘ​ကြောင့်​ဒုက္ခ​တွေက ပိုပိုရလာတာ​ပေါ့ဗျာ

မတော်လောဘများက ဘရိတ်ပေါက်သွားသလိုပါပဲ

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/9cdhjc7

Yes Thanks esteem

လောဘ မောဟ ဒေါသ ဆိုတာတွေကြောင့် ကျွန်ုပ်တို့၏ နေထိုင်ရာ စကြ်ာငဠာကြီးသည် မီးလောင်ခြင်း၊ လေတိုက်ခြင်း၊ ရေလွှမ်းမိုးခြင်းခံရမှာပါဗျာ။ လေဖျက်လို့ပျက်တဲ့ကမ္ဘာ၊ မီးဖျက်လို့ ပျက်မယ့် ကမ္ဘာ၊ ရေဖျက်လို့ပျက်မယ့်ကမ္ဘာ ဘယ်အရာတွေကဖျက်မလဲဆိုတာကတော့........

လူသားတွေအားလုံး တစ်နေ့သေကြရမည်ဖြစ်သော်လည်း
လောဘ ဒေါသ မောဟတွေနဲ့ မေ့ထားကြတယ်

Congratulations! This post has been upvoted from the communal account, @minnowsupport, by htwegyi from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

👍👍👍

လောဘရှေ့ထား အမှားမကင်း

Posted using Partiko Android

လောကြီးတဲ့သူတွေဆို လိမ်ရတာလွယ်သတဲ့

ဘာမှမလိုချင်တော့တဲ့နေ့က လိုအင်ဆန္ဒတွေပြည့်မြောက်တဲ့နေ့ပဲတဲ့။

မှန်ပါတယ် မသိင်္ဂီရေ လိုအင်ဆန္ဒတွေကတော့များနေသေးပ

အော် လောဘ လောဘ ကျွှန်တော်ကတော့ လိုချင်မိပါသေးတယ် vote လေးကစပေါ့ဗျာ ။

ဒါပေါ့ ဒိုမီရေ ပါဝါများတဲ့ ဗုတ်ကလေးတစ်ချက်တော့
ငါလဲ မင်းလိုပဲ ရချင်သား😁

Coin Marketplace

STEEM 0.35
TRX 0.12
JST 0.040
BTC 70753.86
ETH 3589.34
USDT 1.00
SBD 4.75