နောက်ဆုံးခရီသို့ ပို့ဆောင်ခြင်း

in #myanmar6 years ago

မသာ တစ်ခေါက် ကျောင်းဆယ်ခေါက်
ဆိုသည့်စကားနှင့်ပတ်သက်ပြီး လူအများ
လွယ်လွယ်သိကြသည်မှာ အသုဘတစ်ခါပို့ လျှင်
ဘုန်ကြီးကျောင်း ဆယ်ခါသွားသည်နှင့်
ညီမျှ သည် တူသည်ဟုဖြစ်သည်။ မိတ်ဆွေ
တစ်ယောက်က ပြောပြရာ မနေ့ကသူဖတ်ခဲ့ရ
သည်မှာ အမှန်က မသာပို့ ရာတွင် တရားကို
နှလုံးသွင်းမှတ်ပြီး ငါလည်းတစ်နေ့သေရမည်။
မသေခင်မသေမှီ လောဘ ဒေါသ မောဟ များ
တတ်နိုင်သလောက်နည်းပါးအောင်ကြိုးစား
ကာ တရားဘာဝနာများကြိုးစားအားထုတ်ရန်
အသိတရား ရရှိစေမှသာ မသာ တစ်ခေါက် ကျောင်းဆယ်ခေါက် နှင့်ညီမျှခြင်းဖြစ်ကြောင်းပြောသည်။
လူအများက အပေါ်ယံတွေးကြကာ အလွယ်တကူ
ပြောနေကြခြင်းဖြစ်သည်။

နက်နက်တွေးလေ အတွေးများက လေးနက်လေး
ဖြစ်သည်။ ကျွန်တော်တို့ ရုံးသူရုံးသားများသည်
နာရေးပို့ရာတွင် ကားတစ်စီးလုံး ကိုယ့်ရုံးသူရုံးသား
များချည်းဖြစ်၍ ပြောချင်တာပြော ဆိုချင်တာဆိုကြကာ နာရေးပို့ သည့်ကားပေါ်တွင် တစ်ဝါးဝါး တစ်ဟားဟားရီမော၍နေကြသည်။ ရုံးအုပ်ကြီးမှ
ဟဲ့နင်တို့ က နာရေးပို့ တာလား ကထိန်လှည့်တာလား ပြောယူရပါသည်။ ထိုအခါမှ အလျှိုလျှို
မျက်နှာပိုးများသတ်ကြသည်။ နာရေးဆိုသည်ကား
ကိုယ့်အပူမှ အပူလို့ ထင်ကြတော့သည်။

image
Credit sayar paw oo thet

image
Photo @htwegyi

မန္တလေးသည် ယခင်က သုဿန်များစွာရှိခဲ့သည်
အုတ်စက်၊ ခံကုန်း၊ ဆင်ဖြူကန်၊ ဂေါ်ရာအမည်
များဖြစ်သည်။ ယခုအခါ လူဦးရေအဆမတန်
များပြားလာသည့် မန္တလေးမြို့ကြီးသည် အဆိုပါသုဿန်များကိုဖျက်ပြီး လူနေအဆောက်အအုံများ
ဆောက်လုပ်နေထိုင်လာကြသည်။ သုဿန်များကို
လည်း မြို့ နှင့်ဝေးရာသို့  တောင်ပိုင်း မြောက်ပိုင်း
ခွဲခြားထားလိုက်လေသည်။ ၃၅လမ်းကို ဗဟိုထားကာ မန္တလေးမြောက်ဖက်မှလူမျာသည် ယခင်ကြာနီကန် ယခုအေးရိပ်ငြိမ်သုဿန်သို့ လည်းကောင်း
တောင်ဖက်မှ လူများသည် တောင်အင်းမြောက်အင်း
သုဿန်သို့ လည်းကောင်း နာရေးပို့မီးသဂြိုလ်ကြ
သည်။

အုတ်စက်သုဿန်နေရာတွင် မန္တလေးအိုးဘိုအကျဉ်း
ထောင် ကိုဆောက်လုပ်ထားသည်။ ဆင်ဖြူကန်သုဿန်နေရာတွင် ဆင်ဖြူကန်ကွင်းလုပ်ကာ
ပြပွဲ ပြိုင်ပွဲများနှင့် ကားမောင်းသင်တန်းများ
ပြုလုပ်ထားသည်။ ဂေါ်ရာသုဿန်နေရာတွင်
မနောရမ္မံကစားကွင်းပြုလုပ်ထားသည်။ ကြာနီကန်
သုဿန်သည် ကြာနီကန်ရွာသားများက သူတို့ ရွာအမည်ကိုသုဿန်အမည်ပေးထားသည်ကို မနှစ်သက်
မကြိုက်ကြ၍ ကြာနီကန်မှ အေးရိပ်ငြိမ် ဟုအမည်
ပြောင်းခြင်းကို သတင်းစာတွင်ကြေငြာခဲ့သည်။

image
Credit sayar paw oo thet

အေးရိပ်ငြိမ်သို့ နာရေးလိုက်ပါပို့စဉ် ကားပေါ်မှနေ၍
ရုံးမှဝန်ထမ်းတစ်ဦးသည် မြန်မာသင်္ချိုင်းမရောက်မှီ
ပြောလိုက်သည်က-

”ဟ..တရုတ်တွေများ မန္တလေးမြို ပေါ်တွင်နေရာ
အပြည့်ယူထားတာ အားမရဘူး သင်္ချိုင်းမှာတောင် လာပြီးနေရာယူထားလိုက်ကြတာ ပန်းသေးရော
ပန်းကြီးရော အမည်တွေနဲ့ သင်္ချိုင်းမြေနေရာတွေယူထားလိုက်တာ မနည်းပါလားဟေ့”

ထိုအခါ စာရေးမတစ်ယောက်ပြောလိုက်သည်

”တိတ်စမ်းပါဟယ်”
”ကုသိုလ်လေးရမလားလို့ နာရေးလိုက်ပို့တာ
အကုသိုလ်ဖြစ်အောင် ပြောမနေနဲ့”

”အံမယ်..အံမယ် နင်ကုသိုလ်ရချင်တယ်ပေါ့
ကုသိုလ်ရတော့နင်က ဘာဆက်လုပ်မလဲ”

”ဟဲ့ ကုသိုလ်တွေနည်းနည်းချင်းစုတော့ နိဗ္ဗာန်
မြန်မြန် ရောက်တာပေါ့”

”နင်က တကယ် နိဗ္ဗာန် ရောက်ချင်တယ်ပေါ့
ငါမေးမယ် သေချာနားထောင်ပြီဖြေ အခြားသူတွေလဲဝင်ဖြေလို့ ရတယ်နော်”

”ကဲ..ခုနေ တို့အဖွဲ့ကို သိကြားမင်း ကလာပြီး
နိဗ္ဗာန် ကို သွားချင်သလား၊ လူ့ပြည်မှာ ချမ်းချမ်းသာသာလှလှပပနဲ့ လိုတရဘဝနဲ့ နေချင်သလား
မေးရင် ဘယ်သွားချင်ကြလဲ ကဲ..အမိတို့  သေချာ
ဖြေကြနော်”

ထိုအခါ ရုံးမှ အပျိုကြီး တစ်ဦး ဝင်ရောက်ပြောလိုက်သည်က-

”ဟယ်... နိဗ္ဗာန်ကိုတော့ နောက်မှသွားတော့မယ်။
အခုလောလောဆယ်တော့ လူ့ပြည်မှာ ချမ်းချမ်းသာသာလှလှပပ လိုတရဘဝပဲ ယူမယ်လို့ 
သိကြားမင်း ကိုပြောလိုက်ပါဟယ်”

သူမစကားအဆုံး တစ်ကားလုံး ဝါးကနဲ ရီလိုက်ကြ
သည်။ ပြီးမှ ပါးစပ်တွေကိုပိတ် မနည်းဘရိတ်အုပ်
လိုက်ကြသည်။

image
Credit sayar paw oo thet

”ကဲ steemit က သူငယ်ချင်းများလဲ
ဘယ်သွားချင်လဲ ဆိုတာ သိကြားမင်း ကို
အချိန်မှီသတင်းပို့ရမှာမို့
ကွန်မန့်မှာရေးပေးကြပါအုံးလို့ ”

ပျော်ရွှင်ချမ်းမြေ့ကြပါစေ.....။

Author @htwegyi
MSC.036

Sort:  

နိဗ္ဗာန်မှာ ဘာရှိလဲဟင် ဘာမှမရှိပုဆို

ရှိရင် ပူရတယ်လေ မရှိတော့ မပူအပင်ကင်းတာပေါ့

တို့ဆရာတော်က ဖြေပေးသဟ

နိဗ္ဗာန်လဲသွားချင်တယ်လူ့ပြည်မှာလှလှပပလဲနေချင်တယ်ဘယ်လိုဖြေရမှာလဲ

ဘယ်လိုပြောရမလဲပေါ့နော်
နှစ်ခုစလုံးပေါ့နော် 😁

ညမှစာဖတ်ပြီးမန့်လာရေးတော့မယ်ကိုကြီးထွေးရေ
အချိန်စောင့်နေရလို့ပါဗျာ

ဟုတ်ကဲ့ပါဗျာ

ဟိုတုန်းကတော့ မသာတစ်ခေါက် ကျောင်းဆယ်ခေါက် ဆိုတာ သံဝေဂ ရစေရန် ရည်ရွယ်ပြောခဲ့ကြပါတယ်
အခုများတော့ မသာလိုက်ပ်ုရင်း အကုသိုလ် များရပါတယ် သံဝေဂ မရကြဘဲ
မသာရှင် အတင်းအဖျင်းပြော လိုက်ပို့သူအချင်းချင်း အတင်ပြော သနပ်ခါး
အဖွေးသား ဝတ်ကောင်စားလှ များဝတ် ဟီးဟီးဟားဟား ပွဲခင်းလား အသူဘပို့လား မကွဲပြားကြတော့ပါ

ဟုတ်တယ်ဗျာ

ပျော်ရွှင်နေချိန်ကျ မသွားနိုင်ပေမယ့်
စိတ်ညစိတဲ့အခါကျ လူလောကကိုငြီးငွေ့မိတာ အမှန်ပဲ

အို နွယ်ဦးမွန်ရေ လောကြီးက ပျော်စရာ စိတ်ညစ်စရာဒွန်တွဲနေတာပ

မသာတစ်ခေါက်..ကျောင်းဆယ်ခေါက်..
ယူတတ်ဖို့ပြောတာပါ..ဘယ်နေရာကိုဘယ်နှစ်ခေါက်သွားသွား..မယူတတ်ရင်..အလကားပါဘဲနော်။

ဟုတ်ပါတယ်ဗျာ

အာ့လိုဆု​တွေနဲ့ပြည့်​မယ်​ဆို လူ့ပြည်​မှာ​နေချင်း​သေးတယ်​😂

လောကီသားတွေပဲဗျာ😁

Well done @htwegyi! You successfully guessed the match result.

Round 16 - Colombia vs England
Click on the badge to view your Board of Honor.
Do you want to know your current ranking? Read this post

Do not miss the last post from @steemitboard:
SteemitBoard World Cup Contest - Round of 16 - Day 4


Do you like the SteemitBoard World Cup Contest?
Vote for @steemitboard as a witness and get one more award!

Congratulations! This post has been upvoted from the communal account, @minnowsupport, by htwegyi from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

ဘယ်ကိုသွားစေချင်သလဲ။

အိမ်သူသက်ထားနဲ့ တိုင်ပင်ပါအုံး ဆရာတင်

တစ်နေရာစီကလာတယ်၊ တစ်ချိန်စီသွားရမှာပဲလေ၊ တိုင်ပင်လို့မရတဲ့အရာပါ။

ဟုတ်ကဲ့ပါဗျာ

နိဗ္ဗာန်ကို မျက်မှောက်ပြုလိုပါ၏ နိဗ္ဗာန်မရောက်မီ သံသရာတွင်ကျင်လည်ရလျှင်လည်း စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံသောသူ ဖြစ်လိုပါသည်။

ပြည့်ပါစေဗျာ

Coin Marketplace

STEEM 0.29
TRX 0.11
JST 0.033
BTC 63945.57
ETH 3135.76
USDT 1.00
SBD 4.00