ပေးနေတုန်း မူမနေနဲ့ ယူထားစို့ Keep it while you give it to me.

in #myanmar5 years ago (edited)

image

Steemit မှာ စာရေးခဲ့သည်မှာ ၂ နှစ်သို့ရောက်ရှိ
ခဲ့ပေသည်။ ၂နှစ်အတွင်း ပိုစ့်များစွာရေးတင်ခဲ့သည်။
ပြီးခဲ့သည့် ၂၃.၂.၂၀၁၈ ခုနှစ်တွင် Steemit မှ
ငွေထုတ်၍ သံဃာတော်များကို ရရှိသည့်ငွေလေး
ဖြင့် ဆွမ်းလောင်းလှူခဲ့သည်။ ထိုအချိန်က
1 steem = 6$ ခန့်ရရှိခဲ့သည်။ Steemit ရဲ့
ရွှေရောင်အချိန်များလို့ ပြောရပေမည်။

ယခုအခါမှာတော့ steem က ၁ ဒေါ်လာ
ရောက်ဖို့ အနိုင်နိုင်။ ၀.၅ သို့ပင်ရောက်ရှိခြင်း
မရှိသေးပေ။ ၂နှစ်အတွင်း steem power
600 စုဆောင်းမိသည်။ steemit မှာ စာရေးသူ
အလွန်ပင် နည်းပါးသွားသည်။ ကျွန်တော်တို့ရဲ့
MSC ခေါင်းဆောင် ကိုဟင်နရီအောင် ၏
မင်္ဂလာပွဲကျင်းပချိန်လည်းဖြစ်နေပါသည်။
ခေါင်းဆောင်ကိုဟင် steemit မှာခွင့်ယူထားသည်။
ခေါင်းဆောင်မရှိချိန် ဈေးကျချိန် ဆိုတော့ကာ
Steemitမှာ စာရေးပိုစ့်တင်ရသည်မှာ များစွာ
အားငယ်ရသည်။

အားငယ်ရသည်

အားငယ်သည်။

အပြင်မှာ အသံထွက်ပြီးဖတ်ကြည့်ပေးပါ။

image

Steemit ၏ အခြေအနေအကြောင်းအရာလေးများကို ပြန်ပြောသူ ရေးပြသူမရှိ၍ အားငယ်ရပေ
သည်။ ယခုအခါမှာ ပြီးခဲ့သော ရက်၂၀မှစ၍
ကျုရီ တို့ အီးစတင်းတို့ ဂွတ်ကမာတို့က vote များ
ပေးကြပါသော်လည်း ပိုစ့်တစ်ခုကို 1SBD ကိုပင်
မရရှိတော့ပေ။ အားငယ်လှပေစွ။
ဟင် ... သူအားငယ်တာလည် တစ်မျိုးနော် လို့
မပြောကြေးနော့။ 1sbd မပြည့်တော့
လူကြီးမင်းတို့လည်း အားငယ်ကြမှာပ နော့။
အားငယ်တဲ့သူတွေ အဖော်လိုက်စပ်နေတာ 😁။
ဟွာလေ... 1steem ကို 30$ များဖြစ်ရင်
အားရှိလာမှာပေါ့နော် 😁 လို့။

MSC pro တင်ကြရာတွင် လူနည်းပါးသည်။
ဗုတ်သာပေးသွားကြပြီး မန့်သူနည်းပါးလှသည်။
သို့သော် စာရေးသူရှိတာပင် ကျေးဇူးတင်ရပေမည်။
ပရိုက ၃ ၄ ၅ဦးဖြင့်သာ စခန်းသွားနေရသည်။
ပရိုရသည်ပင်1sbd မပြည့်တော့ ရေးသူများ
နည်းသွားတာပ။ သို့သော် ကျွန်တော် သတိထား
မိသည်။ ပရိုပေးတာ 1sbd မပြည့်သော်လည်း
(၇) ရက်ပြည့်၍ ကိုယ့်ထံ steem, steem power
steem dollar များပေးသည့်အခါ မယုံနိုင်အောင်
အံ့သြရပေတော့သည်။ တော်တော်လေး အပေး
ကြမ်းတာကို (၇)ရက်ပြည့်၍ ထုတ်သူတိုင်း
သတိထားမိကြမည်ဖြစ်သည်။

image

ထိုကြောင့် ပေးနေတုန်း မူမနေနဲ့ ယူထားလိုက်
ရအောင် လို့ ပြောပါရစေ။

Steemit မှာစာရေးဖို့ ဟိုအကြောင်းမေးရ
ဒီအကြောင်းမေးရ။ တွေ့သမျှ ဓာတ်ပုံရိုက်ရနှင့်
ကိုယ်တွေ အလုပ်ရှုပ်လျှင် ငွေဘယ်လောက်များ
ရလို့လဲမေးကြသည့်အခါ သိန်း ၂၀ လောက်တော့
ရနေပါပြီ။ ပြောရတာကိုက အရသာရှိလှသည်။
ဟိုးအရင်နှစ်တုန်းကပါ။ ခုအချိန်မှာတော့ ၇သိန်း ၈သိန်းခန့်သာရှိသည်။ ခုတော့ မေးမှာကြောက်၍
အားငယ်ရသည်။ မေးလာခဲ့လျှင်လဲ ဖြေဖို့
အသင့်ရှိပါသည်။

”ဟိုလေ ဈေးကမငြိမ်သေးလို့ ဈေးကအတိအကျ
မရှိသေးလို့ ဈေးငြိမ်ပြီ ဈေးတက်ရင် ပြောပြမယ်
နော်”

ဘာညာပြောပြီး ကိုယ့်ဟာနဲ့ကိုယ် ကိုယ့်အရှိန်နဲ့ကိုယ်
လိမ့်နေလိုက်တာပ 😁။ မေးတဲ့ သူတွေလည်း
သိတာမှမဟုတ်တာနော့ 😁။

ဘာပဲဖြစ်ဖြစ်ပေါ့ အထက်က ပြောခဲ့တဲ့စာလေး
အတိုင်းပေါ့။

ဘာတဲ့....
ပေးနေတုန်း မူမနေနဲ့
ယူထားလိုက်ကြပါစို့ လို့ .....။

image

မှတ်ချက်။ အားငယ်တဲ့ ဆိုတဲ့စကား Steemit
က ကြားသွားသလားမသိပါ။ ကျွန်တော်က
တနင်္ဂနွေနေ့ ပို့စ်တစ်ခု အရင်တင်ထားသည်။
အဆိုပါပိုစ့် ”ပျားရည်ခွက်မှာ အဆိပ်တွေနဲ့” ကို
Steemit က ငါးကြီးတစ်ကောင် လာဗုတ်သွား
တယ်ထင်ပ 1.5 sbd ရတယ်ဗျ။ ကိုယ့်အတွက်
ငါးကြီးပေါ့နော်။ ဒီလိုဆိုတော့လည်း အားငယ်ရာမှ
ပျော်စရာကောင်းသွားပြန်ပါရော။ ဘာပဲဖြစ်ဖြစ် Steemit မှာစာရေးရတာ ရင်ခုန်ပျော်စရာ
စိတ်လှုပ်ရှားစရာကောင်းပါသည်။

@htwegyi
MSC.036

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thanks esteemapp

Congratulations! This post has been upvoted from the communal account, @minnowsupport, by htwegyi from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

👍👍👍

ပေးသလောက် ယူနေပါတယ်ဗျာ

ဒီည ကိုဟင် dinner လာမှာလားဗျ

Posted using Partiko Android

အဖော်မရှိဘူး တစ်ယောက်ထဲဆိုတော့ အဖော်ရှိသူတွေပဲ သွားကြဗျာ

အတော်လေး ရတာပဲ ဘရို။ ကောင်းပါတယ်ဗျာ

အီး စ တင်း ကို အ သုံး ပြု ၍ စာ ရေး သား သည့် အ တွက် ကျေး ဇူး အထူး တင် ရှိ ပါ သည်။

ဒီတစ်ခါလေးပါဗျာ မျက်စိလည်ပြီး လာဗုတ်သွားတာနေမှာ

Coin Marketplace

STEEM 0.30
TRX 0.11
JST 0.033
BTC 64223.84
ETH 3158.34
USDT 1.00
SBD 4.29