စောင့်နိုင်ရင် သူခိုးမိ အောင့်နိုင်ရင် အကျိုးရှိ။

in #myanmar5 years ago (edited)

image

Everything in time comes to him who knows how to wait.

စောင့်နိုင်ရင် သူခိုးမိ အောင့်နိုင်ရင် အကျိုးရှိ။

Steem ဈေးများက ကျလာလိုက်သည်မှာ
၁ပြားထိအောင်ပင်။ စောင့်နေတာ ပိုစ့်တင်ရင်း
စတင်းဈေးများ တက်လားမလာမျှော်ရင်း။

စောင့်နိုင်ရင် သူခိုးမိတဲ့

သူခိုးမိဖို့စောင့်တာဟုတ်ပါဘူးလေ။
Steem ဈေးတက်ဖို့စောင့်နေတာပါ။
အခုခေတ်မှာ သူခိုးတွေက ပေါလွန်းလို့
စောင့်နေစရာကို မလိုတော့အောင်ပါ။
ခေတ်က မူးယစ်ဆေးဝါးတွေ အလွယ်တကူပေါ
တော့ သုံးစွဲသူတွေများလာတယ်။ သုံးစွဲသူ
အများစုက လူငယ်များဖြစ်နေသည်။
ဒီတော့ ဆေးသုံးစွဲဖို့ငွေလိုအပ်သည်။ ထိုငွေရရန်
အတွက် ဘာမဆိုလုပ်ဖို့ ဝန်မလေးကြပေ။

မန္တလေးမြို့အလယ်မှာပင် လုယက်မှုတို့က
ကြောက်ခမန်းလိလိ။ တစ်နေ့က facebook
မှာဖတ်လိုက်ရသည်။ ၆၂လမ်း ရွှေဘဲစားသောက်
ဆိုင်အနီးမှာ နေ့ခင်းကြောင်တောင် မိန်းမငယ်
တစ်ယောက်၏ ပိုက်ဆံအိတ်ကို ဆိုင်ကယ်
သမားများက ဝိုင်းလုကြသည်။ မိန်းကလေး
ကလည်းဆိုင်ကယ်နှင့် သူ့ပိုက်ဆံအိတ်ကို
ပါသွားမှာစိုး၍ ပြန်လုယူသည်။ မိန်းကလေး
နှင့် လုယက်သူများ အပြန်အလှန် ပိုက်ဆံအိတ်
လုနေသည်ကို မည်သူတစ်ဦးတစ်ယောက်မှ
ဝင်ရောက်ကူညီမှုမရှိကြပေ။

7ynqph0m10.jpg
Credit Sayar Paw Oo Thet

62w1uzclgk.jpg

မိန်းကလေးသည် သူ့ပိုက်ဆံအိတ်ပါသွားမှာ
စိုးသည့်စိတ်ကြောင့် အိတ်ကိုပြန်လုရင်း
အော်ဟစ် အကူအညီတောင်းဖို့မေ့နေသည်။
လုယက်သူတို့က ပိုက်ဆံအိတ်လုရင်း မရသောအခါ မိန်းကလေးကို ကန်ကြောက်သွားကြသည်။
မိန်းကလေးမှာ ပိုက်ဆံအိတ်ပါမသွားသော်လည်း
ဒူးများပေါက်ပြဲ၍ ဒဏ်ရာများနှင့်ကျန်ခဲ့ရှာသည်။
အဆိုပါအဖြစ်အပျက်ကို ကြည့်ခြင်းအားဖြင့်
လူတို့သည် ကိုယ်နှင့်မဆိုင်၍ ဝိုင်းမကူညီခြင်း
လား၊ ကိုယ့်ကိုအန္တရာယ်ပြုမှာစိုးလို့လား၊
ဂရုဏာ စာနာမှုများပျောက်ဆုံးနေကြသလား။

ကျွန်တော်တို့မြန်မာတွေရဲ့ စိတ်ရင်းစေတနာ
များ ဟိုးယခင်က ထိုလောက်မဆိုးရွားခဲ့ပါဘူး။
တစ်ဦးနှင့်တစ်ဦး အမြင်မတော်ရင် ဝိုင်းဝန်း
ကူညီခဲ့ကြပါသည်။ မောင်ရင်းနှမ ညီရင်း အစ်ကို
ပမာ စောင့်ရှောက် ချစ်ခင်ခဲ့ကြသည်။ လောဘ
ဒေါသ မောဟတို့ များပြားလာလို့ ပျောက်ပြယ်
သွားလေသလားဗျာ။

တလောကလည်း အထက်ပိုင်းမြို့က အသိ
ကလေးမလေးတစ်ယောက် မန္တလေးမှာ အဝေး
သင် သင်တန်းလာတက်သည်။ သူ့မိဘများက
လူကြုံနဲ့ ကျွန်တော့် အိမ်ကို စားစရာနဲ့ ငွေပေး
လိုက်သည်။ ကလေးမလေးက လာယူပြီး
သူ့အဆောင် ဆိုင်ကယ်နှင့်အပြန်မှာ သူမ၏
ပိုက်ဆံအိတ်ကို လုယူခံရသည်။ လုယူသူနှစ်ဦး
က စူပါကပ်ဆိုင်ကယ်နှင့်ဖြစ်ပြီး သူမက 125
ဆိုင်ကယ်ဖြစ်သည်။ ပထမ သူမကကြောင်ပြီး
ကြည့်နေမိသည်။ နောက်မှ သတိဝင်လာကာ
ဆိုင်ကယ်ကို အရှိန်မြှင့်ပြီး လုယူသူ ဆိုင်သမား
များနောက်လိုက်သည်။

x9paf2njzy.jpg
Image credit

နှုတ်မှလည်း သူခိုးဟုအော်ရင်း ထိုလုပြေးသည့်
ဆိုင်ကယ်အား သူမဆိုင်ကယ်ဖြင့် နောက်ကနေ
ဝင်လိုက်တိုက်၏ ဆိုင်ကယ်နှစ်စီး အရှိန်မထိမ်း
နိုင်ဖြစ်ကာ လဲကျသည်။ အနီးအပါးမှ လူများ
ဝိုင်းလာကာ ကူညီထူမပေးကြသည်။ သူခိုး
နှစ်ကောင်က သူမအားရန်ပြန်လုပ်သည်။
သူမကလည်း သတ္တိရှိစွာ သူခိုးများဟုပြောကာ
သူမ ပိုက်ဆံအိတ်ကို ပြန်လုလေသည်။သူမတို့အား
ရဲစခန်းပို့လိုက်ကြသည်။ ကိစ္စအားလုံးပြီးမှ
သူမလည်းသွေးအေးသွားကာ ဒဏ်ရာ ဗလပွဖြင့်
ဆေးခန်းပြရသည်။ သတ္တိ အတော်ကောင်းသည့်
ကောင်မလေးဖြစ်သည်။ သူမလက်မှာ ဒဏ်ရာ
ရသွားသဖြင့် စတီးရိုးထည့်လိုက်ရသည်။

မိန်းမသား ဓားဆိုပြီး မထက်ဖူး မထင်နဲ့
ခရမ်းသီးဆို တိကနဲ့ပြတ်သွားမယ်မှတ်
ဆိုသည့် ကောင်မလေးမျိုးဖြစ်သည်။
Steemit လည်း စောင့်နိုင်သလောက်စောင့်ပြီး
အောင့်နိုင်သလောက် အောင့်ကာ စောင့်ပြီး
စာရေးနေပါအုံမည်။ ဟင်း... အဆုံးသတ်ကြီးက
ဘာမှလည်းမဆိုင်ဘူးနော်.....😁။

@htwegyi
MSC.036

Sort:  

စွမ်းသလောက်သာ😁😁

Posted using Partiko Android

ကိုယ်စွမ်းသလောက်တော့ ကျိုးစားခဲ့ပါတယ်.....

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thanks esteemapp

အင်းးးး ခေတ်ကြီး ကိုက အိမ်ပြင်ထွက်တော့ အလုခံရ မှားစိုးရ
အိမ်ထဲနေတော့ အနုကြမ်းစီးခံရ မှာစိုးရ

ရတနာသုံးပါး ဦးထိပ်ထားပါအေ

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 64266.94
ETH 3077.24
USDT 1.00
SBD 3.87