ကျန်းမာခြင်း သုခနှင့် ပြည့်စုံကြပါစေ
တစ်ချိန်မှာတော့ ဘာတွေဖြစ်လာမလဲမသိပါ။
Steemit မှာ post, comment and vote
ရေးတင်မရတော့ ဘာတွေဖြစ်တာလဲ။
စိတ်မှာ ဒွိဟဖြစ်ရပါသည်။ ရင်လည်းခုန်ပါသည်။
Steemit ပျက်သွားတာတော့မဟုတ်ဘူးပေါ့။
အဆင်မြင့်ပြုပြင်နေတာလို့ ရေးထားပါသော်လည်း
စိတ်မှာ ဂယောက်ဂယက်။ ၂ရက် ၃ရက်အတွင်း
နည်းနည်းတော့ စိတ်မှာ သို့လော သို့လော
ဖြစ်ခဲ့သည်။ steemit က update လုပ်တော့
ကိုယ်တွေနားရတာပေါ့ဟု စိတ်ဖြင့်ဖြေရသည်။
ယခု steemit မှာ post, comment and vote
ရေးတင်ရပြီဆိုတော့ စာရေးဖို့ အားပြန်စိုက်ရ
ပြန်ပါသည်။ စာရေးဖို့ ပျင်းကာ လက်ကတွန့်၍
နေသည်။ တစ်ရက်ခြား တစ်ခါရေးနေကျက
မရေးရသေးဟု သိသောအခါ ရေးဖို့ ပျင်းသွား
သည်။ ဒီကြားထဲ တိုက်တန်းမှာ မိုးရေပေါက်များ
ကြား လူတွေသေကာ ဖဲဝိုင်းများက စည်ကား
လှသည်။
သေဆုံးသူများက လေဖြတ်၍သေဆုံးသူ၊
ဆီးချိုဖြစ်၍ သေဆုံးသူများဖြစ်သည်။
သူတို့ကို ကြည့်၍ အမေက ဆေးများမသောက်
တော့ဟု ပြောလာသည်။ အင်္ဂလိပ်ဆေးများ
သောက်လာသည်မှာ အမေသည် တစ်လရှိပြီ
ဖြစ်သည်။ မနက် ၇လုံး ညနေ ၅လုံးသောက်ရ
သည်။ ဒါတောင် ဆီးချိုဆေးနှင့် သွေးကျဆေးများ
မပါသေးပေ။ အမေသည် ထမင်းစားရာတွင်လည်း
သုံးလေးဇွန်သာ စားသည်။ အစာနှင့်ဆေးတွင်
ဆေးကအမေ့ဗိုက်ထဲတွင် ပိုများနေတော့သည်။
”ဆေးတွေမသောက်ချင်တော့ဘူး”
”ဆေးသောက်လည်းသေ၊ ဆေးမသောက်လည်း
သေမှာပဲ”
”မဟုတ်ဘူးအမေ ဆေးသောက်တော့ အမေ့ရောဂါ
ပိုဆိုးမသွားတာပေါ့။ ထိုင်နိုင် ထနိုင်တယ်လေ။
လူတွဲပြီးလည်း လမ်းလျှောက်နိုင်သေးတယ်”
”ဒါက ဆေးသောက်နေတဲ့အကျိုးကြောင့်၊
ဆေးမသောက်ပဲနေရင် အမေအိပ်ရာထဲ
ပက်လက်ကြီး ဖြစ်နေမှာပေါ့”
ပြောနေသူ ကျွန်တော်မှာ အမေဆေးသောက်ပုံကို
မြင်နေမိသည်။ အမေက ဆေးသောက်ကြောက်သူ
ဖြစ်သည်။ ဆေးတစ်လုံးကို ရေသုံးလေးငုံဖြင့်
မျိုချသူဖြစ်သည်။ ဆေး ၇လုံးကို ရေ ၂ခွက်၊
၃ခွက်ခန့်ကုန်သည်။
”ငါအသက်လည်းကြီးပြီ ဒီဆေးတွေ မသောက်
ချင်တော့ပါဘူးကွယ်”
အမေက တောင်းပန်သော အသံဖြင့်တစ်မျိုး၊
ဆေးတိုက်မည်ဆိုလျှင် စကားမပြောပဲနှုတ်ဆိတ်
ကာနေသည်က တစ်မျိုးပြုလုပ်သဖြင့်
ကျွန်တော်မှာ အမေ့အား ဆေးမတိုက်တော့
ပါဘူးဟု ပြောရလေသည်။
တိုက်တန်းတွင်သေသူနှစ်ယောက်အနက်မှ
တစ်ယောက်မှာလူပျိုကြီးဖြစ်သည်။ လူပျိုကြီးက ကျွန်တော်တို့တိုက်တန်းမှာ ချဲထီရောင်းသူဖြစ်
သည်။ချဲရောင်း၍ ရသမျှ ငွေကို ဘဏ်မှာစုထား
သည်။တစ်နေ့ သူသည် ခြေသည်းညှပ်ရင်း အသားပါသွားကာ အနာဖြစ်လေသည်။ သူတွင် ဆီးချို
ရောဂါရှိမှန် သတိမထားမိချေ။ ခြေထောက်မှ
အနာသည် တော်တော်နှင့်မပျောက်ပဲ နေသည်။
အနာသည် ရက်ကြာလာသည့်အခါ တဖြည်းဖြည်း
ဖြင့် ပုပ်ကာ အနံ့ထွက်လာသည်။ သူ၏ဆွေမျိုးများက ဆေးရုံတက်ကုသရန်ပြောလွန်းသဖြင့်
ဆေးရုံတက်ကုသည်။ ဆေးရုံတွင် သူ့အနာအား
ဖြတ်တောက်ရန် ဓာတ်မှန်ရိုက်သောအခါ
အနာသည် ခြေထောက်တလျှောက် လှိုက်စား
နေလေသည်။ ဆေးရုံတွင် ဆီးချိုများတက်၍
မကုရသေးပဲ သုံးရက်ကြာမှာ သေဆုံးခြင်းဖြစ်
သည်။
ရောဂါကို မဖြစ်ခင်က ကြိုတင်ကာကွယ်ကြပါ
ရန်နှင့် ကျန်းမာရေး သတိရှိကြပါစေရန် တင်ပြ
လိုက်ရပါသည်။
အသက် ဥာဏ်စောင့် တဲ့
မှန်တာပေါ့အေ