ကစ်ကို နှင့် သူ့အရုပ်များ Kit Ko and His Toys

in #myanmar5 years ago (edited)

image

Kit Ko အ‌ကြောင်း ရေးပြရပါအုံမည်။ Kit Ko
နှင့် သူ့အဖွားအကြောင်းဆိုရင် ပိုမှန်ပါလိမ့်မည်။
Kit Ko သည် မူကြိုတစ်ရက်တစ်ပိုင်းသာ
တက်ခဲ့သူဖြစ်သည်။ မူကြိုတစ်ရက်တစ်ပိုင်း
တတ်ခဲ့သောKit Ko တွင် သူငယ်ချင်းမလေး
တစ်ယောက်နှင့် သူငယ်ချင်းဖြစ်ခဲ့သည်။
ထိုသူငယ်ချင်းမလေး အမည်မှာ ရွှေလုံးဟု
ခေါ်သည်။

စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များတွင် Kit Ko
တို့သားအမိသည် သူ့အဖေရှိရာ မန္တလေးသို့
ကားသို့မဟုတ် ရထားဖြင့် ပြန်ခဲ့ကြသည်။
ထိုသို့ပြန်ရာတွင် သူ့သူငယ်ချင်းမလေးကိုလဲ
Kit Ko က မန်းတလေးသို့ ခေါ်ချင်းသည်။

"အဖွား ရွှေလုံးကိုလည်း မန်းတလေးကို
ခေါ်ချင်တယ်"

ထိုအခါ အနားတွင်ရှိသည့် Kit Ko အမေက

"ဘာ နင်ကသေချင်တာလား ဘယ် ရွှေလုံး
ငွေလုံးမှ မခေါ်ရဘူး ငါလုပ်လိုက်ရ ငယ်ငယ်လေးရှိသေး ဟိုသူငယ်ချင်းခေါ်ချင် ဒီသူငယ်ချင်း
ခေါ်ချင် ဇယားတွေရှုပ်တာ"

သူ့အမေစကားကြောင့် Kit Ko သည် သူ့အဖွားနား
တိုးကပ်သွားလေသည်။ ထိုနောက် သူ့အဘွားအား
တိုးတိုးလေးပြောသည်။

ywj6b522ln.jpg

"အဖွား Kit Ko က ရွှေလုံးကို မြစ်ငယ်တံတားကြီးမှာ
ခရိုကိုဒိုင်း ပြချင်လို့ပါ"

"အေးပါ ငါ့သားရယ် အဖွားနဲ့သွားတဲ့အခါ
ရွှေလုံးကို ခေါ်ကြတာပါ့။ လာ အဘွားနဲ့ထမင်း
စားကြရအောင်"

Kit Ko သည် နေပြည်တော် မန္တလေး ရထားလမ်း
ခရီးကို အလွတ်ရနေသူဖြစ်သည်။ ကားစီးသည့်အခါ
မှာလည်း ဂိမ်းနှိပ်ရသည့်ကားမှ စီးချင်သူဖြစ်သည်။
အဖွားဖြစ်သူက Kit Ko ကို ထမင်းချော့၍ကျွေး
လေသည်။ ထမင်းစားနေရင်း Kit Ko သည်
ထ ဖောက်လေသည်။

w7ugibdwwo.jpg

"အဖွား Kit Ko အရုပ်တွေကိုလည်း ထမင်းကျွေး
ပါအုံး၊ သူတို့ တစ်ခါ kit Ko တစ်ခါ စားမယ်"

"ကဲ ဟ ငါ့သားအလှည့်"

"Kit Ko ပြီတော့ တိုင်းဂါး အလှည့်"

Kit Ko အဖွားသည် တိုင်းဂါးထိ ပြဿနာမရှိ
သေး။

"အဖွား Kit Ko ပြီးပြီ ဝူဖူး ကို ကျွေးပါအုံး"

(တောခွေး wolf ) ကို သူ့အဖွားကမသိတော့
သားရယ် ဝူဖူးကို အဖွားက မမှီတော့ ရှေ့တိုး
ပေးပါအုံး ။ အဖွားသည် တစ်ခါ သူမအားမူကြိုသွားလို့ ကစ်ကိုပြောခံထိထားတော့ မသိဘူးလို့
မပြောဘူး။နောက် ထမင်းတစ်လုပ်ကြတော့။

"အဖွား ဂရာဖီ Giraffe ကိုကျွေးလိုက်ပါအုံး"

အဲ့မှာ Kit Ko အဖွား ဒေါထပြီလေ။

"ကောင်လေး ငါရိုက်တော့မယ်နော်
ထမင်းကို ကောင်းကောင်းမစားဘူး
အင့် ....ဟ.... ငြိမ်းငြိမ်းစားစမ်း
ငါ အလုပ်ရှိသေးတယ် နင်ပြီးမှ
နင့် အရုပ်တွေ နင်ဘာသာကျွေး ဟွန့်"

Kit Ko အဖွား အားကြီးစိတ်ဆိုးသွားလေ
တော့သည်။

sxaay195se.jpg

@htwegyi
Photo @htwegyi
MSC.036

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thanks esteemapp

ကလေးတစ်ယောက်ဝန်တာ အရုပ်ဖိုးတင် မနည်းပါ

Posted using Partiko Android

ဟုတ်တယ်ကိုဟိန်းရေ

Coin Marketplace

STEEM 0.33
TRX 0.11
JST 0.035
BTC 67020.94
ETH 3270.13
USDT 1.00
SBD 4.62