မန္တလေးမြင်ကွင်း

in #myanmar6 years ago (edited)

20180707_191247.jpg

ငါနေထိုင်တဲ့
ငါးထပ်တိုက်အမြင့်
ငါစပြီးနေထိုင်စဉ်
ကြည့်လိုက်ရင် ရှင်းကနဲ
ဟိုးအရှေ့ခပ်ဝေးဝေးက
ရှမ်းရိုးမနဲ့ ပြင်ဦးလွင်
မနက်ခင်း ငါ့မျက်လုံးအပွင့်
ငါ့ရှေ့က ရှုခင်း
ပဲပြုတ်နဲ့ ထမင်း
ငါစားရင်း ကြည့်မဝတဲ့
လှပတဲ့မနက်ရှုခင်း။

မျက်လုံးကို ဒေါင့်ကပ်
မြောက်ဖက်ကိုကြည့်ပြန်တော့
ဖူးမျှော်ပေါ့ မန်းတောင်တော်
ရှုမဝ ဖူးမဝလိုက်ပါတဲ့
မန်းကျက်သရေဆောင်
ရသေ့ကြီး ဦးခန္ဓီတောင်
ဦးခိုက်ပူဇော် ရည်မျှော်ပါသည်။

အရှေ့ကို တဖန်
စေ့စေ့ကြည့်ပြန်တော့
ထုံးဖြူဖွေး စေတီလေးတွေနဲ့
မှုန်ရီဝေဝါး မြူခိုးတွေကြား
တောင်တော်ရန်ကင်း
လွမ်းဖြစ်အောင် ဖူးမိပေါ့
တူနှစ်ကိုယ်ဖူး
ကြည်ညိုထူးခဲ့တာ
သတိရမိပေါ့နော့။

ခုများမှာတော့
ထူပြောလူဦးရေ
ချိန်ညှိကာတိုးပေမို့
မိုးထိုးမျှော်တိုက်
ဆောက်လိုက်ကြအဖန်ဖန်
မြင်ကွင်းရှေ့ပိတ်ကာထား...
အော်...
မန္တလေးရေ နင့်ကိုလေ
လွမ်းလိုက်တာ....တအား...။

20180527_181805.jpg

Author @htwegyi
Photo @htwegyi
9-7-2018

Sort:  

သူ့အချိန်နဲ့သူ့အခါပေါ့ အစ်ကိုကြီးရေ

ဟုတ်ပေလိမ့် ဘိုဘိုရေ

သဘာဝတရားများပျောက်နေပါပြီ

ဟုတ်တယ်အမရေ

ဓာတ်ပုံလေးကလဲလှ၊
ကဗျာလေးကလဲ ထိမိ
ခံစားချက်နဲ့ကိုက်ညီပါ့ရှင်

ကျေးဇူးပါ နွယ်ဦးမွန်ရေ

မီးပျက် နာလား

ပျက်ပါဘူးညယ်
ညီအစ်ကိုတို့ ညီအစ်မတို့
မသိတသိအချိန်မို့

Well done @htwegyi! You successfully guessed the match result.

Semi Finals - France vs Belgium
Click on the badge to view your Board of Honor.
Do you want to know your current ranking? Read this post

Do not miss the last post from @steemitboard:
SteemitBoard World Cup Contest - Croatia vs England


Do you like the SteemitBoard World Cup Contest?
Vote for @steemitboard as a witness and get one more award!

Coin Marketplace

STEEM 0.32
TRX 0.12
JST 0.033
BTC 64647.16
ETH 3160.49
USDT 1.00
SBD 4.13