မုန်းစရာကြီး

in #myanmar5 years ago (edited)

image

Steemit ကြီးက ဘာတွေဆက်ဖြစ်လာမလဲ ?
ဘာတွေဆက်လုပ်ဖို့ ပြင်ဆင်နေလဲ ?
ဘာတွေဖြစ်လာမလဲဆိုတာ ဘာမှမသိနိုင်။
အဲ့ ဘာမှ မသိနိုင်တာကိုပင် ဘာတွေဖြစ်မလဲလို့
သိချင်စိတ်ပြင်းပြရင်း စာတွေ ဆက်ရေးနေကြ
သည်။ steemit ကြီးပျောက်ပျက်မသွားသည့်
တိုင် ရေးနေကြအုံးမည်ဖြစ်သည်။

HF21/ HF22 တွေပြီးသွားသည်။ မည်သို့မျှ
ထူးခြားမှုမရှိသေးဟု သိရသည်။ 25% မှ 50%
ဖြစ်သွားသည်။ သူဟာသူ 25% မှ 50%
ဖြစ်သွားလည်း ကျွန်တော်တို့က စာတွေ ဆက်
ရေးနေကြသည်။ power up ကြဖို့ပြောနေကြ
သည်။ သူတို့မပြောလည်း ကိုယ်တွေက
Steem Power 1000. ပြည့်အောင်စုနေသူ
ဆို့တော့ မပြောလည်း power up နေပြီသား
ဖြစ်သည်။

အဲ သို့သော်ပေါ့လေ HF21/ HF22 ကြောင့်
သူ Update လုပ်နေသည့်အချိန်များ ရက်များ
တွင် post တင်မရဖြစ်ခဲ့ရသည်။ ကိုယ်တွေက
Post ကို တစ်ရက်ခြားတစ်ခါ ရေးတင်သူဖြစ်
သည်။ HF21/ HF22 ကြောင့် ၃ရက် ပိုစ့်
မတင်လိုက်ရပေ။ ပိုစ့်တင်သည့်အခါ Esteem
App မှ ပိုစ့်တင်ကာ esteem vote ကိုမျှော်လင့်
ရယူခဲ့သည်။ တစ်ရက်ခြား ပိုစ့်တင်ပျက်သွား၍
လားမသိ esteem app က လာရောက်မဗုတ်
တော့ပေ။

6zkg456as1.png

ကိုရွှေအီးစတင်းက ရက်စက်ပေသည်။ သူ့ရဲ့
Vote လေးနဲ့ ပျော်နေရသူကို စိမ်းကားရက်သည်။
အော် ဝမ်းနည်းရပါလား esteem ရယ်။
ယခုပိုစ့်နှင့်ဆိုပါလျှင် သူလာ မဗုတ်ပါက သုံးပိုစ့်
ဖြစ်ပေတော့မည်။ ခပ်စိမ်းစိမ်းဘဲနေရတော့မှာ
လား esteem။ ဘာမှ မဟုတ်ပါဘူးလေး
ရေးစရာမရှိတော့လည်း ရှားကြံ esteem ကို
ရန်လုပ်ရတာပ။ သူက ကိုယ့်မြန်မာစာလည်း
ဖတ်တတ်တာမဟုတ်ဖူးလေနော့။

8e9boau55m.jpg

Steemit ကြီးမပျက်စီးသရွေ့ ရေးနေရအုံးမှာ
ပါလေ။ MSC က pro ပေးနေသမျှလည်း
ကြိုးစားရေးရအုံးမှာပါ။ လက်ပန်းက ကျချင်ချင်
ရယ်။ သို့သော်လည်း အချိန်ကျရင် အရက်
သမားများလို့ ညနေဆို လေပျိုချင်တယ်။
အဲ အဲ ဆောရီး ယမကာလုလင်အပေါင်းတို့။
ကျုပ်လည်း steemit မှာ စာမရေးရရင်
လေခိုချင်သလိုဖြစ်လို့ပါ။ ဖုန်းဖွင့်ပြီဆိုရင်
လက်နဲ့ မျက်လုံးက steemit ဆီ တန်း
ရောက်ရောက်သွားတယ်။

ဒါတောင် esteem ရယ်လေ vote လေး
တစ်ချက်ကို ပေးဖို့ တွန့်တို နှမြောနေလိုက်တာ
မုန်းစရာကြီး။

@htwegyi
MSC.036

Sort:  

Esteem က ဗုတ်မလာဘူး လား ဦးထွေး။ ကျွန်တော်က တော့ ရပါတယ်။ mmunited ကို မေးကြည့်ပေးပါ့မယ်

Posted using Partiko Android

ဟုတ်တယ်ဗျာ ဒီပိုစ့်ပါဆိုရင် သုံးပိုစ့်ရှိပြီ လာမဗုတ်ဘူး

ကျွန်မဆီလည်း esteemက လာလိုက်မလာလိုက်ဖြစ်သွားပြီ။

Posted using Partiko Android

ဟုတ်လားဗျ

နာပေးတယ် လေ

အေးပါညယ်....

Coin Marketplace

STEEM 0.36
TRX 0.12
JST 0.040
BTC 70446.49
ETH 3571.68
USDT 1.00
SBD 4.73