မုဒြာ ခေါ်ရာသို့

in #myanmar5 years ago (edited)

image

ဒီနေ့ ရုံးပိတ်ရက် တနင်္ဂနွေနေ့ မှာ မကြည့်ဖြစ်တာ
၇နှစ်ခန့်ရှိသော ရုပ်ရှင်ရုံသို့သွားရောက်ကြည့်မိ
သည်။ ဘာရယ်ဟုတ်ဘူး facebook မှာ
မုဒြာခေါ်သံ ရုပ်ရှင်ကားကို မြို့ဂုဏ်ရောင်မှာ
ပြသသည်ဆို၍ သွားကြည့်မိသည်။ သိကြသည့်
အတိုင်းမုဒြာခေါ်သံ ရုပ်ရှင်ကားက အကယ်ဒမီ
ပေးပွဲအပြီးလူပြော သူပြောများလှသည်။ ယခင်
ကလည်းထိုဇာတ်ကားကို ကြည့်ချင်မိပါသော်လည်း
ရုပ်ရှင်ရုံများမှာ ပြသပြီးသွား၍ မကြည့်ဖြစ်ခဲ့ပေ။

ယခုအခါမှာတော့ ရုံးပိတ်ရက်နှင့် တိုက်ဆိုင်၍
၃း၄၅ နာရီပွဲသို့သွားကြည့်သည်။ ရုပ်ရှင်ပြသချိန်
များကပြောင်းလဲနေသည်။ ကျွန်တော်တို့ငယ်စဉ်က
နေ့ခင်း၁၂နာရီ၊ ၃နာရီ၊ ၆နာရီနှင့် ၉နာရီပွဲများ
ပြသသည်။လူအရမ်းစည်ပါက ည ၁၂နာရီပွဲကို
တခါတရံပြသတတ်သည်။ အိမ်မှ ၃နာရီကျော်ခန့်
ထွက်ပြီးဘူတာကြီးပေါ်မှဖြတ်ကာ ၃၁လမ်းမှ
လမ်းလျှောက်ရင်း သွားခဲ့သည်။ ၃နာရီကျော်
အချိန်ဖြစ်၍ နေအပူရှိန်က ပြင်းသေးသည်။

image

မြို့ဂုဏ်ရောင် ရောက်တော့ ရုပ်ရှင်ရုံက ပြောင်းလဲ
နေသည်။ မီဂါ အေ့စ် စီနီပလပ်စ်ရုပ်ရှင်ဟု
စာလုံးကြီးများဖြင့်ရေးသားထားသည်။ ရုပ်ရှင်ရုံက
အောက်တစ်ရုံ၊ အပေါ်တစ်ရုံ နှစ်ရုံအဖြစ်ပြုပြင်
ပြောင်းလဲနေသည်။ ရုပ်ရှင်လက်မှတ်ဝယ်သည့်
အချိန်မှာ လက်မှတ်ခ မည်မျှဖြစ်သည်ကိုမသိပါ။
လက်မှတ်ရောင်းသည့် ကလေးမများက ခုံနေရာများ
ထိုးပြပြီး ၁၈၀၀တန်းနဲ့ ၃၅၀၀တန်း လက်မှတ်သာ
ကျန်ကြောင်းပြောသည်။

၁၈၀၀တန်းသည် ကျွန်တော်တို့ငယ်စဉ်က ၂ကျပ်
တန်းနေရာဖြစ်သည်။ ထိုနေရာသည် မော့ကြည့်ရ
ခြင်း၊ ရှေ့ဆုံးတန်းကြီးမှဖြစ်ခြင်းတို့ကြောင့်
၂ကျပ်တန်းကို ဘယ်တုန်းကမှမကြည့်ခဲ့ပါ။
၃ကျပ်တန်း၊ ၄ကျပ်တန်းများမှသာကြည့်ခဲ့သည်။
ယခု ထို၂ကျပ်တန်းကို ၁၈၀၀ကျပ်ပေးပြီးကြည့်
ရတော့သည်။ ၃၅၀၀ကျပ်တန်းတော့ ကိုယ့်အတွက် ဈေးများ၍ မကြည့်တော့ပါ။ ၁၈၀၀တန်းရဲ့
အနောက် ၂၀၀၀တန်းများက ကုန်သွားသည်ဟု
လက်မှတ်ရောင်းသည့် ကလေးမများကပြောသည်။
စိတ်ထဲမှာတော့ အော် မုဒြာကားက လူကြည့်များ
ပါပေါ့ဟုတွေးလိုက်မိသည်။

image

image

ရှေ့ဆုံးတန်းမှ ရုပ်ရှင် ကြည့်ရသောကြောင့် မုဒြာ
ကားကို အပြည့်အဝခံစားခွင့် ကြည့်ခွင့်မရပေ။
မျက်စိမှာလည်း သိပ်မကောင်းခြင်းကြောင့် ရုပ်ရှင်ကားကို ကြည့်ရသည်မှာ အဆင်မပြေပါ။
ရုပ်ရှင် ပြီး၍ နောက်တန်များကြည့်မိသောအခါ
၂၀၀၀တန်းများမှာ လူအနည်းငယ်ခန့်သာလူရှိပြီး
ခုံတန်းများ များစွာလွတ်နေ၊ လပ်နေသည်ကို
တွေ့ရသည်။စိတ်ထဲမှာ တွေးမိသည် မုဒြာခေါ်သံ ရုပ်ရှင်က ဇာတ်ကားကိုပင် ဂျင်းထည့်ခံရသည့်
မဟုတ် ရုပ်ရှင် ကြည့်သူများကိုပင် လက်မှတ်ရောင်းတာ ဂျင်းထည့်လေသလားဟု ၍သာ။

@htwegyi
Image credit
MSC.036

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thanks esteemapp

@htwegyi, အီး စ တင်း ကို အ သုံး ပြု သည့် အတွက် ကျေး ဇူး တင် ရှိ ပါ သည်။

ဟုတ်ကဲ့ကျေးဇူးပါ

Congratulations! This post has been upvoted from the communal account, @minnowsupport, by htwegyi from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

👍👍👍

အဲ့ဒီ့ကား လူပြောများလို့ ကြည့်တော့ ကြည့်ချင်သား

Posted using Partiko Android

အင်္ဂလိပ်လိုပြောတာ မြန်မာစာတမ်းထိုးနဲ့ မြန်မာပြည်ရဲ့ လှပတဲ့ရှုခင်းတွေပြသထားတာ

မုဒြာခေါ်သံလား

Posted using Partiko Android

ဟုတ်တယ် ဦးမင်း ရုံမှာဒါနဲ့ဆို တတိယအကြိမ်ပြန်တင်တာ

အဲ့ဒါပြောတာ လူပင်ပန်း ပိုက်ဆံကုန် မအီမလည် ဖြစ် မြန်မာ့ မြန်မာ့ ရုပ်ရှင်………

ဒီကားလေးတော့ မဆိုးဘူးလို့ပြောရတာပ

ရုပ်ရှင်က မကောင်းဘူးလား ဦးထွေး :)

Posted using Partiko Android

ရှေ့ဆုံးတန်းကဆိုတော့ကြည့်မကောင်းလို့ပါ

အမှန်​က မြန်​မာ့အ​တွေ ကမ္ဘာသိ​အောင်​ချပြသွားတာပါ ရည်​ရွက်​ချက်​က​ကောင်းပါတယ်​ ငပလီ​နေတဲ့သူက ငပလီရဲ့အလှကိုမခံစားတပ်​သလိုပါ​ဘဲ တခြားလူကသာငပလီအလှကိုခံစားတပ်​တာ မြန့်​မာ့အလှကိုလည်း ကျွန်​​တော်​တိုကမြင်​​နေကြ​တော့ သိပ်​မခံစားတပ်​​ပေမဲ့ နိုင်​ငံခြားကလူ​တွေက အဲ့လို့အလှကိုခံစားတပ်​တာ အဲ့ဒါ​ကြောင့်​အဲ့ဒီဇာတ်​ကားက နိုင်​ငံတကာမှာဆု​တွေရတာပါ ရိုက်​တဲ့ဒါရိုက်​တာကဲ့ရည်​ချက်​ကသိပ်​​ကောင်းပါတယ်

ဟုတ်တယ်ဗျ ရုပ်ရှင်ကားအများစုက မြို့တစ်မြို့
ကျောင်းတစ်ကျောင်း လူတစ်စုနဲ့တင် ဇာတ်ကားတစ်ကားပြီးသွားတာများတယ်
ဒီကားလို အပင်ပန်းခံ ငွေကုန်ခံမရိုက်ကြတော့ဘူး


ပိုစ့်ရွေးချယ်ပေးသူများ၏ Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @C-Squared အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the Curation Collective Discord community for curators, and upvoted and resteemed by the @c-squared community account after manual review.
@c-squared runs a community witness. Please consider using one of your witness votes on us here

Coin Marketplace

STEEM 0.36
TRX 0.12
JST 0.039
BTC 69965.85
ETH 3540.49
USDT 1.00
SBD 4.71