မမြင်ရသောကြိုး

in #myanmar6 years ago (edited)

သံယောဇဉ် ဆိုတာစကားလေးသုံးလုံးမို့သာပေါ့
တွယ်မိရင် ဖြတ်ရအလွန်ခက်တဲ့အရာပါ။
မြင်နိုင်တဲ့ကြိုးတွေလို ဖြတ်တောက်လို့ရရင်တော့
ကောင်းသား။ ဒီမမြင်နိုင်တဲ့ သံယာဇဉ်ကြိုးက
ဖြတ်တောက်ဖို့ ခဲယဉ်ပေစွတကား။ ဒီကြိုးက
မသိမသာလေး တရစ်ချင်း တဖြည်းဖြည်းချင်း
ကိုယ့်ကို ချည်လို့ချည်မှန်း ရစ်လို့ရစ်မှန်း
မသိအောင် နွယ်တစ်ပင်လို တိုးဝင်လာတာပါ။

အတူနေ အတူစား အတူသွား အတူလုပ်ကိုင်ခဲ့ကြ
အတူတူ ရန်ဖြစ် စိတ်အခန့်မသင့်ချိန်လေးတော့
မေ့သလိုလို။ နောက်ပြီးတော့ ပြန်ခေါ်ပြော
နေ့စဉ်နီးပါး အလုပ်ခွင်မှ သူငယ်ချင်းများ၊
စာသင်ခန်းမှ အတန်းဖော်သူငယ်ချင်းများ
သူငယ်ချင်း မိတ်ဆွေအပေါင်းအသင်းများ
လူတိုင်းကိုယ်စီရှိခဲ့ကြသည်။

16-1.jpg
image source

အဆိုပါ သူငယ်ချင်းမိတ်ဆွေ အပေါင်းအသင်းများ
သည် တစ်စုံတစ်ခုသောအကြောင်းကြောင်းကြောင့်
အဝေးသို့ ခဏ ထွက်ခွာသွားခြင်း၊ အပြီးအပိုင်
အဝေးသို့ထွက်ခွာသွားကြသည့်အခါ သံယောဇဉ်
ဆိုသည့် ကြိုးကလေးက တင်းကနဲ့ဖြစ်ကာ
လှုပ်ခါရမ်းတုန်ခါမှုကြောင့် ဝမ်းနည်းပူဆွေးငိုကြွေးမှုများဖြစ်ပေါ်ကြပြန်ပါသည်။

သံယောဇဉ်ကြိုး ၏ တုန်ခါလှုပ်ရမ်းမှုက ရစ်ပတ်
သည့် ကြိုးပေါ်မူတည်ပါသည်။ သာမန်မိတ်ဆွေ
သူငယ်ချင်းများ၏ ခွဲခွာမှုအတွက် ကြိုးသည်
အတန်ငယ်သေးသဖြင့် တုန်ခါလှုပ်ရမ်းမှု
အင်အားကနည်းသည်။ သမီးရည်းစား လင်မယား
သံယောဇဉ်ကြိုးက ထူးထဲတုတ်ခိုင် ကြီးမားကာ
ရစ်ပတ်မှု အင်မတန်မှများလှသဖြင့် ခံနိုင်ရည်
ရှိဖို့ အတော်ကြိုးစားကြရသည်။

roots.jpg
image source

သံယောဇဉ် က တခါတလေး မထင်မှတ်ပဲနဲ့
ရုတ်တရက်ထပြီးလည်း ချည်နှောင် တတ်တယ်။
ရုံးကအဖြစ်အပျက်လေးပါ။ စာရေးမနှစ်ဦး
အကြီနှင့်အငယ် သူတို့နှစ်ယောက်ပေါ့ဗျာ။
မတည့်တကျက်ကျက် တည့်တော့လည်း
နှစ်ယောက်သားလုံးထွေးနေကြတာ အပြင်လူ
တိုးမပေါက်တာ သူတို့နှစ်ဦး။ သူကအကြီးဆိုပြီး
အလုပ်တွေ ငါပဲလုပ်ရတယ်။ အကြီးကလည်း
ပြဿနာတက်ရင်း ငါကသာဖြေရှင်းရမှာ။
အလုပ်က သူတို့နှစ်ဦးပူပေါင်းလုပ်လို့အဆင်ပြေ
တာ။ စကားနိုင်လုရင်း စိတ်ကောက်တဲ့တစ်နေ့မှာ
အကြီးမအား ပြောင်းရွေ့အမိန့်ကျလာသည်။

ထိုအခါ စကားမပြောသူနှစ်ဦးကို သူတို့မသိအောင်
ချည်ထားတဲ့သံယောဇဉ်ကြိုးက စောင့်ဆွဲလိုက်
သည်။ နှစ်ဦးသာ မျက်ရည်အလိမ့်လိမ့်ဖြင့်
တစ်ဦးကိုတစ်ဦး အားပေးသိမ့်နေကြသည်။
အတူနေစဉ်က စကားများလိုက် ငြင်းလိုက်
ခုံလိုက် လုပ်ခဲ့သော်လည်း ခွဲရတော့မည့်အသိက
နှစ်ဦးစလုံးကို ကြိုးဖြင့်လှုပ်ခါလိုက်သည်
အဆိုပါကြိုးက သံယောဇဉ်ကြိုးသာဖြစ်ပါသည်။

DePirro vine plastica.jpg
image source

သံယောဇဉ်ကြိုး က လူမဆိုထားနှင့် တိရိစ္ဆာန်များ
ကိုပင် ရစ်ပတ်နှောင်တွယ်မိကြသည်။ မိမိအိမ်ရှိ
ခွေးလေး၊ ကြောင်လေး၊ ကြက်တူရွေးနှင့် ရွှေငါး
စသည့် တိရစ္ဆာန် များကိုလည်း နေ့စဉ်နှင့်အမျှ
တွေ့မြင်နေသည့်အခါ သံယောဇဉ်ဖြစ်မိသည်။
တလောက တူမပေါက်စသည် သူ့ ကြက်တူရွေးလေး
ပျောက်သွားလို့ တငိုငို တရီရီဖြစ်နေသည်။
နောက်တစ်ကောင်ထပ်ဝယ်ပေးပါမည်ပြောသော်
လည်းမရ သူ့ ကြက်တူရွေးလေး သာရှာပေးပါ
ပြောသည်။ အော် သံယောဇဉ် ရယ် အမြစ်တွယ်
တော့ ဖြတ်ရခက်ပါလားနော်။

ကဲ.... Steemit က မိတ်ဆွေများသည်လည်း
ကိုယ့်ရဲ့ သံယောဇဉ်ကြိုးက ...
ကြီးလား ...
သေးလား...
ဆိုတာ စမ်းသပ်ခံပြီးကြပါပြီလားဗျာ။

Author @htwegyi
MSC.036

Sort:  

နူးညံ့လွန်းသော နှလုံးသားကို ပိုင်ဆိုင်ထားသူတွေမှာ
ကြီးမားလွန်းတဲ့သံယောဇဉ်ကြိုးဆိုတာ ရစ်နှောင်ခြင်း
အမြဲရှိနေကြမှာပါပဲ
ကျွန်နော်ဒီလိုပဲ မှတ်ချက်ပြုမိပါတယ်ကိုကြီးထွေး

မှန်ပ ကိုသူရရေ နှလုံးသားနူးညံ့လေ ရစ်ပတ်ခြင်း
ပိုလေပေါ့

သိတယ်သိတယ် အဲ့ခံစားချက်ကို
ခွဲရတော့မယ်ဆိုတော့ အရင်က စိတ်ဆိုးစိတ်ကောက်ခဲ့ တာတွေကို ပြန်နောင်တရမိသလိုပဲ
မတည့်အတူနေ မမြင်ချောင်းကြည့်ကြသူတွေပေါ့

ကြည့်စမ်း တိုက်ဆိုင်မှုရှိရင်
ခွင့်လွတ်ပါကွယ်😁

ဟုတ်ပ ဟုတ်ပ
မမ တောင် steemit ကြီးကို သံယောဇဉ်တွယ်နေပီ

Steemit ချည်းပဲလားမမရယ် 😁
အခြားဟာတွေရောပါဘူးလားလို့😁

သိတယ်သိတယ် အဲ့ခံစားချက်ကို
ခွဲရတော့မယ်ဆိုတော့ အရင်က စိတ်ဆိုးစိတ်ကောက်ခဲ့ တာတွေကို ပြန်နောင်တရမိသလိုပဲ
မတည့်အတူနေ မမြင်ချောင်းကြည့်ကြသူ

စိတ်ဆိုးစိတ်ကောက်ခြင်းက အထီးကျန်ပူဆွေးသောက ဝေဒနာ
ကို ဖိတ်ခေါ်ခြင်းမို့ တစ်ခါမှစိတ်မဆိုးပါ

အို ကောင်းလိုက်တာဗျာ

သံယောဇဉ် .......သံယောဇဉ် လူကိုအရူးတစ်ပိုင်းဖြစ်စေတယ်

တို့ဂရုက အဆိုတော်တွေပေါချက်ဗျ

Congratulations! This post has been upvoted from the communal account, @minnowsupport, by htwegyi from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

ချစ်ခင်ပေါင်းသင်း ဆက်ဆံခြင်းကား ကွေကွင်းနောက်ဆုံးရှိချေသည် ဆိုတဲ့ စကားအတိုင်းပေါ့ ခွဲရမှာ သိနေတော့လည်း ငှဲ

အချိန်တန်ရင် ခွဲရတော့မှာ သိသော်လည်း.....

သံယောဇဉ်တွေဖြတ်မရရင် ဘာဆိုလား ဦးထွေး

လူကို အရူးတစ်ပိုင်းဖြစ်စေတာပေါ့ 😁

စမ်းပီးပီ
ကြီးတယ် သံယောဇဉ်ကြိုး😁
ခွေးလေးသေသွားတာကြာပီ နောက်တစ်ကောင် အစားမထိုးနိုင်သေးဘူး။ အရင်ခွေးလေးပဲသတိရနေတာ 😣

တို့မန်းလေးသူပဲဟာ
သံယောဇဉ်ကြိုးကြီးတာပ
ဆိုင်ဆိုင်မဆိုင်ဆိုင် 😁

Coin Marketplace

STEEM 0.36
TRX 0.12
JST 0.039
BTC 70181.59
ETH 3549.53
USDT 1.00
SBD 4.74