နန်းတွင်းသို့ ကန့်လန့်ဖြတ်ခြင်း

in #myanmar5 years ago (edited)

တော်သလင်းလ လှေပြိုင်ပွဲများပြုလုပ်သည်ကို
အားလုံးသိရှိပြီဖြစ်ပါသည်။ တော်သလင်း ပြီးလို့
သီတင်းတောင်ကျွတ်ခဲ့ပြီဖြစ်ပါသည်။ ယနေ့
သီတင်းကျွတ်လဆုတ် ၃ ရက်မှာ မန္တလေးမြို့၌
လှေပြိုင်ပွဲကျင်းပပါသည်။ 27 မှ 28-10-2018
ထိ ၂ရက်ကျင်းပသည်။မန္တလေးမြို့ကျုံး
အနောက်ဖက် ၂၆ လမ်းနှင့် လမ်း ၈၀ မှာပြုလုပ်
ကျင်းပခြင်းဖြစ်သည်။

လှေပြိုင်ပွဲကို ကြည့်ရသည်မှာ စိတ်လှုပ်ရှားတက်ကြွ
ဖွယ်ကောင်းလှသည်။ လှေလှော်သမားတို့က အင်တိုက်အားတိုက် လှေကို လှော်ခတ်လာစဉ် မြန်မာ
ဆိုင်ဝိုင်းမှ လှေလှော်သံတီးလုံးဖြင့် တီးခတ်ပေး
သည်။ ပြိုင်ပွဲကြည့်ရှုသူများကလည်း အော်ဟစ်အားပေး လက်ခုပ်လက်ဝါးတီး၍ အားပေးကြသည်။လှေသမားများကလည်း အင်အားအပြည့်လှော်ကြသည်။ တိုင်းနှင့်ပြည်နယ် အသီးသီးမှ လာရောက်
၍ လှေလှော်ပြိုင်ပွဲဝင်ကြသည်။

image

image

image

ကျွန်တော်သည်လှေပြိုင်ပွဲကို လမ်း၈၀ ဖက်မှ
မတ်တပ်ရပ်အားပေးကြည့်ရှုသည်။ ကျုံး အတွင်း
ပိုင်းသို့ ဝင်ရောက်ကြည့်ရှုပါက ကျုံး နှင့် မြို့ရိုးကြားတွင် ပွဲကြည့်သူများအတွက် ထိုင်စရာစင်များ
ပြုလုပ်ပေးထားသည်။ ကိုယ်တွေက အရိပ်ရသည့်
အပင်အောက်မှ ကြည့်နေရသည်။ လှေလှော်သမားများအဖို့ မန္တလေး၏ပူပြင်းသည့် ၁၀နာရီနေပူရှိန်
အောက်မှာ အင်အားအပြည့်လှေလှော်နေသည်ကို
ကြည့်ရသည်မှာ ပင်ပန်းရှာကြမည်ဟုထင်မိသည်။
မိုးတိမ်လေးများက နေမင်းကိုကာပေးထားရင်ဖြင့်
လှေလှော်သမားများ အပူရှိန်သက်သာပေမည်။

လှေပြိုင်ပွဲကို မန္တလေးမြို့တွင် ၂၀၁၆ ခုနှစ်က
တစ်ကြိမ်ကျင်းပခဲ့သည်။ ကျုံးအနောက်ဖက်တွင်
ကျင်းပခဲ့သည်။ ယခု ၂၀၁၈ ခုနှစ်တွင် တစ်ကြိမ်
စုစုပေါင်း ကျုံးရေပြင်မှာ ၂ကြိမ်ကျင်းပသည်။
ပြိုင်ပွဲ ကျင်းပသည့်နှစ်တိုင်းပင် ခေတ်ပေါ်တေးဂီတ
နှင့် မြန်မာဆိုင်းဝိုင်းကို တောင်ဖက် မြောက်ဖက်
အစွန်းများ၌ထား၍ ဖျော်ဖြေတီးခတ်ပေးသည်။
လှေပြိုင်ပွဲမကျင်းပမီ ခေတ်တီးဝိုင်းကဖျော်ဖြေ၍
လှေပြိုင်ပွဲကျင်းပသည့်အခါ မြန်မာဆိုင်းဝိုင်းက
လှေလှော်သူများနှင့် ပွဲကြည့်သူများ စိတ်အား
တက်ကြွစေရန် ဆိုင်းဝိုင်းကိုတီးခတ်ပေးသည်။

image

လှေပြိုင်ပွဲများကို ကျွန်တော်ငယ်စဉ်ကပင် မန္တလေးမှာကျင်းပဖူးခဲ့သည်။ ကျွန်တော် ငယ်စဉ်က လှေပြိုင်ပွဲများကို မန္တလေးတောင်ခြေ ကျုံးမြောက်ဖက်တွင်
ကျင်းပသည်။ထိုစဉ်က လှေပြိုင်ပွဲသွားကြည့်ရန်
မနက်စောစောထကာ ထမင်းကြော်ကို အဝစား၍ သွားခဲ့သည်။ မနက် ၇နာရီခွဲအချိန် အိမ်မှခြေလျှင်
ထွက်ခဲ့သည်။ ကျွန်တော်သည် ၂၈လမ်း ၇၇လမ်း
နေအိမ်မှ ၂၆ဘီလမ်းအတိုင်း လျှောက်၍ ၇၃လမ်း
နန်းတွင်းတောင်ပေါက်မှ နန်းတွင်းသို့ဝင်သည်။
၎တန်းအရွယ်သူငယ်ချင်း ၃ ယောက် ၄ယောက်စု၍
လှေပြိုင်ပွဲကို သွားကြည့်ကြသည်။ နန်းတွင်းအတွင်း
သို့ရောက်လျှင် လေယာဉ်ပျက်ကြီးနားဆော့၍
ဥယျာဉ်မှာခဏနားကာ မြောက်ဖက် အပေါက်သို့
ဆက်လက်ချီတက်ကြသည်။

မြောက်ဖက်ကျုံးရောက်လျှင် များပြားသည့်
လူအုပ်ကြီးက ကြိုဆိုနေလေသည်။ အဆိုပါ
လူအုပ်ကြီးကို မတိုးနိုင်၍ ကျွန်တော်တို့သူငယ်ချင်း
တစ်သိုက်သည် နန်းတွင်း အတွင်းသို့ပြန်ဝင်ကာ
မြိုရိုးပေါ်မှ တက်ရောက်၍ ကျုံးအတွင်းမှ
လှေပြိုင်ပွဲကို ကြည့်ကြလေသည်။ ကျွန်တော်
တို့ကဲ့သို့ မြို့ရိုးပေါ်မှာလည်း လှေပြိုင်ပွဲကြည့်
သူများရှိသည်။ မြို့ရိုးပေါ်ကြည့်သူများက
သတ္တိကောင်းလှသည် သူရဲခိုကြားမှ ခြေတွဲလွဲချကာ လှေပွဲကိုကြည့်ကြသည်။ ကျွန်တော်တို့က သူရို့
နောက်မှ နေကာ လှမ်းကြည့်ကြသည်။လှေပြိုင်ပွဲကိုတစ်နေကုန်ကြည့်ကာ မွန်လွဲ ၃ နာရီ ၄နာရီခန့်မှ ဗိုက်ဆာပြီးပြန်ခဲ့ကြသည်။

image

image

အသွားခရီးမှာတော့ ကော့ကော့နှင့် အပြန်ခရီးမှာ
တော့ ဗိုက်ကဆာ ခြေကညောင်း တွေ့သမျှ
ရေအိုးစင်များ ဝင်သောက်ရင်းပြန်လာကြသည်။
လူကြီးများမပါ ကလေးတစ်သိုက်သာဖြစ်သည်။
လမ်းခရီးမှာ ကိုယ့်အရပ်မှ လူများနှင့်တွေ့ကြသည်။
သူတို့က အသွား ကျွန်တော်တို့ကအပြန်ဖြစ်သည်။
ခုခေတ်လို ကလေးသူခိုးဖမ်းဆီးသူများလည်းမရှိ
ချေ။ မိဘများသည်လည်း စိတ်မပူချေ။ ကလေး
ပျောက်သည်ဟုလည်း မရှိပေ။

ယခုခေတ်ကလေးများ ကတော့ မည်သို့မသိပါ။
ငယ်စဉ်က လှေပြိုင်ပွဲကိုကြည့်ချင်ဇောဖြင့် ကျုံး အနောက်မြောက်မှ အရှေ့တောင်သို့ နန်းတွင်းကို
ကန့်လန့်ဖြတ်၍ခြေလျှင်သွားရောက်ကာ
လှေပြိုင်ပွဲကြည့်ခဲ့သည်ကို အမှတ်တရနေမိ
ခဲ့သည်။ယခု အချိန်မှာတော့ နန်းတွင်းသို့
အလွယ်တကူ ဝင်ရောက်၍ မရတော့ပေ။
လှေပြိုင်ပွဲအမှတ်တရ ငယ်စဉ်က နန်းတွင်း
ခြေလျှင်သွားအကြောင်းလေးအား
နိဂုံးချုပ်ပါရစေဗျာ။

image

Author @htwegyi
Photo @htwegyi
MSC.036

Sort:  

တနင်္ဂနွေနေ့ကတော့ မအားလို့ကြည့်လိုက်ရဘူး

တနင်္ဂနွေနေ့က ပိုမိုက်မှာ မိုးအုံ့လို့လေ

ရှေ့ လှေပြိုင်ပွဲ ငေးနေတုန်း နောက်က ဆိုင်ကယ် သမ သွားအုံးမယ် တော့

အဲ့ဒါကြောက်လို့ ကျုံးဘေးကို ခြေလျှင်သွားတာပေါ့အေ့
လူများ မအဘူးမှတ်နေ 😁

ငယ်တုန်းကတော့ လှေလှော်ပြိုင်ပွဲခဏခဏသွားကြည့်ဖူးတယ်

Posted using Partiko Android

ကြည့်ရတာ ပျော်စရာ အားတက်စရာ

Congratulations! This post has been upvoted from the communal account, @minnowsupport, by htwegyi from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

👍👍👍

လှေပြိုင်​ပွဲ​လှော်​ခတ်​သူနဲ့ဆိုင်းဝိုင်းတီးလုံးနဲ့အား​ပေးသူနဲ့အ​တော်​စည်​ကားမှာဘဲ....

Posted using Partiko Android

စိတ်ကြွစေတဲ့လှေလှော်သံတီးလုံးနဲ့ဆိုတော့ကြည့်ရတာကောင်းသဗျို့

ကန့်လန့် ဖြတ်တာထက် စစ်တပ်ကို ဖျက်ရမှာ

Posted using Partiko Android

အဲ အဲ နိုင်ငံရေးတွေ ပါလာသဟ

အဲ့လို ဖီလင်​မျိုး ခံစားဖူးဘူး ဦး​ထွေးရာ 😊

Posted using Partiko Android

ကိုယ်တွေက ငယ်တုန်းက ဂျလေဘီ 😁

ကြွားတာ ကြွားတာ 😁😁

Posted using Partiko Android

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thanks esteemapp

လှေပြိုင်ပွဲက စိတ်ဝင်စားစရာကောင်းပါတယ်ဘရို။ Thanks for using esteem app.

စိတ်လှုပ်ရှား ပျော်စရာကောင်းတယ် ဝေဟေးလို့အော်ရတာ ရင်ထဲပေါ့သွားသလို

အစောက သိရင် လာကြည့်ပါတယ်😁

Posted using Partiko Android

ဒါပေါ့ ဒါပေါ့

Coin Marketplace

STEEM 0.25
TRX 0.11
JST 0.032
BTC 63134.74
ETH 3052.94
USDT 1.00
SBD 3.81