On the ayeyar river ဧရာမြစ်ပြင်ပေါ်ဝယ်

in #myanmar5 years ago

image

Steemit မှာစာရေးသည့်အခါ အိမ်ထဲမှာနေပြီး
စာရေးနေရသည်မှာ ငြီးငွေ့ဖွယ်ကောင်းကာ စဉ်းစားဖို့ အတွေးများနည်းပါးခမ်းခြောက်နေသည်။
ထိုကြောင့် တစ်ချက်ခုတ် နှစ်ချက်ပြတ် ခရီးတိုလေး
ထွက်မိသည်။ အိမ်ပြင်ထွက်၍ မန္တလေးအနီးရှိ
ဧရာဝတီမြစ်တစ်ဖက်ကမ်းသို့သွားခဲ့သည်။
ဘုရားလည်းဖူး လိပ်ဥတူး အဲ စာရေးဖို့ ကုန်ကြမ်း
လည်းရသည်။ ဧရာဝတီမြစ်တစ်ဖက်ကမ်းမှာရှိ
သော မင်းကွန်းသို့ ရွှေကိန္နရီ(၂ )စီး၍သွားခဲ့သည်။

ရွှေကိန္နရီ(၂) သည် ပြည်တွင်းရေကြောင်းပို့ဆောင်
ရေးဌာန၊ မန္တလေးမှ အပျော်စီးရေယာဉ် သင်္ဘော
ဖြစ်သည်။ မန္တလေး - မင်းကွန်း အသွားအပြန်
လူတစ်ဦးလျှင် ၅၀၀၀ ကျပ်ဖြစ်သည်။ မန္တလေး
ဂေါဝိန်ဆိပ်ကမ်းမှ မနက် (၉း၀၀) နာရီထွက်သည်။
မင်းကွန်းသို့ မနက် (၁၀း၀၀) နာရီရောက်ရှိသည်။
မန္တလေးမှ မင်းကွန်းသို့ ရေဆန်ဖြစ်သည်။ မင်းကွန်း
မှ မန္တလေးသို့ ရေစုန် ဖြစ်၍ ညနေ (၃း၀၀) မှထွက်
ကာ ဂေါဝိန်ဆိပ်ကမ်းသို့ (၃း၅၀)နာရီရောက်သည်။

image

image

image

ရေလမ်းခရီးသင်္ဘောမစီးဖူး၍ စစီးခြင်းဖြစ်ပါ
သည်။ဂေါဝိန်မှ သင်္ဘောစထွက်ထွက်ခြင်း ခေါင်း
အနည်းငယ်မူးသည်။ ကိုယ်တွေ ဧရာဝတီမြစ်ကို
ဟိုဖက်ဒီဖက်လေးကူးတာ ခေါင်းမူးနေသည်။
ပင်လယ်သမုဒ္ဒရာဖြတ်ကာ ပင်လယ်ကူးသင်္ဘောကြီးများစီး၍ အလုပ်လုပ်နေရှာကြသူတို့ မည်သို့နေရှာ
မည်မသိပါ။ သင်္ဘောစီးရင်း ၁၀မိနစ် ၁၅မိနစ်
ကြားသောအခါမှ အဝေးမှ ရှုခင်းများကိုကြည့်ရင်း
ခေါင်းမူးအနည်းငယ် သက်သာလာသည်။

သင်္ဘောသည် ဧရာဝတီမြစ်အတွင်းရှိ သောင်များ
ကိုကွေ့ဝိုက်ကာ ခုတ်မောင်းသည်။ မြစ်အတွင်း
ရေအတိမ်အနက်ကို ပြသထားသည့် ရေပေါ်
လှုပ်တုတ်လှုပ်တုတ် ပေါ်နေသော အမှတ်အသား
ပြများကိုလည်းတွေ့မြင်ရသည်။ ဧရာဝတီမြစ်
ဘေးတစ်ဖက်တစ်ချက်ရှိ မြစ်ကမ်း၏ အလှများကို
ကြည့်ရသည့်မှာ မျက်စိတစ်ဆုံးကြည့်မဝပေ။
မန္တလေးဖက်ကမ်းတွင် ဧရာဝတီမြစ်အတွင်းမှ
သဲများကို သယ်ယူနေသည်။ ထိုသဲများကို
မန္တလေးမြို့အတွင်း အဆောက်အဦဆောက်လုပ်
နေသည့်နေရာများသို့ သယ်ယူပေးပို့နေကြသည်။

image

image

image

image

ဂေါဝိန်မှထွက်ခဲ့ပြီး မိနစ် ၂၀ခန့်တွင် မန္တလေးဘက်
ကမ်းမှာ ထင်းတင်မော်တော်များ တင်ချပြုလုပ်နေသည်ကို မြင်တွေ့ရသည်။ ထိုထင်းခြမ်းများကို
ကားများဖြင့်သယ်ကာ မန္တလေးမြို့အတွင်းရှိ
စားသောက်ဆိုင်များ၊ လက်ဘက်ရည်ဆိုင်များသို့
တင်ပို့ရောင်းချကြသည်။ မြစ်အတွင်း သောင်များ
ကိုတူးဖော်နေသည့်စက်ကြီးကို သင်္ဘောပေါ်မှ
မြင်တွေ့ရသည်။ တပို့တွဲလနေရောင်အောက်မှ
ဧရာဝတီမြစ်အလှက ရီဝေစွာတမျိုးလှပ ကြည့်၍
ကောင်းနေသည်။ ထင်းတင်ချ သင်္ဘောဆိပ်ကမ်း
မရောက်မီ မန္တလေးဘက်ကမ်းတွင် ကမ်းပါးမတ်
စောက်များကို မြင်ရသည်။ အချို့ကမ်းနေရာများ
ကို ရေတိုက်စားခြင်းမှ ကာကွယ်ရန်ပြုလုပ်နေသည်။

ရွှေကိန္နရီ (၂) သင်္ဘောကဲ့သို့ သင်္ဘောကြီးမျိုး
ကျွန်တော် မစီးဘူးပါ။ သင်္ဘောက သုံးထပ်ဖြစ်
သည်။သင်္ဘောအတွင်းလှည့်လည်ကြည့်မိသည်။ သင်္ဘောပေါ်တွင် စားသောက်ခန်းများ၊ အိမ်သာ
များနှင့် လူအများစီးရန် ဆိုဖာခုံများ အတန်းလိုက်
ခင်းထားသည့် အခန်းကိုလည်း တွေ့ရှိရသည်။
သင်္ဘောစီးရင်း စားသောက်ခန်းတွင် ကာရာအိုကေသီချင်းသီဆိုနိုင်သည်။ သီချင်းတစ်ပုဒ် ၁၀၀၀ကျပ်
ပေးရသည်။ သင်္ဘောစီးသူခရီးသည်များအား
ဝန်ဆောင်မှုအဖြစ် အချိုရည်၊ ကော်ဖီ ကြိုက်နှစ်
သက်ရာ တစ်ခွက်စီတိုက်ပါသည်။

ရုံးပိတ်ရက် တနင်္ဂနွေနေ့ ဧရာဝတီမြစ်အတွင်း
ရွှေကိန္နရီ သင်္ဘောစီးခဲ့မှုကို တဆင့်ပြန်ဖောက်သည်
ချလိုက်ပါသည်။ ရွှေကိန္နရီ သည် တစ်ပတ်နှစ်ရက်
တနင်္ဂနွေနေ့ နှင့် ဥပုသ်နေ့များသာထွက်ရှိပါသည်
ဆိုသည့်အကြောင်းရေးသားရင်း နိဂုံးချုပ်ပါရစေ
ဗျာ။

image

image

@htwegyi
Photo @htwegyi
MSC.036

Sort:  

ပိုစ့်ရွေးချယ်ပေးသူများ၏ Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @C-Squared အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the Curation Collective Discord community for curators, and upvoted and resteemed by the @c-squared community account after manual review.
@c-squared runs a community witness. Please consider using one of your witness votes on us here

Thanks c-squared

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thanks esteemapp

@htwegyi, အီး စ တင်း ကို အ သုံး ပြု သည့် အတွက် ကျေး ဇူး တင် ရှိ ပါ သည်။

ဟုတ်ကဲ့ ကျေးဇူးပါ

Congratulations! This post has been upvoted from the communal account, @minnowsupport, by htwegyi from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

👍👍👍

ကိုဒေ ငယ်ငယ် က ဒီလို ဖရဲသီးပေါ်ချိန်ဆို သောင်ပြင်ပေါ်တက် ဖရဲသီး ခ်ုးစားနေကြ

အို စွန်းမိုက်ချက် တို့များကို လာပြီလက်မတို့ဘူးအေ

မင်းကွန်းမရောက်ဖူးသေးဘူး သွားဖြစ်အောင်သွားဦးမယ်
ဦးထွေးရေ

ဟာ သွားဖြစ်အောင် ရောက်ဖူးအောင်သွားပါဗျာ

မိတ်ဆွေ၏ ပိုစ့်အား C2 Myanmar Cuation အဖွဲ့မှာ ရွေးချယ်လိုက်ပါသည်။

ကျေးဇူးပါဗျာ Thanks c2 myanmar cuation

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 63966.64
ETH 3055.32
USDT 1.00
SBD 3.87