စိတ်တူ ကိုယ်စီ ပြုသည့် အလှူ

in #myanmar5 years ago (edited)

image

ယနေ့ (3-3-2019) ၁၃၈၀ ပြည့်နှစ် တပို့တွဲလပြည့်
ကျော်(၁၂)ရက်၊ တနင်္ဂနွေနေ့ မန္တလေးမြို့ မီးရထား
ဝန်ထမ်းများနှင့် ရပ်ကွက်သူ ရပ်ကွက်သားများ၊
စေတနာရှင်များစုပေါင်း၍ သီလရှင်ဆရာလေး
ဆရာကြီးများအပါး (၇၀၀)ကျော်ကို ဆွမ်းဆန်စိမ်း
လောင်းလှူကြသည်။ ဆွမ်းဆန်စိမ်း လှူခဲ့သည်မှာ
ယခုနှစ်ဆိုပါလျှင် (၇)ကြိမ်မြောက်ဖြစ်ပါသည်။

ကျွန်တော်တို့ဝန်ထမ်းများက ဦးဆောင်ကာပြုလုပ်
ခဲ့သည်။ ကျွန်တော်တို့လှူဒါန်းသည်ကို အားကျကာ
ရပ်ကွက်အတွင်းမှ စေတနာရှင်များက လာရောက်လှူဒါန်းကြသဖြင့် သီလရှင်ဆရာကြီး၊ ဆရာလေးများအတွက် လှူဖွယ်ပစ္စည်းများ ပိုမိုရရှိခဲ့သည်။
စစ်ကိုင်းတောင်နှင့် မန္တလေးအရှေ့အနောက်
တောင်မြောက်မှ ဆရာလေးများကို လှူဒါန်းမှုပြု
ကြသည်။

image

image

image

လှူဖွယ်ပစ္စည်းများမှာ အမျိုးအစားစုံလှသည်။
ဆန်၊ ဆီ၊ ဆေး နှင့် အခြားအသုံးအဆောင်ပစ္စည်း
များကို စုံလင်စွာလှူဒါန်းကြသည်။ မြင်ရသည်မှာ
ကြည်နူးဖွယ်ကောင်းပေစွ။ လူကြီး၊လူငယ်၊ ကလေး၊
ယောက်ျား၊ မိန်းမ အရွယ်စုံပူးပေါင်းပါဝင်ကာ
ကုသိုလ်လုပ်အားဒါနပြုကြသည်။ ဆရာလေးများ
နောက်မှလိုက်ကာ အိတ်ထမ်း၍ လှူဖွယ်ပစ္စည်းများ
ကို မနိုင်မနင်းမကာ၊ ထမ်းကာ၊ ရွက်ကာဖြင့်
လုပ်အားကုသိုလ်ယူကြသည်။

အလှူခံပုဂ္ဂိုလ်များ၊ အလှူအတန်းပြုသူများနှင့်
အလှူ အတန်းအားဝိုင်းဝန်းလုပ်ကိုင်ပေးသူများဖြင့်
ဆွမ်းဆန်စိမ်းလောင်းလှူပွဲက ကြည့်သူ မြင်သူကို
သဒ္ဓါတရားနှင့် ကြည်နူးမှုကိုဖြစ်စေသည်။
ငထွေးလည်း ဆရာလေးများနောက်မှ အလှူခံ
ပစ္စည်းအိတ် (၃)ခေါက်သယ်ပေးကာ ကုသိုလ်
ယူခဲ့သည်။ အဟီး လက်ကြောမတင်းလို့လား
မသိဘူး ငါးခေါက်လေးသယ်တာ လက်တွေ
နာနေသည်။

image

image

image

ပစ္စည်းမလှူနိုင်သော်လည်း လုပ်အားကုသိုလ်
ပါဝင်ရသဖြင့် ပီတိဖြစ်ရသည်။ ကိုယ်သယ်ပေး
ရသည့် ဆရာလေး ဆရာကြီးများက ဆုတွေ
တသီကြီးပေးကြသည်။ ဆရာကြီး ဆရာလေးများ
ကလည်း လှူဖွယ်ပစ္စည်းများရ၍ ဝမ်းသာကြသည်။
ဆုတွေပေးကြသည်။ ကျွန်တော်တို့ကလည်း
ဆရာလေးများ၏ ဆုတောင်းမေတ္တာပို့သမှု
များကြောင့် ကြည်နူးဝမ်းသာကြရသည်။
ထိုအချိန်အခိုက်အတန့်လေးသည် လူအားလုံးကို
နူးညံ့သိမ့်မွေ့ကာ မေတ္တာများပြည့်ဝ၍ ကြည်နူး
ပီတိလေးတွေ ကိုယ်စီခံစားနေရသော အချိန်လေး
ဖြစ်မည်ဟု ကျွန်တော်ထင်မိတော့သည်။

image

20190303_155501.jpg

20190303_163338.jpg

@htwegyi
Photo @htwegyi
MSC.036

Sort:  

@htwegyi, အီး စ တင်း ကို အ သုံး ပြု သည့် အတွက် ကျေး ဇူး တင် ရှိ ပါ သည်။

ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thanks esteemapp

Congratulations! This post has been upvoted from the communal account, @minnowsupport, by htwegyi from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

👍👍👍

စိတ်တူကိုယ်တူ အတူ လှူက အကျိုးပေးလည်း ညီစွာရလို့
ဘဝတဖန် ကြုံရပြန်လည်း တူဆုံကြရတတ်သတဲ့ဗျာ

Posted using Partiko Android

မှန်တာပေါ့ကိုဟိန်းရေ အလှူရေစက်ဆိုတာ ကလည်း
ရှိပေတာကို

ကြည်နူးစရာကောင်းတဲ့အလှူပွဲပါပဲ

ဟုတ်ပါ့ နွယ်ဦးမွန်ရေကြည်နူးစရာ အလှူလေးပါ

သာဓု သာဓု သာဓု

ကောင်းပေစွ ကောင်းပေစွ ကောင်းပေစွ

သာဓု သာဓု သာဓု

သာဓုခေါ်သံ ဘဝဂ်သို့ညံခဲ့သည့်နေ့လေးပါ

မန်းလေး မီးရထားစက်ခေါင်းစက်ရုံလားဗျ

Posted using Partiko Android

မီးရထားဝန်ထမ်းအကုန်လုံးပါ ပါတယ် စက်ရုံရော လမ်းပြင်ရော လက်မှတ်စစ် ရောင်း ရော

ဟုတ် Bro ကျနော့်သငယ်ချင်းကစ က်ရုံက စက်ပြင်မို့လို့ပါဗျာ

Posted using Partiko Android

သာဓုပါရှင်​ကြည်းနူးပီတိဖြစ်​မိပါတယ်​ရှင်​။

ဟုတ်တယ်ဗျကြည်နူးစရာကောင်းချက်

သာဓု ပါဗျာ ။ ဆထက်ထမ်းပိုး လှူနိုင်ပါစေ ။

ပြောတဲ့အတိုင်း နောက်နှစ်ပိုလှူနိုင်ကြပါစေဗျာ

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 65012.58
ETH 3101.28
USDT 1.00
SBD 3.86