စက်ဘီးမြို့ တော်

in #myanmar6 years ago (edited)

ငထွေးတို့ မန္တလေးက မြန်မာပြည် အလယ်ပိုင်း
မြေပြန့် ဒေသဖြစ်ပါသည်။ ဒီတော့ စက်ဘီးစီး
သည့်အခါ ကုန်းဆင်းကုန်းတက်များ မရှိ၍
စက်ဘီးစီးရသည်မှာ အဆင်ပြေလှပါသည်။
ထို့ ကြောင့် မန္တလေးမြို့ကြီး မှာ စက်ဘီးများ
အင်မတန်မှ ပေါများလှပါသည်။ မန္တလေးမြို့
ကို စက်ဘီးမြို့ တော်ဟုပင် ခေါ်တွင်ပါသည်။

တောင်ပြင် မြောက်ပြင် အရှေ့ ပြင်
အနောက်ပြင် အရပ်တို့ မှ လူများသည်
စက်ဘီးများကိုယ်စီ စီးကာ မိမိတို့ 
လုပ်ငန်းခွင်ရှိရာ အရပ်များသို့  သွားကြ
ပြန်ကြသည်မှာ မန္တလေးမြို့ ရဲ့  သင်္ကေတ
အမှတ်တရပင်ဖြစ်နေပါသည်။
စက်ဘီးနှင့် မန္တလေး
မန္တလေးနှင့် စက်ဘီးသည် ခွဲခြားမရခဲ့ပါ။

image

image
ယခုအချိန်မှာတော့ မန္တလေး နှင့် စက်ဘီးသည်
ခွဲခွာခဲ့ရပါပြီ။ လူတို့ သည် မြန်ဆန်မှုနှင့်
သက်သာမှုအတွက် အချိန်ကြာကြာလက်တွဲ
ခဲ့သော စက်ဘီးလေးများကို စွန့် လွှတ်ခဲ့ကြ၊
ခွဲခွာခဲ့ကြ၊ ချောင်ထိုးခဲ့ကြပါသည်။ စက်ဘီး
စီးသူလည် လွန်စွာနည်းပါးသွားပါသည်။
ငထွေးတို့ တိုက်တန်းတွင် ချောင်ထိုးထားသည့်
စက်ဘီးများ များစွာရှိပါသည်။

စက်ဘီးများအား လေလုံ မိုးလုံတွင်လည်းကောင်း
ကွင်းပြင်တွင်လည်းကောင်း အမျိုးမျိုး
ပစ်ပယ်ထားကြပါသည်။ အမိုးအကာရှိ
စက်ဘီးများက အရောင်အသွေးရှိသော်လည်း
အမိုးအကာမရှိသော စက်ဘီးများမှာ
ဆွေးမြေ့နေကြပါသည်။

image

image
တစ်လောက စက်ဘီးအဟောင်းအစုတ်များကို
တစ်စီး ၂၀၀၀ ၊ ၃၀၀၀ ကျပ်ပေး၍ ပုလင်းခွံ
အိတ်ခွံဝယ်သူများကဝယ်ယူကြသည်။
အချို့လည်းရောင်းသူရှိသလို မရောင်းသူများ
လည်ရှိပါသည်။ ငထွေးမိတ်ဆွေ တစ်ဦးမှာ
စက်ဘီးဟောင်းများ အနက် ပြုပြင်စီး၍ရသည့်
စက်ဘီးများကို စက်ဘီးဝယ်သူများနှင့် ပြိုင်၍
ဝယ်ယူပါသည်။

သူ့စိတ်ကူးလေးကောင်းချက် တော်ချက်ဗျာ
ပြင်ပြီးစီးလို့ ရသည့် ဘီးများကို တစ်စီး
ငွေ ၃၀၀၀ ကျပ်ပေးကာပြင်ပါသည်။ စုစုပေါင်းစက်ဘီး ငါးစီးကို ဝယ်၍ပြုပြင်ခဲ့ပါ
သည်။ အဆိုပါ စက်ဘီး ငါးစီးအား
တောနယ်မှာရှိ စာသင်ဘုန်းကြီးကျောင်းသို့ 
ပေးပို့ လှူဒါန်းခဲ့ပါသည်။ ဘုန်းကြီး ကျောင်းရှိ
ရပ်ဝေးရွာများမှ စာသင်လာသော နွမ်းပါးသည့်
ကလေးများအတွက် ခြေလျင်မလျှောက်ရပဲ
စက်ဘီးစီး၍ စာလာသင်နိုင်သဖြင့် သူ့ ရဲ့ ကုသိုလ်
ကောင်းမှုစိတ်ကူးလေးအား သာဓုခေါ်ရင်း မျှဝေ
လိုက်ရပါသည်။

image

image

Author @htwegyi
Photo @htwegyi
8-5-2018

Sort:  

ခုတော့ဆိုင်ကယ်မြို့တော် ဖြစ်နေပြီ

Yes nweoomon

ကောင်းလိုက်တဲ့စိတ်ထားနဲ့လုပ်ရပ်။သာဓုခေါ်ပါတယ်။

ဟုတ်တယ်ဗျာ စိတ်ကူးလေးကောင်းချက်

စက်ဘီးအဟောင်းတွေ မန်းလေးလာဝယ်ပြီး ပိသာချိန်နဲ့ရောင်းစားရင် မြတ်လေမလားဟု ယခုpost ကိုဖတ်၍ အတွေးပေါက်မိပါသည်။😁😁😁😁

ကြာသလားလို့ ဗျာ 😁😁

sneaky-ninja-sword-xs.jpg
Sneaky Ninja Attack! You have just been defended with a 1.49% upvote!
I was summoned by @htwegyi. I have done their bidding and now I will vanish...

woosh
A portion of the proceeds from your bid was used in support of youarehope and tarc.

Abuse Policy
Rules
How to use Sneaky Ninja
How it works
Victim of grumpycat?

ဆိုင်​ကယ်​မြို့​တော်​အပြင်​ အခု ​ခွေးဘီလူးမြို့​တော်​ အဖြစ်​ တဖြည်းဖြည်း ​ပြောင်းလာသလိုပဲ ကိုကြီး​ရေ .. (ကားကို​ပြောတာ​နော်​) ..😀

ဟုတ်ပဗျာ ခွေးဘီလူးရယ် မီနီအိုးဝေ ရယ်လမ်းမပေါ်
သူတို့ ချည်းပဲ

စက်ဘီးစီးရတာ တကယ်ဆို ကျန်းမာရေးအတွက်ကောင်းတယ်

ဟုတ်တယ်ဗျာ နိုင်ငံခြားသားများတောင်မှ
မန်းလေးကို စက်ဘီးစီးပြီးလည်ကြတာ

မန္တလေးမှာ ချစ်သော မမနဲ့ ကျုံးဘေးမှာ စက်ဘီးစီးခဲ့ရတာတွေ ပြန်တမ်းတမိတယ်။

ရွှေခြေနင်း နဲ့ မမ လားဆရာတင်

အဟ်တော် နာတို့ အိမ်မှာစက်ဘီး ၃ စီး ရှိသေးတယ် လှူ ချင်တာ

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 63746.34
ETH 3048.25
USDT 1.00
SBD 3.97