Steem ရဲ့ တုံးကျော်မ

in #myanmar5 years ago (edited)

ကောင်းကင်တွင် ခရမ်းရောင် ပန်းရောင် အရောင်အသွေးတို့ဖြင့် လှပတင့်တယ်နေသည်။ ထိုကောင်းကင် ကို နောက်ခံပြုကာ လေဟုန်စီးသည့်ယာဉ်ပျံ
မျိုးစုံက လူးလာခေါက်တုံ ရွေ့လျားနေကြသည်။
ရောင်စုံယာဉ်ပျံများဖြင့် ကောင်းကင်က ပိုမိုလှပ
နေပေသည်။ ခေတ်မီတိုးတက်လာသည့် အဆောင်အယောင်များက အခန်းတွင်ပြည့်လျှက်နေသည်။
လုပ်ငန်းခွင်သွားစရာမလို မိမိနေအိမ်မှပင် အလုပ်များကို ပြီးမြောက်အောင်စွမ်းဆောင်နိုင်ကြသည်။

ကောင်းကင်တွင်ပျံသန်းနေသော ယာဉ်ပျံတို့နဲ့
အဆောက်အအုံ အချို့တွင် STEEM ကြော်ငြာများက နေရာအနှံ့အပြား နေရာယူထားသည်။ ငွေကြေး
အသုံးပြုမှုတွင် Steem က မင်းမူထားသည်။
Steem Power 10 ရှိပါမူ ထိုသူလူရာဝင်ဆန့်
လှသည်။ မျက်နှာအလွန်ပွင့်လှသည်။ သူသွားလေရာ နေရာအတော်များများက သူ့ကို အရေးပေး
လှသည်။ စားသောက်ဆိုင်များ၊ ဘားကလပ်များနှင့်
ရှော့ပင်များက အထူးပရိုမိုးရှင်းပေးကြသည်။

image

image

Steem Power 10 ပိုင်ဆိုင်သူ၏ ဗုတ်တစ်ချက်
ရရှိရေးအတွက် သူ့အားမျက်နှာချိုသွေး အလေးပေး
ကြခြင်းဖြစ်သည်။ Steem Power 10000 ရှိသူများအဖို့ ကတော့ နန်းတော်တမျှအဆောက်အအုံ
ကြီးအတွင်း အစောင့်အရှောက် အခြွေအရံပေါများစွာဖြင့် နေထိုင်ကြရသည်။ ခရီးသွားလာရာပင်
ကိုယ်ပိုင်လေယာဉ်ဖြင့်သွားလာကြသည်။ ကြေးစား
စစ်သည်အချို့ကိုပင် ခေါ်ယူငှါးရမ်းထားလေသည်။
ထိုသူတို့အနား သွားရောက်ဖို့ရာမှာ အလွန်ခဲယဉ်း
လှပေသည်။

အဆိုပါ Steem Power အင်အားကြီးသူများက
ခြောက်လတစ်ကြိမ် steemit တွေ့ဆုံပွဲကို
ကျင်းပကြသည်။ ထိုသို့ ကျင်းပရာတွင် လူမသိ
သူမသိ Steem Power 500 ခန့်ရှိသူများကို
ဖိတ်ခေါ်၍ ပါတီပွဲများကျင်းပသည်။ MSC ရဲ့
ခေါင်းဆောင် ကိုဟင်နရီအောင် ကျင်းပသည့်
ပါတီပွဲတစ်ခုက နာမည်ကြီးခဲ့သည်။ သူ့ပါတီပွဲ
ကို ည ၇နာရီမှာစတင်ကျင်းပသည်။ ပွဲအစကို
ကိုရီးယားအဆိုတော်မလေးများ အဖွဲ့ဖြင့်
စတင်ဖွင့်ခဲ့သည်။ အချိုရည် ယမကာမျိုးစုံကိုလည်း
ဘူဖေးစနစ်ဖြင့်ဧည့်ခံကျွေးမွေးသောက်သုံးစေသည်။

ပါတီပွဲသို့ တက်ရောက်လာသည့် msc လူငယ်များမှာ မီးရောင်စုံများအောက်မှာ တီးလုံးများဖြင့်
မြူးကြွစွာ ကခုန်နေသည်။ လူကြီးပိုင်းများကမူ
စားပွဲခုံများတွင်ထိုင်ကာ အိနြေ္ဒကြီးများဖြင့် အအေး
များသောက်သုံးနေကြရှာသည်။ ကိုရီးယားမလေး
များပြီးတော့ အမေရိကန် အဆိုတော်မလေး
တေလာဆွတ်ဖ် ဖျော်ဖြေသည်။ တေလာဆွတ်ဖ်
ဆိုအပြီးမှာ ဆက်လက်၍ အလှည့်ကျလာသူကတော့
ဂျနီဖာလိုပက် ဖြစ်သည်။

ဂျနီဖာလိုပက် စင်ပေါ်သီဆိုနေစဉ် စင်ရှေ့သို့
လူတစ်ယောက် ယိုင်ထိုး ယိုင်ထိုးနှင့် သွားနေသည်။
သီချင်းတစ်ပုဒ်ပြီးသွားသည့် အခါ ထိုလူက
စင်အောက်မှာ လှမ်း၍ လိုပက်စ်အားပြောလေသည်။

image

image

” ဟေ့.. လိုပက်စ် ပလိစ် ယူ စီဂီး တုံး..ကျော်..မ”

”ကမ်မင်း ...ဟေ့ ...ပလိစ်”

”ပလိစ်... လိုပက်စ်.. တုံး..ကျော်...မ..ကျမ ......
မသေပါဘူး..စင့် ...သဗ္ဗေသတ္တာကိုး.. ဟိုး....
သေနိုင်ပါရို့လား..ဟာ..ဟာ..လေဘာတီ..
ရယ်.....ပေ..တ..ရာ...စီ..
လျှောက်..ပါလို့.....လို့”

”ဟ.. စင်ရှေ့က ဘယ်သူလဲဟ လုပ်ပါအုံး”

”ဟာ..ဦးထွေး..ဦးထွေး ဘယ်လိုတွေများတောင်ဖြစ်တာလဲဟ သူက မသောက်တတ်ပါဘူး”

”ဟာ ဦးထွေးကတော့ လုပ်ချလိုက်ပြီ ဂျနီဖာလို
ပက်စ် ကို တုံးကျော်မ သီချင်းဆိုခိုင်းနေတာ
ဟား..ဟား..ဟာ”

”သူ့ အချိုရည်ခွက်ထဲ တစ်ပက်ကျော်လေး
ရောထည့်လိုက်မိတာ ငါးပါးမှောက်တာပဲဗျို့”

”ဘယ်လိုများတောင် ထိန်းရပ ဟိုမှာ ကြည့်ပါအုံး
ဂျနီဖာလိုပက်စ်ရယ် မျက်လုံးလေး ကလည်
ကလည်နဲ့ သူ့ခမျာ ဘာလုပ်ရမှန်း မသိဘူး
ဖြစ်နေရှာတာ”

”အတော် ဂွကျတဲ့လူပါပဲဗျာ”

”သူ့အမေ ဖုန်းဆက်ခေါ်နေတယ်လို့ ပြောပြီး
ချော့ခေါ်ခဲ့ဗျာ”

ကိုဟင်နရီမှ ဦးထွေးနား ကပ်၍ချော့ပြောရလေ
သည်။

”ကိုထွေး ခင်ဗျား အမေက ဖုန်းဆက်ခေါ်နေတယ်
ပြန်လာခဲ့တော့တဲ့။ နောက်တစ်ကြိမ် ပါတီမှာ
ကျွန်တော် မြန်မာဆိုင်းဝိုင်းကြီးငှါးပေးပါမယ်ဗျာ။
စိုးစန္ဒာထွန်းပါ ခေါ်ဆိုခိုင်းမယ် ဟုတ်ပြီးလား”

”ဂယ်..လား..အိုကေ.. လေ.. နိုး..နိုး..ဟိုဟာ
ဦးသုမောင်သား ဟို..ကောင်လေး..ဖိုးသောကြာ
ပါခေါ်ဆိုခိုင်းပေး အိုကေ နော် ကိုဟင်”

”အိုကေ ကိုထွေး ဖြစ်ရစေမယ်”

”ပေ..တ..ရာ..စီ..လျှောက်...ပါ..လို့..”

”သေ...နိုင်ပါ....ရို...လား.....”

သီချင်း ဆိုတန်းလန်း ဦးထွေးလက်မောင်းကို
တစ်စုံတစ်ယောက်က ဆွဲခေါ်သွားလေသည်။

”အထွေး ထတော့ ၇နာရီခွဲပြီ ရုံးသွားရမှာလေ”

အမေ့ က လက်မောင်း လှုပ်နိုးအသံကြားမှ
အော် ငါအိပ်မက် မက်နေတာပါလား ကွယ်ရို့။

Author @htwegyi
Photo @htwegyi
MSC.036

Sort:  

ခုတော့ ခုတော့ ချတင်းဈေးလေးတွေ ဖင်ဖျား ကပ်ထားဆဲ

တစ်နေ့ နေ့တော့တက်လာလိမ့်မည်

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thanks esteemapp

အိပ်မက်က မနိုးသင့်ဘူးနော် 😁

Posted using Partiko Android

ဟုတ်တယ်ဗျာ အမေတော်တော်နောက်ပ 😁

အမေ က မနှိုးလိုက်ရင် ဘေးမှာ ကောင်းမလေးတွေ က steem သူဌေး ဆိုပြီး ဝိုင်းဆွဲနေလောက် ပီ

သားသားကြောကြောက် steem ဈေးတွေ
တဖောက်ဖောက်နဲ့ အပေါ်တက်ပါစေ 😁

ဆက်အိပ် မနိုးနဲ့

အိပ်ခိုင်းသူတွေများပါလားနော် 😁

အလို အိမ်မက်ကလည်း အပြတ် မိုက်လှချည်းလားဗျာ

Posted using Partiko Android

အိပ်မက် အလန်းလွန် အလွန်လန်း 😁

ဆက်​မက်​​နေရမှာကို...😀မိုက်​​နေတာ​တေလာဆွတ်​ဖ်​၊ဂျနီဖာလိုပက်​တို့နဲ့....😀

Posted using Partiko Android

လူတိုင်း အဲ့လိုပြောနေကြတာလေ 😁

Congratulations! This post has been upvoted from the communal account, @minnowsupport, by htwegyi from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

👍👍👍

အိမ်မက်ကောင်းကြီးပဲ ဦးထွေးရေ...
အဲ့လိုမက်ဖူးချင်တာ။

အဲ့လိုပဲ အတင်းမက်ပစ်တာပ 😁

ငှင့်​ အကယ်​ မှတ်​လို့ ဒီကဖြင့်​ ဖတ်​လိုက်​ရတာ

အကယ်ဖြစ်လာမှာပါလေ

Coin Marketplace

STEEM 0.30
TRX 0.11
JST 0.033
BTC 64320.07
ETH 3154.23
USDT 1.00
SBD 4.34