သဘာဝရဲ့ အေးမြခြင်း Naturally's cool

in #myanmar5 years ago (edited)

image

ရာသီဥတု က တစ်လောက အတော်ပူတယ်ဗျာ။
မနေ့တစ်နေ့ကမှ မိုးလေ လေးကျလို့အပူအနည်း
ငယ်သက်သာတယ်လို့ဆိုရမလို။ ဒါပေသိ အပူက
တော့ မဖြုံဘူး။ ပူတုန်း ပူဆဲ ပူမြဲပဲ။ မိုးလေးအုံ့
လာလိုက် ရွာလိုက်၊ အနည်းငယ်အေးလိုက်၊
ပြီးတော့လဲ ပြန်ပူလိုက်။ အပူလုံးချာလိုက်နေသလို။
ရာသီဥတု ပူသော်လည်း ကျုံးဘေးလမ်းလျှောက်သူ
ကတော့ ရှိနေသေးသည်။

1v0j5a5680.jpg

ကိုယ်တွေလမ်းလျှောက်တာ ပူလွန်းလို့ အရှိန်လျော့ကာလျှောက်သော်လည်း မြို့ရိုးဘေး အုပ်စုလိုက်
ကသူတို့ကတော့ အရှိန်မလျှော့ဘူးဗျို့။ အပူရှိန်နှင့် အတူစည်းချက်ကကြမ်းချက် သူတို့အက ကလည်း
အတော်လှုပ်ကနေကြတာ။ ရာသီပူထဲ အတော်
လှုပ်လှုပ်ရှားရှားကနိုင်တဲ့အဖွဲ့ဟု ထင်မိသည်။
ကိုယ်တွေ လမ်းလျှောက်တာမြန်ရင်တောင်
ချွေးထွက်တာများတယ်။ ဒါကြောင့် လမ်းလျော့
လျှောက်ရတာ။ သူတို့အဖွဲ့ကိုတော့ စိတ်ထဲက
ချီးမွမ်းမိသည်။

mclek4uwd0.jpg

အဲ အပူဆိုလို့ အဲ့အပူအကြောင်းရေးပြချင်တာ။
အပူရဲ့ အရှိန်၊ အပူရဲ့ စွမ်းအား၊ အပူရဲ့ ထူးခြား
ချက်ကို ကျုံးရေပြင်ဘေးမှာ လမ်းလျှောက်ရင်း
သတိထားမိခဲ့သည်။ အဟဲ နည်းနည်း ကြီးကျယ်
သွားသလားမသိဘူး။ ဒီလိုဗျ အဲ့အပူကြီးကို သစ်ပင်
တွေက လိုသလိုထိမ်းချုပ်ထားနိုင်တာသိသာတယ်။
သစ်ပင်နဲ့ မြေကြီးရဲ့ တန်ဘိုးကို ကျုံးဘေးမှာ
သတိထားမိပြီး သိခဲ့ရသည်။

zz7eref0f1.jpg

ကားလမ်းနဲ့ ကျုံးရေပြင်ကြားကို တလောဆီက
ကွန်ကရစ်လမ်းခင်းခဲ့သည်။ စတီးလက်ရမ်းများ
တပ်ဆင်ခဲ့သည်။ မန်းကျုံးဘေးက လှပပြီး
လမ်းလျှောက်ရသည်မှာ ကောင်းမွန်သွားသည်။
သို့သော် တစ်နေ့က အဆိုပါ ကွန်ကရစ်လမ်းပေါ်
လမ်းလျှောက်ပြီး ၇၃ လမ်းတံတားမှ ဝင်ကာ
ကျုံး နှင့် မြို့ရိုးကြားက မြေသားလမ်းကလေး
ကို ဝင်ရောက်လျှောက်မိသည်။

xuoy26fy5r.jpg

အဲ့မှာ ကွန်ကရစ်လမ်း နှင့် မြေလမ်းကွာခြားမှုကို
ချက်ချင်းသိရှိရတော့သည်။ ကားလမ်းနှင့် ကျုံး
ရေပြင်ကြားက ကွန်ကရစ်လမ်းမှာ လမ်းလျှောက်
ရသည့်အခါ အပူချိန်များသည်။ ကား၊ ဆိုင်ကယ်
များမှ အပူငွေ့များ၊ ကွန်ကရစ်လမ်းမှ အပူငွေ့
များနှင့် လမ်းလျှောက်ရသည်မှာ အပူများနှင့်
လမ်းလျှောက်နေရသည်။

ue9wmcbvr8.jpg

fxflcq6j43.jpg

မြို့ရိုးနှင့် ကျုံးရေပြင်ကြားမှ မြေသားလမ်းလေး
က အေးမြလှသည်။ လမ်းလျှေက်နေရင်း နဘေးမှ
မြက်ပင်လေးမှ အအေးဓာတ်နှင့် မြေကြီးမှ အအေးဓာတ်၊ ထိုအပြင် မြို့ရိုးအတွင်းရှိ သစ်ပင်ကြီးများမှ
အအေးဓာတ်များက သိသာစွာတစ်မျိုး၊ မသိမသာ
တစ်မျိုး အအေးဓာတ်များပေးကြသည်။
သဘာဝတရားက ဆန်းကြယ်လှပေသည်။
လူတို့ပြုပြင်ထားသော အလှတရားက၊
သဘာဝအတိုင်းရှိနေသည့် အလှတရားနှင့်
အေးမြမှုတို့ကို ကျော်လွန်အောင် မစွမ်းနိုင်ကြ
ပါလားဟု အောင်းမေ့မိတော့သည်။

5nlxafn966.jpg

@htwegyi
Photo @htwegyi
MSC.036

Sort:  

Congratulations! This post has been upvoted from the communal account, @minnowsupport, by htwegyi from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

👍👍👍

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thanks esteemapp

ဟုတ်ပ အေ မှန်ပ အေ

အမယ် မန်းသင်္ကြန်အတွက် သံချပ်တိုက်နေသလို 😁

ဖောလိုး လုပ်ပါဦး ဦးထွေး

Posted using Partiko Android

ဟုတ်ကဲ့ပါ အဲ့ ဘူလဲလေနော် ကိုဟိန်းလား

သဘာဝရဲ့အေးမြခြင်းကို အလွန် အလန့် ကြိုက်

သဘာဝတရားနဲ့ မကင်းနိုင်ပါဘူးလေ

မန်းလေးလည်း ဒီနေရာလေးအေးတာနော် ဘထွေး

တို့မန်းလေးလဲ အဲ့နေရာလေးပဲ မြေကြီးရှိတာ ကျန်တာ ကွန်ကရစ်လမ်း တွေခင်းထားတာ

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.032
BTC 63547.08
ETH 3070.13
USDT 1.00
SBD 3.83