သီချင်းများနှင့် ဘာရယ်ဟုတ်ဖူး။

in #myanmar5 years ago

image

အခါ... တော် ...ပေးတာက... နတ်ရေးတဲ့ ရွှေစာ
ကောင်းခြင်း ဒီအချိန်ခါ......

တိမ်ပြာပြာ နေ့တစ်နေ့ ဆန်းဒေးမှာကွယ်
မင်္ဂလာဆောင်ပွဲလေး ကျင်းပနေတယ်
ကိုယ်လည်းလေ အားကျမိတယ်.....

အမြဲတမ်း ငြိမ်းငြိမ်းချမ်းချမ်း မခွဲတမ်းပဲ...

သူငယ်ချင်းတို့မင်္ဂလာပွဲမှာ ဂုဏ်ယူလောက်ပါပေ
တယ်။ အပေါင်းအသင်းများတွေ့ဆုံလေတယ်
အောင်ပွဲဆင်နွဲ ခြိမ့်ခြိမ့်သဲ.....

ယနေ့မှစ နှစ်တရာတိုင် .......တို့ဘာတို့ ညာတို့
ကောင်းပါတယ် မင်္ဂလာ သီချင်းလေးတွေ။

ဘာညာ ဘာညာ ပေါ့ ဝါသနာပါရင်
ဆက်ဆိုရအောင်လို့ ချန်ထားခဲ့တယ်ပေါ့နော်။

မင်္ဂလာဆောင်မှာဖွင့်သည့် တေးသီချင်းများနဲ့
ပတ်သက်၍ ရေးစရာအကြောင်းလေး ကြံဖန်ရေး
မိသည်။ ကျွန်တော်တို့မြန်မာများသည် အတိတ်
နမိတ်နှင့် တဘောင်များကိုယုံကြည်ကြသည်။
မင်္ဂလာဆောင်မှာ မင်္ဂလာရှိသည့် သီချင်းဖွင့်ကြ
သည်။ အလှူတော်မင်္ဂလာမှာ အလှူသီချင်းနှင့်
ဗျောသီချင်းများ ဖွင့်ကြ တီးကြသည်။

image
image source

ခေတ်ကာလတိုးတက်လာတာလား
ကိုယ်တွေသည်ပဲ ခေတ်နောက်ကျသွားသလား
မသိပါ။ မင်္ဂလာဧည့်ခံပွဲများတွင် ဖွင့်ကြသည့်
အချို့သော သီချင်းများသည် မင်္ဂလာနှင့် ဆန့်ကျင်
လှပေသည်။ အလှူမင်္ဂလာများတွင်လည် ဆိုင်းဝိုင်း
များမှ သီဆိုသည့်သီချင်းများသည် အလှူမင်္ဂလာ
နှင့် မဆိုင်သည့် သီချင်းများဆိုကြသည်။ အလှူတွင်တီးသည့် ဆိုင်းဝိုင်းများတွင် ခေတ်ပေါ်တေးဂီတများ ပူးတွဲပါဝင်လာသည်။

မင်္ဂလာဆောင်မှာ

မေရယ်.. မေရယ် ကျော်တော့ လှေသူကြီးပါကွယ်
ညားတော့လည်... လှေထိုးသားနဲ့ကွယ်...

ဆိုရင်တော့ ရိုက်ပေါက်ပေါ့ဗျာ 😁။

မင်္ဂလာဆောင်မှာ မင်္ဂလာဆောင်နှင့် ပတ်သက်သည့်
သီချင်းများ၊ အလှူမှာ အလှူ နှင့်သက်ဆိုင်သည့်
သီချင်းများ၊ ဘုန်းကြီးပျံတွင် ဧယဉ်ကျူးများ
ရှိပေသည်။ ဘုန်းကြီးပျံတွင် ဧယဉ်ကျူးသည့်
မင်းသမီး၏ အဆိုအငို ပိုင်နိုင်လျှင်၊ ကောင်းမွန်ပါ
လျှင်နားထောင်ရသူအပေါင်းမှာ မျက်ရည်ဖြိုင်ဖြိုင်ကျရသည်။ ရင်မှာစို့နင့်လွမ်းဆွေးရသည်။

image
image source

ဘုန်းကြီးပျံ ဧယဉ်ကျူးမှာ ဧယဉ်ကျူးသည့်
မင်းသမီးက ဘုန်းကြီးပျံကြီးဘေးထားပြီး

မောင်မောင် မေ့ဖို့ ကြိုးစားတာလား
မောင်မောင် မေ့ဖို့ ကြိုးစားတာ
လား..ကွယ်...။

ဆိုပြီး ဧယဉ်ကျူးလိုက်တာ ဘေးမှာနားထောင်
နေကြသည့် ဦးပဉ္ဇင်းများက ဧယဉ်ကျူးသည့်
မင်းသမီးကို ထန်းလက်ချောင်းနဲ့ထရိုက်လေသည်။
ဧယဉ်ကျူးသည့် မင်းသမီးခမျာ့ ထဘီလေးမပြီး
ပြေးလိုက်သည်မှာ တန်းနေပါတော့သည်။
သီချင်းများသည် သူ့နေရာနှင့် သူ သီဆိုပါမှ
အံဝင်ဂွင်ကျဖြစ်ပေတော့သည်။

@htwegyi
MSC.036

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thanks esteemapp

ဒူးနေရာဒူး တော်နေရာတော်
အဲဒါ ဘာလဲနော်

Posted using Partiko Android

ဒူးက ဒူးနေရာ မနေလို့နေမှာပ 😁

Congratulations! This post has been upvoted from the communal account, @minnowsupport, by htwegyi from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

👍👍👍

Coin Marketplace

STEEM 0.30
TRX 0.11
JST 0.033
BTC 64275.05
ETH 3147.49
USDT 1.00
SBD 4.29