ရှန်ပိန် ဘီအီး ထွေးညို

in #myanmar5 years ago (edited)

ဒဂုန်တာရာ ၏ မေဝတ္ထု ကိုဖတ်ရင် ရှန်ပိန်
တစ်ခွက်သောက်ရသလိုလို့ ရေးသားထားသည်။
ကဲ Steemit က အဖွဲ့တွေလဲ ကျွန်တော် ပို့စ့်လေးကို
ဖတ်ရသည့်အခါ ရှန်ပိန်မဟုတ်တောင် ဘီအီး
ဖြစ်ဖြစ် ထွေးညိုလေးဖြစ်ဖြစ် အဲ့လိုလေးအရသာ
ခံစားစေချင်လိုက်တာဗျာ။ နာမည်ကျော် စာရေး
ဆရာကြီးကိုသွားပြိုင်နေသလားလို့ထင်ပါနဲ့ဗျာ။
ဆရာကြီးရဲ့ ဇာတ်ကောင် မေ ကစိတ်ထဲရှိတဲ့
အတိုင်း၊ ဆန္ဒရှိတဲ့အတိုင်း လုပ်တဲ့ ပညာတတ်
မိန်ကလေးဖြစ်သည်။

ကျွန်တော် ဇာတ်ကောင် မေ ကတော့ လုပ်ချင်တာကို
လုပ်တဲ့မိန်းကလေး ထင်ပါသည်။ ခုခေတ်
မိန်းကလေးတွေက ရှေးယခင် မိန်းကလေးများ
ထက် ပွင့်လင်းမြင်သာရှိလာကြသည်။
အရှက်အကြောက်အပြောအဆို ရဲတင်းပွင့်လင်း
လာသည်။ သူတို့ကို ကြည့်သူမြင်သူကို စိတ်ဆန္ဒ
အမျိုးမျိုးဖြစ်စေသည်။ ဝတ်စားပုံများကလည်း
ပွင့်လင်းမြင်သာလှပေသည်။

ကျမက လွတ်လပ်ချင်တယ်၊ ပွင့်လင်းချင်တယ်၊
အချစ်လား သူ့ကိုဘယ်လို အဓိပ္ပာယ်ဖော်ရမှန်း
တောင် မသိဘူး။ တကယ်ပြောတာ အချစ်က
ချစ်လို့မဝတာလား ချစ်လို့မကုန်နိုင်တာလားကို
မသိတော့ပါဘူး။ သားတို့အဖေနဲ့ စတွေ့တာက
အချစ်ကို ဘယ်လိုမှန်းကျမ မသိသေးဘူးရယ်။
လူကြီးတွေက ပေးစားတာနဲ့ ကျမယောက်ျား
တစ်ယောက်ရခဲ့တယ်။ ရကာစတော့ ပျော်စရာ
ရင်ခုန်စရာကောင်းတာပေါ့။ သါးတို့အဖေက
အလိုလိုက်ခဲ့တယ်လေ။

image
Photo @htwegyi

သားလေးရလာတော့ အိမ်ကလူကြီးက စီးပွားရေး
ပဲ ဂရုစိုက်တော့တယ်။ ကျမလဲသားလေးကို
ပြုစုရင်း လက်ထဲမှာရှိတဲ့ငွေလေးကို အတိုးပေးရင်း
ငွေလေး အတော်စုမိတယ်။ သားလေးကလည်း
ကျောင်းနေအရွယ်ရောက်လာပြီး သူဟာသူ
သွားလာစားတတ်လာတယ်။ ဒီမှာ ကျမရဲ့ နဂို
ဗီဇလေးက ခေါင်းထောင်လာတယ်။သူ့ဖက်
ကိုယ့်ဖက် အဖေ အမေများကလည်း ကျမတို့ဆီ
ကို သတိရတဲ့အခါမှသာ လာနိုင်ကြတယ်။ သားတို့အဖေက စီးပွားရေးအတွက် ခရီးထွက်နေရ
တာကများတယ်လေ။ ပြီးတော့ ပြောရအုံးမယ်
သားတို့အဖေက ကျမထက် ၁၃ နှစ်ကြီးတယ်။

ညပျော်ပွဲ ရွှင်ပွဲတွေ ကျမသွားတတ်နေပြီ။
ကျမ ဘော်ဒါတွေကလည်း ကျမလိုလူတွေဆိုတောအချင်းချင်းပေါင်းဖက်မိနေကြတာပေါ့။
ကောင်လေးပေါက်စတွေနဲ့ တရုန်းရုန်း ။
ကျောပုတ် ခေါင်းပုတ် ပေါင်ပုတ် ပေါ့ ဒါဟာ
ကျမအတွက် လွတ်လပ်ခြင်း ဖရီးပေါ့နော်။
ကျမက အချမ်းသာကြီးမဟုတ်ပေမဲ့ သုံးနိုင်
ဖြုန်းနိုင်တယ်။ ပြီးတော့ ကျမက လက်ဖွာတယ်။
ကျမ ကို ထိကပါးရိကပါး ပလီပလာ ပြောတတ်တဲ့
ပရိသတွေကကျမ အပါးမှာဝိုင်းနေကြတာကို
ကျမ သာယာနေသလား မသိတော့ပါဘူးလေ။

image
image source

”ညဆိုလျှောက်လို့သာလည်ချင်
နေ့ဆို မုန်တဲ့စိတ်တွေဝင်
ဘယ်မှာ နားလို့ဘယ်မှာပင်
ငါးကလေးလို ကူးသွားဖို့ပြင်....”

အမှန်က ကျမက ငှက်ကလေးလိုပျံသန်းချင်တာ။
ကျမ လွင့်ချင်တိုင်း လွင့်နေခဲ့ ကိုယ့်ကိုကိုယ် အချစ်
ဆရာမကြီးလို့ ထင်နေတဲ့အချိန် သားလေး
၆ တန်းရောက်တဲနှစ်မှာ ကျမဘဝရဲ့ သင်ခန်းစာ
ကရောက်ရှိလာပါတာ့တယ်။
မောင်မောင် အမည်နဲ့ လိုက်အောင် တမောင်မောင်
နဲ့ အပြောကောင်း မျက်နှာချိုလေးနဲ့ ကျမထံကို
ရောက်ရှိလာခဲ့တယ်။ အရင်လူတွေလို သူက
ကျမဆီက ငွေမချေးယူဘူး။ သူ့ဆီကတောင်း ကျမကိုငွေပေးတယ်။ အဲ့မှာတစ်ချက် ကျမသူ့ကို
ပိုသဘောကျစေတယ်။ မောင်မောင်က ကျမကို
အကြောင်းပြု၍ ကျမရပ်ကွက်မှာ ဝင်ထွက်များလာ
တယ်။ ရပ်ကွက်ထဲက လူငယ်တွေနဲ့လည်းသူက
မိတ်ဆွေဖွဲ့လွယ်တယ်။ ကျမကို ခုတုံးလုပ်ပြီး
အမှန်က သူကဈေးကွက်ရှာနေခဲ့တာ။

image
image source

မောင်မောင် နဲ့ စပြီးတွဲကတည်းက သားလေးကို
မေ့ထားမိသည်။ အရင်လိုသားကို ဂရုမစိုက်မိခဲ့ဘူး။သားအဖေ့ကလည်းအိမ်ကပ်သည်မရှိ။ ခရီးထွက်တာများတယ်။ သားလေးဖြည်းဖြည်း ပိန်လာသည်မှ
ကျမသားကို သတိထားမိလာသည်။
သားအမိ ထမင်းလက်ဆုံစားသည်က မရှိခဲ့ချေ။
ဒီနေ့တော့ ကျမသားလေးနဲ့ ထမင်းအတူတူစားရန်
ခေါ်မိသည်။ သားက မစားချင်ဘူးပြောသည်။

”လာပါအုံးသားရဲ့ သားနဲ့အမေ ထမင်းမစားရတာ
တောင်ကြာပြီ။ ဒီမှာသားကြိုက်တဲ့ ပုဇွန်တုပ်ကြီး
တွေ ဝယ်လာခဲ့တယ်။ လာစားနော်သား”

”တော်ပြီအမေ သားမစားဘူး အိပ်အုံးမယ်”

ကျမကို စိတ်ကောက်နေတာလားဟုတွေးမိသည်။
ခါတိုင်း ပုဇွန်ဆိုတဲ့အသံကြားရင် အူယားဖားယား
ပြေးလာတဲ့ကောင်လေး ဘာဖြစ်တာလဲ။ ကျမ
စားသောက်ပြီး လက်ဆေးကာ သားအခန်း
ဝင်ကြည့်တော့ သားက ခုတင်မှာအိပ်နေတယ်။
သားအခန်းရှုပ်နေ၍ ရှင်းသည့်အခါ သားအင်္ကျီ
ဝတ်ပြီးသည့်အိတ်ထဲမှ ပလတ်စတစ်နှင့် ထုတ်ထားသည့် ဆေးပြား၂ ပြားတွေ့ရသည်။ ကျမ မျက်လုံး
တွေပြာသွားသည်။ ကျမ က ဘီယာ၊ ဝိုင် သာ
သောက်သည် သူငယ်ချင်းများက ဒီဆေးပြားများ
သုံးရန်ပေးသည်ကို ငြင်းခဲ့သည်။ မူးယစ်ဆေးဝါး
ကိုတော့ ကျမ မသိစိတ်ကငြင်းစေသည်။
ကျမငြင်းခဲ့သည့် ဒီဆေးပြားများက ၆တန်းကျောင်းသား ကျမသားလေးထံ ဘယ်လိုရောက်ရှိနေပါလိမ့်။

ကျမ သားကိုနိုး၍ ဆေးပြားဘယ်ကရသနည်း
မေးရသည်။

”သား ထစမ်း မင်းဒီဆေးပြားတွေ ဘယ်ကရလဲ
ဘယ်သူပေးတာလဲ မင်းသုံးနေတာလား ပြောစမ်း
ငါ့ကို မြန်မြန် ပြောစမ်း”

”သားကို ကိုမောင်မောင်ပေးတာ အမေ”

”ဘာ”

”ပြောစမ်း မင်း ဒါတွေသုံးနေတာ ဘယ်လောက်
ကြာပြီလဲ”

”ဟို.. ဟို ကိုမောင်မောင်က စာကျက်ရင် လွယ်တယ်
ခေါင်းကြည်တယ်ပြောလို့ သားသောက်တာ ၁၀
ရက်လောက်ရှိပြီအမေ”

သား စကားအဆုံးမှာ ကျမရဲ့ ရင်တွေဗြောင်းဆန်သွားတယ်။ကိုယ့်ကိုကိုယ် လေအဟုန်မှာလွင့်နေတဲ့
ငှက်ကလေးကနေ လေဆင်နှာမောင်းရစ်ဝဲထဲ
ရစ်ပတ်ပါသွားသလို။ ကျမကမ္ဘာမှောင်အတိကျ
သွားခဲ့ပြီ။ကျမရဲ့အမှောင်ထုက သားလေးကိုပါ
လွှမ်းသွားသလိုခံစားလိုက်ရပါတော့သည်။

Author @htwegyi
MSC.036

Sort:  

ခုခေတ်က ပွင့်လင်းမြင်သာမှုရှိတဲ့အတိုင်း အရမ်းပွင့်ကုန်တယ်ဗျို့

Posted using Partiko Android

ဟုတ်ပ

Thanks for using esteem app. ရေးထားတာကောင်းတယ်ဘရို။

ကျေးဇူးပါ mmunited

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thanks esteemapp

ကိုဒေက စာဖတ်တာ တော်ချက်
@htwegyi က သိရသလောက်တော့ male ပါ ဘယ်လိုဒေများကို့ကိုယ်က်ု မေ လို့သုံးရလည်းဆိုးပီး အဆုံးထိ ဖတ်လိုက်တာ
သွားပြီး ငါလင့်ဝင်တာမှားသွားပီပေါ့
အာ့ဒါနဲ့ ပြန်ထွက် ပြန်ဝင် ကျိဖတ်တော့မှ ကိုဒေက ပထမ အပ်ုဒ် ကို ကျော်ပီး ဖတ်ခဲ့သကိုး

အဟီး အဲ့သလိုဖြစ်သွားသပေါ့

ဦးထွေးရေးထားတာက ပိုတောင်ဖတ်လို့ကောင်းနေသေးတယ်ဗျ။

မလုပ်ပါနဲ့ဗျာ ဆရာတွေက ဆရာပါ

Congratulations! This post has been upvoted from the communal account, @minnowsupport, by htwegyi from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

👍👍👍

ရှန်​ပိန်​ ဘီအီး ​ထွေးညို
ထန်းရည်​​တော့မပါဘူးလားဟင်​?

ထန်းပင်တက်သူမရှိလို့ဗျာ

ချာချာလည်ဝါးတေ😁

Posted using Partiko Android

မကြည်ပြာက ဝိုင်မော့တာလား 😁

ဝိုင်‌တစ်‌ခွက်‌ ‌သောက်‌ရတာထက်‌ ပြင်းတယ်‌ဦး‌ထွေး‌ရေ။

အချစ် ဝိုင်တစ်ခွက်နဲ့......

အရမ်းကောင်းတယ် တစ်ကယ်လဲ ဖြစ်နေတယ် ကလေးတွေ ဘယ်လိုဖြစ်တယ်မသိ မူးရစ်ဆေးဝါးတွေ ချနေကြတယ် စွဲစပြုနေရင် လူကြီးတွေ အနေနဲ့လဲ ကိုင်တွယ်ရခက်တယ် ဂရုစိုက်နိုင်ဖို့ အကောင်ဆုံး ပညာပေးဆောင်းပါးလေးတစ်ပုဒ်ပါ ။

ဟုတ်တယ် ကိုချစ်ရေ ရင်နာစရာတွေရပ်တန့်ပါစေ

Coin Marketplace

STEEM 0.31
TRX 0.12
JST 0.034
BTC 64742.01
ETH 3172.49
USDT 1.00
SBD 4.10