ရာသီပြောင်းချိန်

in #myanmar5 years ago

image

ဝါဆို ဝါခေါင် ရေဖောင်ဖောင်ဆိုသည့်စကား
ရှိသည်။ ရှိသော်လည်း မိုးက ရွာခဲလှသည်။
မိုးတိမ် မိုးသားတို့ အုံ့ ဆိုင်း အုံ့မှိုင်းလာပါ
သော်လည်း မိုးသည် ရွာခဲလွန်သည်။ ဝါဆို
ဝါခေါင်မှာ လေရူးတို့က ဝှေ့ ဝိုက်တိုက်ခိုက်
သည်။ ရေတိုးတဲ့ လေတွေဟု ပြောဆိုကြသည်။
အဆိုပါလေများကို ကြာကြာခံမိပါက ညောင်းညာ
ကိုက်ခဲဖျားနားတတ်ကြောင်း လူကြီးမိဘများထံမှ
ကြားဖူးသည်။ မှန်ပါသည် အဆိုပါ ဝါဆို ဝါခေါင်
လေများကို ကြာရှည် အတိုက်ခံရပါက နှာချေးကာ
ကိုယ်လက်တို့ ညောင်းညာလာပါသည်။

ရာသီဥတု ပူသည့်အခါမှာလည်း ပူလွန်၍ ရောဂါ
ရကြသည်။ ယခုလို မိုးရာသီရောက်၍ မိုးဖွဲလေး
များနှင့်အတူ ရောဂါတစ်မျိုးက ခြိမ်းခြောက်
လာပြန်ပါသည်။ H1 N1 ဆိုသည့် တုပ်ကွေး
ရောဂါဖြစ်သည်။ ရိုးရိုးတုပ်ကွေးရောဂါပင်
ဖျားနာမိပါက ကိုယ်တွေကိုက်ခဲညောင်းညာ
တတ်လေသည်။ ယခု H1 N1 ဆိုသည့်ရောဂါက
ပိုဆိုးသည်ဟုသိရသည်။ရုံးမှ အဖွဲ့တွေက
H1 N1 ကို ဟိနီ ဟုအမည်ပေးကြသည်။
ရာသီအပြောင်းအလဲမှာ ရောဂါဝင်ရောက်တတ်
သည့်သဘောရှိသည်။

image

ရာသီအပြောင်းအလဲနှင့်အတူ ကျွန်တော်တို့ MSC
အဖွဲ့ကြီးပါ ပြောင်းလဲသွားသလားဟု စိတ်မှာ
ဖြစ်မိသည်။ ပရို တင်သည့် အက်ဒမင်ကြီး
နေမကောင်းဖြစ်နေ၍ ပရိုလင့်ချမပေးနိုင်ကြောင်း
သိရသည်။ ထို့ကြောင့် ယခုမှ စိတ်အေးကာ
စာရေးသားနိုင်သည်။ ကဲ steemit အဖွဲ့သားများ
အားလုံး ကျန်မာရေးဂရုစိုက်ကြပါအုံးဗျာ။
မိုးရာသီ အစနှင့်အတူ နေရာတိုင်းမှာ တုတ်ကွေး
ရောဂါများဖြစ်ပွားနေသည်။ ကလေးငယ်များ
နှင့် သက်ကြီးရွယ်အိုများ အထူးဂရုစိုက်ကြပါ။

image

ကျွန်တော်တို့ တိုက်တန်းမှာတော့ ရာသီအပြောင်းအလဲ မျက်စိများကျိန်းကြသည်။ ကျွန်တော့်အစ်မ
ရဲ့ သူငယ်ချင်းမ တစ်ယောက်မျက်စိကျိန်းသည်ကို
အစ်မက

”ညည်း မျက်စိက ဘာဖြစ်တာလဲ”

”မျက်စိနာနေလို့ပါအေ”

”ဟုတ်လား ဒါဆို ငါ့ဆီမှာ မျက်စဉ်း ရှိတယ်
ခပ်ကြည့်ပါလား”

ပြောဆိုကြကာ မျက်စိကျိန်းသူ အမျိုးသမီး က
ကျွန်တော့်အစ်မမျက်စဉ်းကို ခပ်သွားလေသည်။
နောက်တစ်နေ့မှာတော့ ကျွန်တော့်အစ်မ မျက်စိက
ရဲ၍ ဖုယောင်းလာသည်။ ထိုအခါ အမေက
အစ်မကို ပြောလေသည်။

”ဟဲ့ တင်ဋ္ဌေးရဲ့ ညည်း မျက်စဉ်း က တယ်စွမ်း
တာပါလား၊ မျက်စိအနာဖြစ်တဲ့သူက ပျောက်ပြီး
နောက်တစ်ယောက်ကို ခုန်ကူးသွားတာပဲအေ၊
ညည်း မျက်စဉ်းဗူးကြီး ငါ့အနားမထားနဲ့အေ့”

အမေ့စကားကြောင့် ကျွန်တော်တို့လဲ အစ်မကို
ကြည့်ကာ ဝိုင်းရယ်မိကြပါတော့သည်။

@htwegyi
Image pexels.com
MSC.036

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thanks esteemapp

ရာသီပြောင်းချိန်မှာ ဖော်ကွာလို့ အပြင်ရော အတွင်းရော ဥပါဒ်ဝင် ကိုယ်တစ်ယောက်ထဲ ဘယ်လို နေရှာမလဲ ဘယ်သူမှ မေးမယ့်သူမရှိတယ် 😜 ☺😜 😜 😜 ကိုထီးသီချင်းသတိရလို့ ပါ

H1N1 ထက် H5N1 ကကြောက်စရာပိုကောင်းတာ ကိုထွေးကြီးရေ

အဟေး ကိုထီးသီချင်းလေးအရမ်းကြိုက်တယ်
မေးသူမရှိဘူးဆိုသော်လည်းကြိုက်တယ်ဗျာ
သီချင်းကို 😁
H5 ဆိုတော့ သူကနံပါတ်ကြီးတယ်လေ ပိုကြောက်ရတာပ


ပိုစ့်ရွေးချယ်ပေးသူများ၏ @c-squared Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @c2-myanmar အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the @c-squared Curation Collective Discord community for curators, and upvoted and resteemed by the @c2-myanmar community account after manual review. @c-squared runs a community witness. Please consider using one of your witness votes on us here

ကျေးဇူးပါဗျာ thanks c-squared

မိုးကကွင်း မီးကပျက် ကုန်ဈေးနှုံးကတက် steemကဈေးမတက်

အိုမိုင်းဂေါ့ မမရဲ့ ကွင်း ပျက် မတက် ပက်လက်ဖြစ်ရပါပြီအေ

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.032
BTC 64615.49
ETH 3112.63
USDT 1.00
SBD 3.84