မြစေတီ (ရာဇကုမာရ်)ကျောက်စာ Myazedi (Rajakumar) Quadrilingual Stone Inscription

in #myanmar5 years ago (edited)

image

Myazedi (Rajakumar) Quadrilingual
Stone Inscription

ရာဇကုမာရ်ကျောက်စာ ဆိုပြီး ကျွန်တော်တို့
ငယ်စဉ်က စာသင်ခဲ့ရသည်။ မိဘကျေးဇူး
သိသည့်သား၊ မိဘကျေးဇူး ဆပ်သည့်သားဟု
သင်ကြားလေ့လာခဲ့ရသည်။ ကျန်စစ်သားမင်း
ကြီး၏သားဖြစ်သည်။ ကျန်စစ်သားဆိုသည်ကား
ကျွန်တော်တို့အားလုံး သိကြသည့်အတိုင်း ပုဂံ
ရာဇဝင်ရဲ့သူရဲကောင်း။ ပုဂံ ရာဇဝင်မှာ
သူရဲကောင်းတွေ အများအပြားရှိခဲ့သည်။

2evhmw2m1g.jpg

ပုဂံသူရဲကောင်းများအနက် သူရဲကောင်း
လေးဦးတွင် ကျန်စစ်သား သည်လည်း တစ်ဦး
အပါအဝင်ဖြစ်သည်။ ဒီ သူရဲကောင်းလေးဦးထဲမှာ
ကျန်စစ်သားကို လူသိများမည်ထင်သည်။
ဘာလို့လဲဆိုတော့ အနော်ရထာမင်းထံ ဆက်သရ
မည့် မဏိစန္ဒာမင်းသမီးနဲ့ ကျန်စစ်သား ကဘာလိုလို
ဆိုလား။ ဒီလို သတင်းမျိုးဆိုတာက ယခုခေတ်မှ
မဟုတ် ဟိုးယခင်ခေတ်ကတည်းက ပေါ်ပြူလာဖြစ်သည်ထင်သည်။ ထို့ကြောင့် ကျန်စစ်သား သည်
သူရဲကောင်းများအနက် ပို၍ထင်ပေါ်ကျော်ကြား
နာမည်ကြီးသလားမသိပါ။

20190413_192144.jpg

ကျန်စစ်သား နာမည်ကြီးတာတစ်ခုရှိသေးသည်။
ကျန်စစ်သား၏ အရိန္ဒမာလှံကလည်း နာမည်
ကြီးဆိုပဲ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့
မန္တလေးမြို့ရဲ့လိုဂို မန္တလေးတောင်ပေါ်မှာ
ကျန်စစ်သားရဲ့ အဲ့ အရိန္ဒမာလှံရာကြီးရှိတယ်လေ။
စစ်ကိုင်းတောင်ပေါ်မှ မန္တလေးတောင်သို့
ထိုလှံဖြင့် ထောက်၍ကူးသည်ဟုသိရသည်။
ထိုလှံက အစွမ်းထက်လှသည်။ သံပုရာသီး ကို
ထိုးလှံဖြင့် ခူးစားသည့်အခါ မချဉ်ပဲ စားလို့
ကောင်းနေသည်။ ကျန်စစ်သားက ချဉ်လွန်သော သံပုရာသီးအား မြိန်ယှက်စွာ စားနေသည်ကို
မြင်သော ဘုန်းကြီး က သူလည်းစား
ကြည့်ရန်တောင်းလေသည်။ သံပုရာသီး က
စား၍ကောင်းသောအခါ ဘုန်ကြီးက

”မောင်ကျန် တစ်တို့ တစ်တို့” ဟုထပ်မံတောင်းရာမှ

”မောင်ကျန်တစ်တို့” ဟူသောစကားပေါ်လာသည်ဟု
သိရသည်။ ကျန်စစ်သား မှာ လိမ္မာတဲ့သား
တစ်ယောက်ရှိတယ်ဆိုတာကလည်း ဂုဏ်ယူစရာ
အပြင် နာမည်ကြီးစေခဲ့သည်။ ကျန်စစ်သား ၏သား
ရာဇာကုမာရ် ရေးထိုးထာခဲ့သည့် ကျောက်စာကို
ပုဂံမြို့ဟောင်း၊ မြင်းကပါရွာ မြစေတီဘုရား
အနီးတွင် တွေ့ရှိရသည်။ မြစေတီဘုရားအနီးတွင်ရှိသောကြောင့် မြစေတီကျောက်စာဟုလည်းခေါ်
သည်။

20190413_192120.jpg

20190413_192131.jpg

မြစေတီကျောက်စာကို ပျူ၊ မွန် ၊ မြန်မာ၊ ပါဠိ
လေးမျိုးဖြင့်ရေးထိုးထာသည်။ ကျောက်စာကို
ကျောင်းစာမှာသင်ခဲ့ရသည်။ ပုဂံရောက်သောအခါ
မှာ ကိုယ်တိုင်မြင်တွေ့ခဲ့ရသည်။ Steemit
မိတ်ဆွေတို့လည်း လေ့လာသိရှိမြင်တွေ့ဖူးရန်
တင်ပြလိုက်ရပါသည်။

20190413_192105.jpg

20190413_192248.jpg

20190413_192209.jpg

20190413_192259.jpg

@htwegyi
Photo @htwegyi
MSC.036

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thanks esteemapp

သား ဖြစ်သူ ရာဇကုမာရ ရဲ့ အမည်က Raja Kumar လို့ခေါ်တဲ့ ကုလား အမည် ရှိရင် အဖေ လုပ်သူ ကျန်စစ်သား ရဲ့ ကုလားအမည် ကို ကိုထွေးသိသလား..? ကျွန်တော် ကုလားတွေ တော်တော် များများနဲ့ အလုပ်လုပ်ဘူးတော့ သူတို့ နာမည်တွေမှာ Raja သို့ မဟုတ် Kumar ဆိုတာပါကြတယ်။ များသော အားဖြင့် အဖေနာမည်ကို ရှေ့မှာ ထားခေါ်ကြတယ်။ Raja ဆိုတာ ဘုရင်၊ အကြီးအကဲ လို့သိရတယ်။

ကျန်စစ်သားရဲ့ ကုလား အမည် အရင်းကို လိုက်ရှာနေတာ ကြာပြီ။ သိရင် လမ်းညွန်ပေးပါအုံး။ အရင်သိထားတဲ့ စန္ဒရ ကနရှိန် ဆိုတဲ့ ကသည်းစော်ဘွား ကလည်း Chandra Singh , ပန်ချာပီ လူမျိုးလို့သိရတယ်။

ဒေါက်တာ သန်းထွန်းရဲ့ ပုဂံခေတ်ကျောက်စာများ မှာ ရှာကြည့်တော့လည်း မတွေ့ဘူး။ ပုဂံ ၊ ပင်းယ ၊ အင်းဝ ၊ တောင်ငူ ၊ ညောင်ရမ်း၊ ကုန်းဘောင်ခေတ် တွေမှာ မြန်မာ လူမျိုတွေနဲ့ ပါတ်သက်တာဆိုလို့ အင်းဝ ခေတ်လောက်မှာ ကစပြီးပဲ ထဲထဲဝင်ဝင်သိရတယ်။ စိတ်ဝင်စားဖို့ကောင်းတယ်။

ကိုဟင် တွေးတတ်တယ် အမှန်ပြောရရင် ကျွန်တော်တောင် ကိုဟင်ပြောမှ သတိထားမိတာ Raja ဆိုတာ ကုလားအမည်ပဲ
ကျန်စစ်သား ရဲ့ကုလားအမည်ကို ဒေါက်တာ မတင်ဝင်း ရှိသေးရင်
မေးကြည့်ရမလိုပ။ သူ့ရဲ့စာအုပ်တွေထဲရှာကြည့်လိုက်အုံးမယ်။
ဒါပေသိ ကျန်စစ်သားက ကုလားတော့မဟုတ်ဘူးဗျ။ ကုလားဟုတ်မဟုတ်ဆိုတာလည်း လည်းရှာကြည့်ပါအုံးမယ်။
ရာဇကုမာရ် ရဲ့အမည်ကို ဘာသာဗေဒနဲ့ရေးထားလို့ ကုလားအမည်နဲ့ ဆင်တာလည်းဖြစ်နိုင်တယ်ဗျ။

ကျောက်စာတွေတော့ သေချာမဖတ်ဖြစ်ဘူး

Coin Marketplace

STEEM 0.35
TRX 0.12
JST 0.040
BTC 70733.96
ETH 3563.16
USDT 1.00
SBD 4.76