 တာ  ေ

in #myanmar6 years ago (edited)

”အမျိုးသား စည်းကမ်းအစ စာသင်ကျောင်းက”
”အမှိုက်ကို အမှိုက်ပုံးအတွင်း စနစ်တကျစွန့်ပစ်ပါ”

ဒါကျွန်တော်တို့ ငယ်စဉ်၊ ခင်ဗျာတို့ ငယ်စဉ်က
စာသင်ခဲ့ရတဲ့ကျောင်းတိုင်းမှာ ချိတ်ဆွဲထားတဲ့ ဆောင်ပုဒ်တစ်ခု အားလုံးသိပြီးသားဖြစ်ကြပါသည်။
ယခုအခါ ကျွန်တော်တို့အသက်အရွယ်များ ကြီးမြင့်လာပြီး ကျောင်းနဲ့ ဝေးကွာခဲ့သော်လည်း အဆိုပါ ဆိုင်းဘုတ်များက ကျောင်းများတွင် ချိတ်ဆွဲထားဆဲ ချိတ်ထားမြဲဖြစ်မည်။

ကျွန်တော်တို့ လိုက်နာခဲ့ကြပါရဲ့ လား။ လိုက်နာသူလဲ
ရှိမည်၊ မလိုက်နာသူလဲရှိမည်။ ကျွန်တော် အကြီးကြီး ရေးနေတာမဟုတ်ပါဘူး။ ကျွန်တော်တို့ လူမျိုးများရဲ့ အကျင့် ကျွန်တော်ရောပါပါသည်။
လုပ်ဟေ့ လုပ်ဟေ့ ဆို လုပ်လိုက်ကြသည်။
ပြီးတော့လဲ ဒုံရင်း ဒုံရင်းသာဖြစ်သွားသည်။
သွေးပူ သွေးဆူတုန်းတော့ အဟုတ်ကြီး၊
ပြီးတော့ ပြီးသွားကြသည်။ ရေရှည်ကို လိုက်နာဆောင်ရွက်သူ အင်မတန်မှ နည်းပါးလှပါသည်။

20180203_085606.jpg

တော်တော်ကြာပါပြီ။ ရုပ်သံတစ်ခုမှ ကျွတ်ကျွတ်အိတ် သုံးစွဲမှုကြောင့် မြေထု၊ ရေထု
လေထုပါပျက်စီးကြောင်း အဖြစ်အပျက်လေးကို
တင်ဆက်ပြသထားသည်။ ရေထဲမှ ကျွတ်ကျွတ်အိတ်များကို ငါးများက
အစားမှတ်ယူ စားသဖြင့် ငါးများသေဆုံးပုံ၊
အပင်ပေါက်လေးမှ သစ်ရွက်လေးသည်
ကျွတ်ကျွတ်အိတ်ကို ဖြတ်သန်း ၍
ပြင်ပသို့ တိုးထွက်ပေါက်ရောက်ရှင်သန်ရာ
ကျွတ်ကျွတ်အိတ်ခွံကို ထိုးဖောက်နိုင်မှုမရှိ၍
တဖြည်းဖြည်းညှိုးနွမ်းသွားပုံကို ရိုက်ကူး
ပြသထားသည်။

လူတို့  စည်းကမ်းမဲ့စွာအသုံးပြုပြီး စွန့် ပစ် ထားသည့် ကျွတ်ကျွတ်အိတ်များ အန္တရာယ်ကို အမျိုးမျိုးရိုက်ကူးပြသထားပါသည်။
ဒီအကြောင်းအရာလေးကြည့်ပြီး ကိုယ်တွေလဲ
မုန့် ဟင်းခါး၊ ရှမ်းခေါက်ဆွဲဝယ်ပြီဆိုရင်
အိမ်ကနေ ပန်းကန်လေးယူသွားပြီးဝယ်ပါသည်။
ကျွတ်ကျွတ်အိတ်တွေ နည်းနည်းမှ နည်းပါစေ ပေါ့လေ။ မကြာပါဘူး ဈေးသည်က ကျွတ်ကျွတ်အိတ်နှင့်ထည့်နေကျဆိုတော့ကား မှန်းမရ၍ ပန်းကန်နှင့် ဝယ်တာကျွတ်ကျွတ်အိတ်ဖြင့် ဝယ်သည်ထက် ပိုနည်းသည်။

အဲ့မှာစပါသည်။ အမေနှင့် အမက ကျွတ်ကျွတ်အိတ်
နဲ့ ဝယ်ပါကွယ် မင်းပန်းကန်နဲ့ ဝယ်တာက နည်းရသလိုပဲတဲ့။ ကဲ...ကျွန်တော်ပြောပါတယ်။
ဒုံရင်းက ဒုံရင်း ပါလို ။ ကျွတ်ကျွတ်အိတ်လေးနဲ့ သာ
ဝယ်ဖြစ်ပါတော့သည်။ ဈေးဝယ်ထွက်တော့လည်း
ဝယ်သည့်ပစ္စည်းက နည်းပါတယ်ဆိုပြီး ကျွတ်ကျွတ်အိတ်နဲ့ သာဈေးသွား ဝယ်ကြ တော့သည်။

အထူးသဖြင့် ကွမ်းယာ။ ယောက်ျား၊ မိန်းမ၊ လူကြီး၊ လူငယ် အရွယ်မရွေးစားသုံးနေကြသည်။
စားသုံးပြီး ကွမ်းသွေးကို ပစ်ကနဲ့ ပက်ကနဲ့ 
စည်းကမ်းမရှိ ထွေးချင်ရာထွေးပစ်လိုက်သည်။
အများစီးသည့် ကားနှင့် ရထားနံရံများတွင်
မြင်မကောင်းအောင်ဖြစ်ရပေသည်။
ကျွန်တ်ာတို့ တိုက်တန်းတွင်စည်းကမ်းမရှိလိုက်ပုံ
များ အပေါ်ထပ်မှ အောက်ထပ်သို့ ကွမ်းသွေးများ
ထွေးချနေကြပါသည်။ နောက်ဖေးလမ်းကြားသို့ ထွေးချခြင်းမဟုတ်ပါ။ အိမ်ရှေ့ လူများဖြတ်သန်း သွားလာသည့်နေရာသို့  ကွမ်းသွေးများထွေးချခြင်း ဖြစ်သည်။

20180606_140934.jpg

ဝန်ထမ်းတိုက်တန်းများ၏ အရှေ့ လမ်းမတွင်
အမှိုက်ကန်ရှိပါသော်လည်း သွားရောက် အမှိုက်ပစ်သူ နည်းပါးလှသည်။ ညအချိန်တွင်
အပေါ်ထပ်များမှ အမှိုက်ထုတ် ကြီး၊ သေး၊ငယ်များ ကို တဝုန်းဝုန်း တဗြုန်းဗြုန်းဖြင့် အောက်ခြေ နောက်ဖေးလမ်းကြားသို့ ပစ်ချကြ၍ အလန့်တကြား ဖြစ်ရပါသေးသည်။ အမှိုက်သန့် ရှင်းခ ၅၀၀ ကျပ် ပေးထား၍ သန့် ရှင်းရေးသမား သန့် ရှင်းပစေ ဆိုကာပစ်ချနေကြပါသည်။ သန့် ရှင်းရေးလုပ်သူ အတွက် ကိုယ်ချင်းစာတရားလေး ထားစေချင်မိ ပါသည်။ နံနက် ၅ နာရီ သန့် ရှင်းရေးလုပ်သူ တံမြက်စည်း လှဲနေစဉ်ပင် အပေါ်ထပ်မှ အမှိုက်များသွန်ချတတ်ပါသေးသည်။

20180606_143352.jpg

ထိုအခါ သန့် ရှင်းရေးလုပ်သူမှ အပေါ်ထပ်သို့
မော့ကာ အော်ဆဲပါလေသည်။ တစ်ခါတစ်ရံ
စည်းကမ်းသည် အဲ့လိုအော်ဆဲမှ ရှိတတ်ပါသည်။
တိုက်တစ်တိုက်တွင် အခန်း ၃၀ ရှိသည်။ ၅၀ခန်း
ရှိသည့်တိုက်လဲရှိပါသည်။ အဆိုပါအခန်းများတွင်
တစ်ခန်းလျှင် ဆိုင်ကယ်တစ်စီးနှုန်းရှိပါသည်။
ဆိုင်ကယ်များအတွက်ထားစရာနေရာမရှိ၍
တိုက်များရှေ့ တွင်ထားရှိသည်။ ဟိုဖက်တိုက် ဒီဖက်တိုက်မှ ဆိုင်ကယ်များထားရှိကြသည့်အခါ
တိုက်ရှေ့ သမံတလင်းလမ်းမသည် လူသွားလမ်းသာ ကျန်ရှိတော့သည်။

20180606_140934.jpg

တိုက်အဝင်အထွက်၊ အိမ်ရှေ့အဝင်အထွက်
အပေါက်များကိုပင် ချန်လှပ်မထားကြပဲ
စည်းကမ်းမရှိ ဆိုင်ကယ်ရပ်သူများသည် ဝင်ပေါက်များ ပိတ်ကာရပ်ထားကြလေသည်။ သာရေး နာရေးနှင့် မီးသတ်ကားများ
အရေးပေါ်ဖြစ်ပေါ်ပါက ဆိုင်ကယ်များဖြင့်
ဝင်ရောက်၍မရတော့ပါ။ လမ်းပေါ်ဈေးရောင်း ချသူများနှင့် ဆိုင်ကယ်များက လမ်းမပေါ်
ထာဝရပိတ်ဆို့ ထားပါတော့သည်။
စည်းကမ်း ဆိုသည်ကား စာသင်ကျောင်းမှာ
ထားခဲ့ကြလေသလားဆိုတာ... စဉ်းစားကြည့်တာပါဗျာ။

Author @htwegyi
Photo @htwegyi
MSC.036

Sort:  

သားဆီမှာခေါင်းစဉ်ကအတုံးတွေဖြစ်နေတယ် ကွီးထွေး။မြန်မာတွေကတော့ အစိုးရရောလူထုရော အကုန်အကျင့်တွေပြောင်းရမှာပဲကွီးရေ။စကာင်္ပူနိုင်ငံအတိုင်းဖြစ်အောင်လုပ်ဆောင်သွားမည်တဲ့။ကျွန်တော်တို့တစ်သက်တော့ မမှီလောက်ဘူးထင်တယ်ဗျာ။

အေးပေါ့ကွာ နေနှင့်အုံးပေါ့ စင်္ကာပူ

ခေါင်းစဉ်က ဘာကြီးလဲဟင်?
မြင်ရဝူး

တေတေနိပ် ထပ်ပြင်ထားလို့ ပါဆို

ဟုတ်ပဗျာ ဦးထွေးရေ

ဟုတ်တယ်လား

အဟီး ခေါင်းစဉ်က တာ့ ဝေ နှစ်လုံးပဲ ဖတ်ရတယ်။ကြည့်တာ ခေါင်းပါလည် လည်သွာ့း 😁😁😁

အဟေး ငါခေါင်းစဉ်ထပ်ပြင်လိုက်လို့ နေမှာ

မြန်မာ မြန်မာ မြန်မာတဲ့ဟေ့ လူသာပြောင်းမယ် မူမပြောင်းတဲ့ လူမျိုးတွေပေါ့

တင်ပါ တင်ပါ တင်ပါ့ဘုရား

အဲ့အမှိုက်လောက်က အဲ့ဒါ ဝန်ထမ်း တိုက်ခန်းမို့ပါ
အခြားနေရာဆိုရင်လား အမှိုက်ပုံကနေ ဂရံမြေကွက် ရနေကျတာ

ဟုတ်တယ်ဗျ ရထားလမ်းဘေး အမှိုက်ပုံတွေမှာ
ကျုးကျော်တွေဖယ်မရဘူး

()
အဲ့ဒါ ကျုံးရေထဲပစ်ချထားတဲ့အမှိုက်တွေပါ

ဆယ်ခဲ့လိုက်တာဟုတ်ဘူး ရေကူးတတ်တယ်မို့ လား😁

လူတိုင်းဆင်​ခြင်​လုပ်​​ဆောင်​မှရမှာပါ

ဒါပေါ့ဗျာ

လူနည်းစုသာ စည်းကမ်းတကျရှိသည် ။

လူနည်းစုလေး တစ်ဖြည်းဖြည်းများလာပါစေ

ဟုတ်​ပါတယ်​ ဦး​ထွေး​ရေ ကျွန်​​တော်​တို့ ဆင်​ခြင်​ရအုန်းမယ်​ဗျာ

ပြင်တော့ပြင်တာပ ပြီးပျက်ပျက်သွားလို့ 

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 63966.64
ETH 3055.32
USDT 1.00
SBD 3.87