ဒေါသကိုထိန်းပါ

in #myanmar6 years ago

မိမိက မိမိဒေါသကို မထိန်းဘဲ မိမိဒေါသအလျောက် စိတ်ရှိသလို ပြုမူဆက်ဆံလိုက်ပါက မိမိရဲ့လက်တုန့် ပြန်ခြင်း အနဲအများအလိုက် နောက်ဆက်တွဲဖြစ်ပေါ်လာမယ့်ဆိုးကျိုးတွေဟာ အများကြီးပါ ။

1206614_S.png

crd image source

  • ပထမဦးစွာ မိမိကိုယ်တိုင် ခံစားရမည့် ဒုက္ခ

  • မိမိအတွက်ပူပင်သောကရောက်မည့်သူများ၏ ဒုက္ခ

  • မိမိလက်တုန့်ပြန်မှုအတွက် ထိုက်လျောက်သော ပြစ်ဒဏ်

  • ထိုဆိုးကျိုးတွေအတွက် မိမိ၏အနာဂတ်အကျိုးဖြစ်ထွန်းမှု ကြန့်ကြာနှောင့်နှေးမည့် ဒုက္ခ စသည့်အမျိုးမျိုးသော အကြောင်းတရားကို ထည့်စဉ်းစားပါ ။

2750374_S.png

crd image source

မိမိအတွက် ဆိုးကျိုးနှင့် ကောင်းကျိုး
ဤ ၂မျိုးကို မိမိဘယ်အရာကို လိုလားပါသလဲ ?

ဆိုးကျိုးကို လိုလားပါသည်ဆိုရင် ဘာမှမပြောဆိုရန် မရှိပါ ။

ကောင်းကျိုးကို မိမိလိုလားခဲ့ရင်တော့

  • မိမိအတွက် အဆိုးကိုဖြစ်စေမည်ဟု မိမိထင်သောအရာမှန်သမျှကို ရှောင်ပါ

  • မိမိတွင်ရှိနေပြီး မိမိအတွက်အကျိုးမဲ့စေမယ်ဆိုရင် စွဲလမ်းစိတ်မထားဘဲ စွန့် ပယ်ပါ

  • မိမိကိုယ်တိုင်က မိမိအတွက် ကောင်းကျိုးဖြစ်စေမယ့်အရာကိုသာ ရွေးချယ်ပါ

2697949_S.jpg

crd image source

မိမိအတွက် အကျိုးကို ချက်ချင်းမဖြစ်ထွန်းခဲ့ရင်တောင်မှ မိမိဟာ ဆိုးကျိုးဖြစ်စေမယ့်အရာတွေကို ရှောင်ရှားနေသောကြောင့် ဒေါသလဲဖြစ်စရာ မရှိတော့သလို လက်တုန့် ပြန်စရာလဲ ရှိမှာမဟုတ်တော့၍ စိတ်ချမ်းသာမှုခံစားရမှာ အမှန်ပါ ။

@အယ်းမီး ( author )

Sort:  

You got a 1.65% upvote from @postpromoter courtesy of @ionlysay!

Want to promote your posts too? Check out the Steem Bot Tracker website for more info. If you would like to support the development of @postpromoter and the bot tracker please vote for @yabapmatt for witness!

Loading...

Coin Marketplace

STEEM 0.30
TRX 0.11
JST 0.033
BTC 63968.82
ETH 3136.80
USDT 1.00
SBD 4.28