ကျ​နော်​နှင့်​ စတီးမစ်

in #myanmar6 years ago (edited)

steemit logo.png
ယခု​ဆောင်းပါးတွင်​ ကျ​နော်​ စတီးမစ်​​ပေါ်မှာ ကြုံ​တွေ့ ခဲ့ရသည်​များကို အနည်းငယ်​​ဖော်​ပြ​ပေးသွားပါမည်​။

ယခင်​​ဆောင်းပါးတွင်​ ဆိုခဲ့သည့်​အတိုင်း ကျ​နော်​ စတီးမစ်​မှာ စတင်​လုပ်​ကိုင်​လာခဲ့သည်​မှာ ယခုဆိုလျှင်​ ကိုးလ​ကျော်​ ဆယ်​လနီးပါးခန့်​ရှိပြီဖြစ်​ပါသည်​။ ထိုကာလ​တွေအတွင်း ကြုံ​တွေ့ခဲ့ရသည့်​ အဖြစ်​အပျက်​​များကား မနည်းလှ​ပေ။ ဝမ်းနည်းခြင်း၊ ဝမ်းသာခြင်း၊ မနာလိုခြင်း၊ ​နောင်​တရခြင်း စသည့်​ ဖြစ်​အင်​များကိုလည်း ဒီ စတီးမစ်​​ပေါ်​ရောက်​မှ အပြည့်​အဝခံစားခဲ့ရ​ပါသည်​။

စလုပ်​တုန်းက​တော့ ဘာမှမလုပ်​တတ်​မကိုင်​တတ်​နဲ့ အ​တော်​ခက်​ခဲ ခဲ့ပြီး အားငယ်​စိတ်​​တွေ သိပ်​ငယ်​စိတ်​​တွေနဲ့ စတင်​ခဲ့ရတာပါ။ ​နောက်​ပိုင်း MSCနဲ့ လက်​တွဲပြီး​နောက်​ ကျ​နော့အ​ခြေအ​နေ​တွေလည်း ​ပြောင်းလည်းသွားခဲ့ပါတယ်​။ ​အလှည့်​ကျ promotion​တွေလည်း ပုံမှန်​ယူဖြစ်​ခဲ့ပါတယ်​။ ဒါ​ပေမယ့်​ ကြားကာလတစ်ခုမှာ steem ​ဈေးအ​တော်​ကို ကျဆင်းသွားခဲ့ပါတယ်​။ ထိုကဲ့သို့ ​ဈေးကျဆင်းသွားခဲ့တာနှင့်​ အတူ ကျ​နော်​လည်း ​စာ​ရေးပြီး promotion ရယူခြင်းကို အ​ကြောင်းအမျိုးမျိုး​ပြပြီး ရပ်​နားခဲ့ပါတယ်​။

ထိုကဲ့သို့ ​ဈေး​တွေကျ​တဲ့အချိန်​မှာ​​တောင်​ စတီးမစ်​ကို ယုံကြည်​ချက်​အပြည့်​နဲ့ တစိုက်​မတ်​မတ်​လုပ်​ခဲ့သူ​အချို့ရှိခဲ့ပါတယ်​။ သူတို့ဟာ တကယ်​ စတီးမစ်​ကို ချစ်​မြတ်​နိုးပြီး ​လေးစားစရာ​ကောင်းတဲ့ လူသား​တွေပါ။
သူ​​တို့​တွေေ​ဆာင်းပါးတွေပုံမှန်​​ရေးပြီး post​တွေတင်​​နေချိန်​မှာ ကျ​နော်​က​တော့ ​ဈေးကျတာကို အ​ကြောင်းပြပြီး စာမ​ရေးပဲ​နေခဲ့တယ်​​လေ....။ အခု​တော့ ကျ​နော်​ဟာ ထို စတီးမစ်​ကို ချစ်​မြတ်​နိုးပြီး တစိုက်မတ်မတ်လုပ်ေ​ဆာင်ခဲ့သူတို့​​​​နှင့်​ လိုက်​မမှီ​အောင်ကို​​ အပြတ်​အသတ်​ ကွာဟသွားခဲ့ပါပြီ.....။

ထိုအချိန်​​တွေမှာသာ ​ဆောင်းပါး​တွေ ပုံမှန်​​ရေးပြီး SPစုခဲ့မည်​ဆိုလျှင်​ ခုချိန်​ကျ​နော်​မှာ Steem Power (sp) 400/500 ​လောက်​ရှိ​နေမှာ အ​သေအခြာပါ။

ခု​ချိန်မှာ​တော့ ကျ​နော်​​များစွာ ​နောက်​ကျလို့ ကျန်​ရစ်​​နေခဲ့ပါပြီ.....။ ဘယ်​တတ်​နိုင်​ပါ့မလဲ​လေ ဒါဟာ ကြိုးစားသူနှင့်​ အ​ချောင်​လိုချင်​သူတို့ရဲ့ `ရလဒ်​´ပဲ​ပေါ့ဗျာ.......။

ဒါ​ကြောင့်​ ကျ​နော်​ တစ်​ခုမှာကြားချင်​တာက​တော့ အခုရရှိ​နေသည့်​ "promotion" ကို တန်​ဖိုးထားကြပါ။ ​ဈေးတက်​တက်​၊ ကျကျ ကိုယ်​လုပ်​စရာရှိတာကို တစိုက်​မတ်​မတ်​လုပ်​​ဆောင်​သွားပါ။ ​နောင်နှစ်​ဒီလိုအချိန်​ကြရင်​ သင်​ကြိုးစားခဲ့သည့်​ 'ရလဒ်​'ကို သင်​ကိုယ်​တိုင်​မြင်​​တွေ့ရပါလိမ့်​မည်​။

အားလုံးပဲ​နောင်​တ​တွေ ကင်း​ဝေးကြပါ​စေ....။

Author By Jhon
MSC-046
Photo By Google Image
DQmaDAr38hQJhET75FKE74AmjBK56CwnWCtT8X3CdDxiDxY_1680x8400.png

Sort:  

သတိပေးတာကျေးဇူးတင်ပါတယ် ကိုဂျွန်ရေ။ သင်္ကြန်နားနီးတည်းက promotion လွတ်တာ ပြန်ရေးဖို့ကြိုးစားနေပါတယ်

ဟုတ်ကဲ့ ပြန်​​ရေးပါ။
နောက်​လူ​တွေ ​ကျော်​တက်​သွားလိမ့်​မယ်​။

ဘယ်​အချိန်​အထိ ဒီ proရ​နေမလဲဆိုတာ ဘယ်​သူမှမ​ပြောနိုင်​ဘူး ဒါ​ကြောင့်​ အခုရ​နေတယ့်​ အခွင့်​အလမ်း​တွေကို ကြိုစားရယူလိုက်​ပါ။

ကျွန်မလည်း အရင်proတုန်းက သိပ်မတင်ဖြစ်ခဲ့ဘူး။စစတုန်းက သိပ်မရေးနိုင်တာကြောင့်လည်းပါတယ်။ခုတော့ pro ရက်တိုင်း ရအောင်ရေးနေတယ်။လက်လွတ်မခံတော့ဘူး။

အခွင့်​အ​ရေးရတုန်း အမိအရ ဖမ်းဆုပ်​ထားသင့်​ပါတယ်​။

အားပေးနေပါတယ်

ဇွဲ​ကောင်းမှSteemitမှာ​ရေရှည်​​အောင်​မြင်​နိုင်​မှာ

သေချာတာ​ပေါ့ အမ​ရေ....။

ခုလဲနောက်မကျသေးပါဘူးဗျာ
ဆက်ကြိုးစားပြီးရေးတင်ပါ

ဟုတ်​ကဲ့အကို အား​ပေးတဲ့အတွက်​​ကျေးဇူးပါ။

သတိပေးတဲ့တွကိကျေးဇူးပါဗျာ...

ဟုတ်​ကဲ့

အား​ပေးခဲ့ပါတယ်

စာရေးတာအကျဲ အထူပဲကွာတယ်တစ်ခါမှမရပ်ခဲ့ဘူး၊ဒါပေမယ့် ဆယ်လအတွင်း RP 336 ပဲရှိသေးတယ်၊ အမှားအယွင်းကြောင့် RP 200 လောက်နစ်နာခဲ့ပါတယ်၊ ရေရှည်အတွက်ပဲစဉ်းစာျးစချင်တယ် လောလောဆယ် ဖြစ်နေတဲ့ဈေးအတက်အကျကို မသိချင်ယောင်ဆောင်ထားစေချင်တယ်

Coin Marketplace

STEEM 0.33
TRX 0.11
JST 0.034
BTC 66438.74
ETH 3268.32
USDT 1.00
SBD 4.39