ကျွန်တော်တို့ ဘယ်လောက်အထိတောင့်ခံနိုင်မည်လဲ ( Henry Aung )

in #myanmar6 years ago

henry Aung.jpg

မင်္ဂလာပါ။ လက်ရှိ Steem ဈေးကလည်း ပြား ၇၀ သို့ ရောက်ရှိနေပါပြီ။ cryptocurrency ဈေးကွက်ကလည်း တနှစ်လုံး အတိုင်းအတာဖြင့် ပြောရလျင် သွေးစွန်းသော နှစ်ဟူ၍ ပြောလို့ရပါသည်။ လက်ရှိ MSC တွင် promotion ဖြင့် လက်တွဲခေါ်နေသော ဆောင်းပါးများလည်း ယခင်ကလောက် မများတော့သည်ကို အားလုံး အသိပင်ဖြစ်ပါသည်။

သို့သော်လည်း ကုတ်ကပ် တွယ်ဖက်ထားကြသူများ ရှိနေသရွေ့သော promotion လည်းပေးနေအုံးမည်သာဖြစ်ပါသည်။ သို့သော်လည်း ကျွန်တော်သတိထားမိသလောက် steemit platform သည် ၁၀ စက္ကန့် လျင် post တခုဖြင့် ပုံမှန်တက်လျက်ရှိသလို Steem ဈေးကျသွားသော်လည်း SBD ကတော့ဖြင့် သူသတ်မှတ်ထားသော USD 1$ ဝန်းကျင်တွင် ကျန်နေပါသေးသည်။

ဤ SBD ၏ ခိုင်မာမှု ပျောက်ဆုံးသွားလျင် တနည်းအား ဖြင့် SBD သည် ပြား ၅၀ ခန့်သို့ ကျဆင်း သွားလျင် ဖြစ်စေ ဤ platform ၏ ခိုင်မာမှုကို မေးခွန်း ထုတ်ရတော့မည် ဖြစ်ပါသည်။ သို့သော် ဤ steemit platform စသည်နှင့် SBD သည် USD 1$ ဝန်းကျင်တွင် ထိန်းထားခဲ့ပါသည်။

အဆိုးဆုံး ကျဆင်း ခဲ့သည်မှာ ပြား ၇၀ ခန့်အထိ ဖြစ်သော်လည်း ရက်အနည်းငယ်သာ ဖြစ်ပါသည်။ ကျွန်တော်တို့ ဤ နေ့ရက်မျိုးကို အကြိမ်ကြိမ် ကြုံတွေ့ခဲ့ ပြီး ဖြစ်ပါသည်။ လမ်းခုလတ်တွင် ရပ်ခဲ့သူများအားလည်း အများအပြား တွေ့ခဲ့ဘူးပါပြီ။ ဤသည်မှာ Steem ဈေးကျတိုင်း ကြုံနေရသော အခြေအနေဖြစ်ပါသည်။

Steemit သည် ယခုထိ beta version မဖြုတ်သေးသည်ကို သတိထားမိစေချင်ပါသည်။ Steem ဈေးက မည်မျှလောက် အထိ ဆက်ကျ အုံးမည် မသိသေးပါ။ steemit platform ကလည်း ဂရုမစိုက်ပါ။ သူလုပ်ဆောင်စရာရှိသည်များကို လုပ်ဆောင်နေပါသည်။ တနည်းအားဖြင့် Steem ကို တန်ဖိုးတက်ရန် လုပ်ဆောင်နေရသော အချိန် ဖြစ်၍ Steem ဈေးကျနေသည်ကို ကြည့်မနေအားပါ။

Project များ တခုပြီး တခု အကောင်ထည် ဖေါ်နေကြသလို နည်းပညာများ တခုပြီး တခု အဆင့်မြှင့် နေကြဆဲ ဖြစ်ပါသည်။ ကျွန်တော့ အနေဖြင့် ပြောနိုင်သည်မှာ လက်ရှိအချိန်တွင် မျှော်လင့်ချက် တခုသာ ကျန်ပါသည်။ ထိုမျှော်လင့်ချက် တခုဖြင့် ကျွန်တော်တို့ အဘယ်မျှ လောက်တောင့်ခံ နိုင်မလဲ ဆိုသည် မှာ မိမိ ယုံကြည်ချက် မည်မျှ ခိုင်မာသည် ဆိုသည့် အပေါ် မူတည်ပါသည်။

ကျွန်တော်တို့ တနှစ် ကျော်ကျော် တောင့်ခံလာခဲ့ကြပါသည်။ ယုံကြည်ချက် တခုတည်းဖြင့် အတူ လက်တွဲ လမ်း လျှောက်ခဲ့ကြပါသည်။ အချင်း ချင်း ဖေးမရင်း ကူညီရင်း ဖြင့် လက်တွဲ ခိုင်မြဲ ဆဲ ဖြစ်ပါသည်။ steemit တွင် စာ၊ ဆောင်းပါး ရေး၍ ပိုက်ဆံရှာသည် ဆိုသည့် အလုပ်မှာ ကြီးကျယ်သော အလုပ်တခု မဟုတ်ပါ။ အလုပ်သေးသေးလေး၏ အခက်အခဲမှ တောင့်ခံ နှိုင်စွမ်း မရှိလျင် ကျွန်တော်တို့ အဘယ်ကဲ့သို့ အလုပ်ကြီးကြီး မားမား လုပ်ကြပါမည်နည်း။

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

logo.png

Author : Henry Aung ( Kachin )
MSC : 001

Sort:  

ဟုတ်ကဲ့ ကျနော်လည်း

  • crypto တွေရဲ့ innovative ကို ယုံကြည်ထားပါတယ် ယုံကြည်ပေမဲ့ ဝယ်ပြီး ရင်းနှီး ဖို့ က အလှမ်းဝေးတယ် steemit မှာ က rewards ရတော့ အဆင်ပြေတယ် နည်းပညာ သစ်နဲ့ ထိတွေ့ခွင့်ရတယ်
  • steemit ရဲ့ ခြေလှမ်းတွေကို လည်း သဘောကျတယ် ဘာတွေ ဖြစ်နေနေ သူလုပ်စရာကို ဆက်လုပ်နေတယ်
  • steemit မှာ bro တို့လို mentor ထားလို့ရတဲ့ သူတွေ ရှိနေသေးတယ် ဘာအခက်အခဲရှိရှိ မေးမြန်း ဆွေးနွေး အဖြေရှာလို့ ရသေးတယ် ဗျာ
  • အကြိုက်ဆုံးကတော့ဗျာ ကျနော် စာရေးဖြစ်တယ် စာရေးတာ သဘောမကျပေမဲ့ ဝတ္ထုတိုလေးတွေ ရေးရတာ ဖန်တီးရတာ အင်မတန် စိတ်ဝင်စားတယ် အထူးသဖြင့် Eng လို ဝတ္ထုတိုလေးတွေ ဖန်တီးဖို့ ဒါက အခွင့်အရေးပဲ

ဒီတော့ ကျနော် steemit မှာ ဆက်လျှောက်မယ် 😊

ဟုတ်ကဲ့ ။ အစ်ကို့ ရည်ရွယ်ချက်ကလည်း ကိုယ့်ဘက်က ငွေသား အရင်း အနှီး စိုက်စရာ မလို ပဲ စာရေးသားခြင်း reward တခုတည်းနဲ့ အကျိုး အမြတ် ရနိုင်တာမို့ ဒီ platform ဟာ အစ်ကိုတို့ ကြိုးစားလို စိတ်ရှိတဲ့ မြန်မာတွေနဲ့ အရမ်းသင့်တော်တယ်လို့ မြင်မိပါတယ်။

ဟုတ်ကဲ့ ကျနော်လည်း လက်စ လက်န ကောင်းတဲ့ သူ တွေကို တတ်နိုင်သလောက် steemit ကို သုံးဖို့တော့ ပြောပြပါတယ် ဒါပေမဲ့ ဗျာ ခုချိန်မှာက ကျနော် ကိုယ်၌ကလည်း သိပ် မအောင်မြင်သေးတော့ ညွှန်းရတာ အားမပါဘူးပေါ့လေ steemit အကြောင်းကို မျက်ခြေ မပျက်လေ့လာနေတာတောင် မသိသေးတာတွေက ရှိသေးတော့ ခက်ခဲတဲ့ ကာလပေါ့ ခင်ဗျာ

Steemit platform ရှိနေသရွေ့ ကိုယ်ရှိနေမယ် ....
အယ်လယ်

မင်းရှိနေသ၍ ကိုယ်လည်း ရှိနေမယ်.... အဲ့လယ်...

စလုပ်ကတည်းက စာရေးချင်တဲ့ ၀ါသနာလေးနဲ့ဝင်ခဲ့တာဆိုတော့ ဈေးတက်တာကျတာကို သတိမထားပဲ လုပ်လာခဲ့တာ တစ်နှစ်တောင်ကျော်ခဲ့ပီပဲ။ စတီးမစ်ပလက်ဖောင်းကြီး မပျက်သေးသရွေ့တော့ စာရေးနေဦးမှာပါဗျ။ စတီးမစ်ကြီးအောင်မြင်တော့လည်း ရေမြင့်တော့ ကြာတင့်နိုင်အောင် ပါဝါလေးလဲ ရသလောက်စုနေရတာပေါ့ဗျာ။

မျော်လင့်ချက်ပေါ့ ကိုရွှေ... သိပ်ပြီးတော့ မဝေးတော့ဘူးလို့ ယုံပါတယ်။

ဆက်လက်ရေးနေပါအုံးမည်

အကောင်းဆုံးပါ

ကိုယ့်ကိုကိုယ်လည်း ဖိုက်တင်း မိသားစုတွေအားလုံးလည်း ဖိုက်တင်း

ဈေးက အကုန်လုံးကျနေတာဆိုတော့ သဘာဝထဲမှာပဲရှိပါသေးတယ် တစ်ခြားဟာတွေထက် ထူးပြီး ဆင်းသွားတာတော့ ဟုတ်သေးပါဘူး အများကြီး မျော်လင့်နေဆဲပါ ။

အကောင်းဆုံး ဖြစ်လာမယ်လို့ မျှော်လင့်နေဆဲပါ ဒိုမီရေ....

ဈေးကြည့်ပါဘူး စာပဲရေးမေ😁

အကောင်းဆုံးပါ မတ်မတ်ကြည်

ခုချိန်ထိတော့ post တင်ပီးတိုင်း မနက်ကို ပလိုဖွိုင်ကို ဖွင့်ဖွင့်ကြည့်နေရတဲ့ အကျင့်က ပါနေပီ ကိုယ့်လူမလာသေးရင် အာ့လူကို ကြည့်နေရတာလဲ အမော ဟူးးးးးး

အကောင့် တိုင်း အဲဒီ အဆင့်ကို ကျော်ဖြတ်ခဲ့ကြတာချည်းပါပဲ။ ဖိုက်တင်း

အလုပ်သေးသေးလေးကို အချိန်များများ ပေးမိနေသည်ကတော့
မှန်နိုင်မည် မထင်ပါ....
Hardfork 20ပြီးဆုံးပြည့်စုံချိန်နှင့် SMT project များ
အကောင်အထည်ပေါ်မည့် အချိန်ကိုသာ မျှော်စောင့်မိရင်း
ဇွဲခတ်နေပါဦးမည်။
ထိုနောက်တွင်ကား.....

ဒီလိုပဲ ကိုဟိန်းရေ... မျော်လင့် ချက်လေး ရှိနေသေးတော့လည်း ဇွဲ ခတ်ရတာပါ့။

ဒီလိုပဲတောင့်ခံသွားရမှာပါ၊ စားဝတ်နေရေးကိုသူကတာဝန်မယူသေးပါဘူး၊ ဝါသနာလေး ရှိနေသူတွေအတွက်က Steemit မှာတည်မြဲနေမှာပါ၊

အဟုတ်ပဲ ဦးမင်းရေ... တချိန်ချိန် စာဝတ်နေရေး အတွက် အထောက်အကူ ရလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

Coin Marketplace

STEEM 0.25
TRX 0.11
JST 0.032
BTC 62432.37
ETH 3003.22
USDT 1.00
SBD 3.78