Steemit အိမ်မက်ရှည် ( Henry Aung )

in #myanmar6 years ago

henry Aung.jpg

မင်္ဂလာပါ။ မနေ့က @steemitblog မှ ကျွန်တော် တို့ steemit Platform အား အသုံးပြုသူ တသန်း ရှိပြီဖြစ်ကြောင်း ကြေညာခဲ့ပါသည်။ ဆိုလိုသည်မှာ steemit Platform ပေါ်တွင် steemit အကောင့် တသန်း ပြည့်သွား ပြီ ဖြစ်ပါသည်။ ကျွန်တော် အပါအဝင် MSC members များအားလုံး ဤ Platform ပေါ်သို့ ရောက်ရှိ နေကြသည်မှာ ရည်ရွယ်ချက်တခုတည်းသာရှိပါသည်။

ဤ steemit platform ပေါ်သို့ ရောက်ရှိနေကြသော ကျွန်တော်တို့အားလုံးမှာ " တနေ့ကြရင် " ဟူသော မမြင်ရသေးသော အနာဂါတ်ကာလကို မျှော်ကြည့်၍ မိမိတို့ စိတ်ကူး အိမ်မက်များကို အတွေးများဖြင့် အကောင်အထည် ဖေါ်နေကြသူများ ဖြစ်ပါသည်။ steemit Platform ၏ CEO @ned မှလည်း steemit Platform ၏ လုပ်ငန်း ဆောင်တာများ ပိုမိုကောင်းအောင် ဆောင်ရွက်နေကြောင်းနှင့် မကြာမှီ ထွက်ပေါ်လာတော့မည့် Smart Media Token များ နှင့်ပါတ်သက်၍ အနာဂါတ် social Media များမှ အသစ်အသစ်သော နည်းပညာများ အထူးသဖြင့် ဖန်းတီးသူနှင့် အသုံးပြုသူ နှစ်ဦး နှစ်ဖက် အကျိုးရှိစေသော social Media အများအပြား steemit Platform မှ ထွက်ပေါ်လာကြတော့မည့် အကြောင်း @steemitblog ပေါ်တွင်ရှင်းပြထားပါသည်။

ကျွန်တော့ အနေဖြင့် အကြောင်းအရာတခုအား ချဉ်းကပ်ရာတွင် အကောင်း နှင့် အဆိုး နှစ်ခုစလုံး ထည့်တွက်၍ ချဉ်းကပ်လေ့ရှိပါသည်။ လက်ရှိ steemit Platform သည် အနာဂါတ် social media များအတွက် ကောင်းသည်ဆိုသော်လည်း ၂ နှစ်ကျော် မျှ အချိန်ယူ လာခဲ့သော ဤ Platform သည် ရင်းနှီး မြုပ်နှံသူများ အတွက် လုံလောက်သော စွဲ ဆောင်မှုမရှိသေးသည်ကတော့ သေချာပါသည်။

သူတို့ အနေဖြင့် beta အဆင့်တွင်သာရှိသေးသောကြောင့် တရားဝင် စီးပွားရေးသမားများအား တနည်းအားဖြင့် နိုင်ငံတကာရှိ စီးပွားရေးသမားများအား ရင်းနှီးမြုပ်နှံရန် မဖိတ်ခေါ်သေးသည်လည်း ဖြစ်နိုင်ပါသည်။ဤသည်မှာ ကျွန်တော့ အမြင်သာ ဖြစ်ပါသည်။ အချို့ကလည်း ဤ Platform သည် လုပ်ငန်းဆောင်တာကြီးလွန်းလှ၍ တခုခြင်း အနေဖြင့် အကောင်းဆုံး ဖြစ်ရန် အချိန်ယူနေရကြောင်းလည်း ပြောကြပါသည်။

123.jpg

သို့သော် တိုးတက်မှု နှေးကွေးသော်လည်း Steem အနေဖြင့် ခိုင်မာသော ဈေးကွက်တခုကိုတော့ တည်ဆောက်ထားနိုင်ခဲ့ပြီ ဖြစ်ပါသည်။ ယခင်က Steem အား poloniex နှင့် Bittrex တို့တွင်သာ ဝယ်ရောင်းခဲ့ကြသော်လည်း ယခုအချိန်တွင် Steem အား ဝယ်ရောင်းနိုင်သော Exchange site ၁၀ ခု ခန့်အထိ ရှိလာခဲ့ပြီ ဖြစ်သလို USD $ 2 အထက်ဟူသော ဈေးကိုလည်း ဆွဲကိုင်ထားနိုင်ခဲ့ပြီ ဖြစ်ပါသည်။

Steem ထက် ရှေးကျ သော အချို့ coin များ USD$ 1 အထက်သို့ ရောက်ရန် ရုန်းကန်နေကြရဆဲ ဖြစ်ပါသည်။ ကျွန်တော့ တယောက်တည်း အမြင်ဖြင့် ပြောရလျင် ကျွန်တော် steemit Platform ပေါ်တွင် ကျင်လည် ခဲ့သော တနှစ်ကျော် ကာလတွင် ဤ Platform ကြောင့် အဆုံးအရှုံး တစုံတရာမရှိခဲ့ပါ။

steemit Platform မှ ရရှိလာသော SBD များဖြင့် အခြားသော coin များ ဝယ်စုနိုင်ခဲ့သလို ဤ Platform ကို အခြေခံ၍ ခိုင်မာသော အဖွဲ့ အစည်း တခု ဖြစ်သည့် MSC ကို ဖွဲ့စည်းထားနိုင်ခဲ့ပါသည်။ MSC အနေဖြင့်ကြည့်လျင်လည်း မိမိတို့ အဖွဲ့သားများထံမှ တစုံတရာ ဆုံးရှုံးမှုမရှိစေပဲ အလှူ အတန်းများ ပြုလုပ်နိုင်ခဲ့ကြသလို အကူ အညီ လိုအပ်နေသူတို့ အားလည်း အကူအညီများ ပေးနိုင်ခဲ့ပါသည်။

ဤမမြင်ရသော ၊ ကိုင်သွယ်၍ မရသော Steem နှင့် SBD ဟူသော အရာများမှ သုံးစွဲရန် ငွေကြေး ထုတ်ယူ သည်ဟူသည်မှာ အခြားသူများ အတွက်တော့ ယုံတမ်း စကားသာ ဖြစ်နေအုံးမည် ဖြစ်ပါသည်။ ကျွန်တော်တို့ MSC ၏ အဓိက အားနည်းချက်မှာ ( မြန်မာလူငယ်အများအားဖြင့် ) Steem ဈေး ပြောင်းလည်းမှုမရှိပဲ တန့်နေလျင် စာရေးအား ကျသွားကြခြင်း ဖြစ်ပါသည်။

မိမိတို့ ပြား ၅၀ ခန့်က အကြိတ်အနယ် ကြိုးစားရေးခဲ့ကြသူများ Steem $2 ဖြစ်သွားသောအခါ ဝမ်းသာကြရသလို ထိုမှ ဈေးကျလာ၍ $1 ခန့် ရောက်သွားလျင် အားပျက်လာကြပြီ ဖြစ်ပါသည်။ ယခုလည်း Steem ၏ အကောင်းဆုံးဈေး USD $7 ခန့်မှ ကျဆင်းလာသော Steem သည် USD $2 အထက်တွင် ရှိနေသေးသော်လည်း မိမိတို့ အတွေးတွင် SBD ယခင်ကလောက်မရရှိတော့ဟူ၍ အားပျက်သွားကြပါသည်။

234.jpg

USD $2 ၏ တန်ဖိုးကို ပြား ၃၀ ဘဝကို ဖြတ်သန်းလာကြသူများသာပို၍ မက်မောကြပါလိမ့်မည်။ အခြား တခုမှာ steemit Platform က ပျက်ဆီးသွားမဲ့ Platform မှမဟုတ်တာဟူ ၍ ဘယ်အချိန်ထရေးရေး ဒီ SBD လောက်တော့ ရပါတယ်ဟူသော အတွေးဖြစ်ပါသည်။ Steem အပင်စိုက်ရာ တွင် ဘယ်အချိန်စိုက်စိုက် ဟူသည်မှာ မှန်သော်လည်း စောစော စိုက်ထားလျင် စောစော အသီးစားရပါလိမ့်မည်။

ကျွန်တော်အပါအဝင် steemit wallet တခုပိုင်ဆိုင်ထားသူတိုင်းသည် Steem ဈေး ဘယ်လောက်ဖြစ်သွားလျင် ဘာလုပ်မယ်ဟူသော စိတ်ကူး အိမ်မက်ကို မက်ဘူးကြပါလိမ့်မည်။ မျှော်လင့်ချက် ရှိသူသာ စိတ်ကူးယျဉ်နိုင်သလို ထိုစိတ်ကူး များအားလည်း အကောင်ထည် ဖေါ်နိုင်ပါသည်။

မျှော်လင့်ချက်မရှိပဲ စိတ်ကူးယျဉ်သူသည် စိတ်ကူးယျဉ်ယုံသာ ယျဉ်နိုင်ပါသည်။ လက်ရှိ ကျွန်တော်တို့ လျှောက်လှမ်းနေသော steemit Platform နှင့် ပုံစံတူ ဖြစ်သော Ethereum Platform သည် ၂၀၁၅ ခုနှစ်မှ သူ့၏ အကောင်းဆုံး ဈေး USD $ 10 နှင့် အထက် ဖြစ်သော ၂၀၁၇ အစောပိုင်းကာလအထိ USD $10 အောက်ဝန်းကျင် တွင်သာ ဖြတ်သန်းနေခဲ့ရပါသည်။

ယခု အချိန်တွင် ETH ဈေးအားကြည့်လိုက်ပါ။ ကျွန်တော့ အနေဖြင့်တော့ Steem ဈေးသည် ဒေါ်လာ ၁၀၀ , ၂၀၀ ဖြစ်မသွားတောင် ၂ ဒေါ်လာဟူသော ဈေးဖြင့်လည်း ကျေနပ်နိုင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် steemit ဟူသော အိမ်မက်ရှည်မှ နိုးထရန် အလွန်ခက်ခဲသွားပြီ ဖြစ်သော ကြောင့် ဖြစ်ပါသည်။

456.jpg

ကျွန်တော်၏ ယခင်ဆောင်းပါးပေါင်းများစွာတွင်လည်း ထည့်သွင်း ဖေါ်ပြခဲ့သည့်အတိုင်း လက်ရှိအချိန်တွင် ကျွန်တော်တို့သည် ငွေကြေးခေတ်ပြောင်း တော်လှန်းရေး အစဦးကာလတခုတွင် ရောက်ရှိနေကြသူများ ဖြစ်ကြသလို bockchain ဟူသော နည်းပညာ အသစ် တခု၏ အစဦး ကာလတွင် ဝင်ရောက်ပါတ်သက်နေကြသူများလည်း ဖြစ်ကြပါသည်။

( blockchain နည်းပညာအား ဆောင်းပါး တပုဒ် သီးသန့်ရေး၍ ဖေါ်ပြပေးပါမည် ) ကျွန်တော့ အနေဖြင့် software developer မဟုတ်သလို computer programmer တယောက်လည်း မဟုတ်သောကြောင့် ထိုအသစ်အသစ်သော နည်းပညာတို့အား ကိုယ်တိုင် မဖန်တီး နိုင်သော်လည်း အခြားသူငှာ များ ဖန်တီး ထားသော နည်းပညာများအား ကျွမ်းကျင် ပိုင်နိုင်စွာ အသုံးချ နှိုင်ရန်နှင့် ဖန်တီး သူနှင့် အသုံးပြုသူ နှစ်ဦး နှစ်ဖက် အကျိုးရှိစေသော အနာဂါတ် နည်းပညာပေါင်းများစွာ အတွက် အိမ်မက်ရှည် မက်လျက်ရှိပါသည်။

ကျွန်တော်မက်ခဲ့သော အိမ်မက်များတွင် steemit အိမ်မက်က အရှည် ကြာဆုံး ဖြစ်လိမ့်မည် ဟုထင်ပါသည်။

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

logo.png

Photo Credit : Original source

Author : Henry Aung ( Kachin )
MSC : 001

Sort:  

ကောင်းတယ်ကိုဟင်ရေ၊ ကျွန်တော်တောင် Blockchain ကိုရေးတင်ချင်နေတာ အဲဒီဖက်ကိုမလှည့်နိုင်တော့အတော်ပဲ ဖြစ်သွားပြီပေါ့၊ လက်ရှိ IT အကြောင်းကိုတောင် (၂)ပုဒ်လောက်မှန်းတာ ခုထိမပြတ်သေးဘူး။ ကျွန်တော်တို့ မြန်မာလူငယ်တိုင်းကိုသိစေချင်လို့ စာအုပ်ပေါင်းများစွာ၊ အစိုးရအဖွဲ့ လှည့်လည်စာပေါင်းများစွာက ထုတ်နုတ်ရေးသားထားတာပါ။ သို့သော်လည်း သိပ်စိတ်ဝင်စားတာမတွေ့ရဘူး။ နိုင်ငံတကာမှာ စာဖတ်အားသိပ်ကောင်းနေချိန် ကျွန်တော်တို့ မြန်မာများစာဖတ်ကျင့်ရဖို့ အတော်လိုအပ်နေသေးတယ်။ ကျွန်တော့အတွက်က SP သည်ဒုတိယ၊ Post QC သည်ပထမဆိုပြီးလုပ်နေပါတယ်ဗျာ။

အမှန်က blockchain ကို ကျွန်တော်ရေးဖို့ ကြိုးစားတာ ကြာနေပြီဆရာ... ကိုယ်တိုင်က computer နည်းပညာ အားနည်းတာရယ် information အမှားတွေ ပေးမိမှာ စိုးတာရယ်ကြောင့် မရေး ဖြစ်သေးတာဆရာ။ ပြီတော့ ကျွန်တော်လည်း လေ့လာနေဆဲမို့။

စတီးမစ်သည် သမီးတို့ မိသားစု၏ စုဘူးကြီးဖြစ်ပါသည် ။ MSC နဲ့အတူ ကိုကြီးလဲအောင်မြင်ပါစေ ။ ကျေးဇူးတွေလည်းတင်ပြီးရင်တင်ရပါတယ် ။ ဘယ်တော့မှလဲမမေ့ပါဘူးရှင့်

နောက်ပိုင်းမှာ steemit မိသားစု project plans တွေဆွဲ ပြီး ရှေ့ဆက်ကြတော့မယ်ပေါ့။ Project plans တွေအတွက် ICO ခေါ် ရင် အသိပေးပါအုံးလို့ .....

ဟီးး ကိုကြီးရှိသရွေ့ ever leader တင်ထားပြီးသားပါ

သားကို တကယ်ကျေးဇူးတင်တာပါ ။ စတီးမစ်ကို ရေးတင်ရင် သဘောကျမိလာမိတယ်။ အပျင်းလဲပြေ စိတ်လဲအပန်းဖြေ ငွေလဲရ ဆုံးမစာလဲရေး အစုံဆိုတော့ အန်တီတောင် စွဲလမ်းနေသလိုပါဘဲ ။

အမှန်ပါပဲ အန်တီ ... နောက်များ steemit အကောင့်ကို တရက်ဖွင့်မကြည့်ရမနေနိုင် ဖြစ်လာပါလိမ့်မယ်။ Facebook ထက်အများကြီး ပိုကောင်းပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အလုပ်အများကြီး လုပ်ကြရအုံးမှာပါ။ လက်ရှိ steemit Platform ပေါ်ကို ကျွန်တော်တို့ MSC အနေနဲ့ တွဲ ခေါ်နိုင်တဲ့ လူငယ် အင်အားဟာ မြန်မာ တပြည်လုံး အတိုင်း အတာနဲ့ဆိုရင် ၀% ပဲ ရှိပါသေးတယ် အန်တီ။ ကြိုးစားနေဆဲပါပဲ။

အန်တီကတော့လေ..စာရေးခြင်းဆိုတာ၊စတီးမစ်မှာလုပ်ကိုလုပ်ရမဲ့အလုပ်။အဲလိုလုပ်မှလည်း..လျှောက်လို့ရမှာဆိုတဲ့မူကို..အရမ်းကြိုက်တယ်။ဒါမှ..လူငယ်တွေ..စာပေနဲ့ရင်းနှီးရမှာ။စာပေနဲ့အကျွမ်းတဝင်ရှိလေ..လူ့တန်ဖိုးမြင့်လေဘဲ။ဒါကြောင့်..အန်တီဝါသနာပါသော..စာရေးခြင်း၊စာဖတ်ခြင်းဖြင့်..လူ့ဘဝတွေကိုမြှင့်တင်မယ်။အဲဒါက..အန်တီရဲ့မျှော်လင့်ချက်ဘဲသား....။

MSC ရဲ့ ရည်ရွယ်ချက် လည်း အတူတူပါပဲ အန်တီ။ စာပေနဲ့ လူမျိုးကို မြှင့်တင်ရင်း , လိုက်ပါ ဆောင်ရွက်ကြတဲ့ လူငယ်တွေလည်း ပညာ သာမက ဥစ္စာ ပါ တခါတည်း ရနိုင်တဲ့ နေရာမို့ အင်မတန်ကောင်းတဲ့ Platform ပါ အန်တီ။ ဒါပေမယ် ဒီ Platform ပေါ်ကို အချောင်သမား သူခိုး copy တွေ ရောက်မလာအောင်တော့ ဝိုင်းဝန်းကာကွယ်ရပါလိမ့်မယ်။

Steemit အိပ်မက်ရှည်ကြီးထဲ လိုက်ပါစီးမျောရင်းပါဘဲ အကို

https://steemit.com/myanmar/@chitsone/4r52ga-goodmorning-steemit-myanmar

Steemit သည်. @chitsone ရဲ့ကမ္ဘာ @chitsone ပျော်မွေ့ဆော့ကစားရာနေရာ😍ချစ်ဆုးံမမ @kyi. ရုးံစိုက်ရာနေရာ. 😍😍😍😍😋
ချစ်တယ်. Steemit😍😍😍😊😊

အိပ်​မက်​ဥယျာဉ်​ကြီးအတွက်​ အိပ်​မက်​ပန်း​လေး​တွေကို ​ရေ​လောင်း​ပေါင်းသင်​ရင်း ရင်​ခုန်​စွာ အိပ်​မက်​​နေဆဲပါ အစ်​ကိုဟင်​ ခင်​ဗျ .. ဒီအိပ်​မက်​​တွေ မက်​နိုင်​​အောင်​ ဦး​ဆောင်​လမ်းပြ​ပေးလို့ ​ကျေးဇူးလည်းအရမ်းတင်​ရပါတယ်​ အစ်​​​ကို​ရေ ..

အိမ်မက်လှလှလေးတွေ ပိုင်ဆိုင်နိုင်ပါစေ...

လှပသော steemit အိပ်မက်လေးတွေ ကိုယ်စီဖြင့်.......

အိမ်မက်လှလှလေးတွေ ပိုင်ဆိုင်နိုင်ပါစေ...

ကျေးဇူးတင်ပါသည်။
Blockchain system အကြောင်း မျှဝေပေးမယ်ဆိုလို့
ဝမ်းသာကြိုဆိုပါ၏။ Steem power. 500 အရင် စုရဦးမှာပါ။
ထိုမှ ပိုလာလျှင် Trading ပိုင်းကို လှည့်ဖို့ စိတ်ကူးရှိပါတယ်။
ခုတော့ ဘယ်ဈေး ဖြစ်ဖြစ် ကိုယ်လုပ်နိုင်တာ ကိုယ်လုပ်ရုံသာ
ဆိုပြီး ပုံမှန် ပို့စ် တင်နေတာပါပဲ။

တခေါက်နည်း နည်းနဲ့ အကြိမ် အရေအတွက် များလာရင် ပြည့်လာပါလိမ့်မယ်။ အရေးကြီးတာ လုံးဝ မရပ်လိုက်ဖို့ပါပဲ။ အောင်မြင်ပါစေ....

သမီးလေး အရွယ်ရောက်တဲ့အထိ steemit အိပ်မက်ကို ဆက်မက်နေဦးမှာပါ ကိုဟင်

ကိုစောရဲ့ အိမ်မက်ကို သမီးလေး ဆီကို လက်ကမ်း ပေးနိုင်ပါစေ...

ဆုတောင်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ကိုဟင်

အိပ်မက်တွေ အကောင်အထည်ဖော်နေပါပြီရှင့်

အကောင်းဆုံပါ။ အောင်မြင်ပါစေ....

Coin Marketplace

STEEM 0.35
TRX 0.12
JST 0.040
BTC 70597.89
ETH 3559.60
USDT 1.00
SBD 4.77