Steemit Platform ပေါ်မှ အတွေးများ (အပိုင်း- ၄ )

in #myanmar6 years ago

henry.jpg

မင်္ဂလာပါ။ ယခုတလော အများဆုံးကြားနေရသော အသံမှာ " ဈေးတွေကျကုန်လို့ bot သုံးရတာ ရှုံး နေပြီ " ဟူသောအသံများ ဖြစ်ပါသည်။ ဈေးကျခြင်း ဈေးတက်ခြင်းတို့မှာ ဈေးကွက်တို့၏ သဘောတရားဖြစ်သော်လည်း steemit တွင် ဆောင်းပါးများ ရေး၍ SBD ရှာနေကြသူမိမိတို့ မှာ Steem ဈေးအတက်အကျက မိမိတို့အား တိုက်ရိုက်အကျိုးသက်ရောက်နေသဖြင့် ဤသို့ အသံထွက်လာကြခြင်း ဖြစ်ပါသည်။

ကျွန်တော့အနေဖြင့် ဤဆောင်းပါးတွင် steemit Platform နှင့် ပါတ်သက်နေသော Steem ဈေးနှင့် ထိုဈေးကွက် အကြောင်းအား ကျွန်တော်သိသလောက် အနည်း ငယ် ဖေါ်ပြလိုပါသည်။ ဤသို့ ဖေါ်ပြရာတွင် ကျွန်တော့ အနေဖြင့် ဈေးကွက် ကျွမ်းကျင်သူ တယောက်မဟုတ်ကြောင်း ကြို ပြောထားလိုပါသည်။

ဖေဖါဝါရီ လဆန်းပိုင်းမှ စတင်ကျဆင်းလာခဲ့သော cryptocurrency ဈေးကွက် တွင် BTC ဘူဘောင်း ပေါက်မှုနှင့် အတူ coin ဈေးများ အားလုံးနီးပါးထိုးကျသွားပါသည်။ မိမိတို့ စုဆောင်း နေသော Steem & SBD များလည်း အခြားcoin များ နည်းတူ ဈေးကျသွားသည် မှာ အားလုံးအသိပင်ဖြစ်ပါသည်။

ဤသို့ ဈေးကျသွားပြီးနောက်အခြေအနေတခုရောက်လျင် ဈေးကွက် ဝယ်လိုအားများ ပြန်ကောင်းလာလေ့ရှိပါသည်။ ဤသို့ ဈေးကျသွားသည်ကို တနည်း အားဖြင့် ဈေးနှုန်း ညှိနှိုင်းခြင်း market correction ဟုခေါ်ပါသည်။ လွန်ခဲ့သော အကြိမ် Steem ဈေးအတက်တွင် Steem ဈေးမှာ သူ၏ အမြင့်ဆုံး ရောက်ခဲ့သော ဈေး USD$ 8.22 မှ ပြန်လည်ကျဆင်းလာခဲ့သည်မှာ မတ်လကုန်ပိုင်းတွင် သူ၏ အနိမ့်ဆုံး ဈေး ဖြစ်သော USD $ 1.44 အထိကျဆင်းသွားခဲ့ပါသည်။

ဤ USD$ 1.44 မှာ Steem coin ရှိသင့်သော အနိမ့်ဆုံး ဈေး တနည်းအားဖြင့် နောက်တကြိမ် market correction တွင် USD $ 1.44 ထက် နိမ့်ဆင်း၍ ကျမသွားနိုင်ပါဟူ၍ သတ်မှတ်ကြပါသည်။

01.jpg

ဤကဲ့သို့သော market correction များကို မိမိတို့ အကြိမ်ကြိမ် ကြုံတွေ့ခဲ့ကြပြီး ဖြစ်ပါသည်။ ဈေးကွက် တခုလုံး ရဲရဲနီလျက် coin ဈေးများ ထိုကျကုန်သည်မှာ အနည်း ဆုံး ၂ လလျင် တကြိမ် ၃ လ လျင် တကြိမ် ကြုံရလေ့ရှိပါသည်။ လွန်ခဲ့သော ဧပြီ လဆန်းပိုင်းမှ တဖြည်း ဖြည်း တက်ရိပ်ပြခဲ့သော Steem ဈေးမှာ ဧပြီလ ကုန်ပိုင်းတွင် သူ၏ အမြင့်ဆုံးဈေး ဖြစ်သော USD$ 4.39 သို့ ရောက်ရှိသွားခဲ့၍ တဖြည်းဖြည်း ပြန်လည်ကျဆင်းလာခဲ့ပါသည်။

ယခုတဖန် အမြင့်coin များဟု ခေါ်သော BTC , ETH များ အပါအဝင် coin များဈေးထိုးကျ၍ market correction ဝင်နေကြပါပြီ။ ဤတကြိမ်တွင် Steem ၏ အနိမ့်ဆုံးဈေးမှာ USD$ 2 အောက် ရောက်သွားမည်လားဆိုသည်ကတော့ စောင့်ကြည့် ရအုံးမည် ဖြစ်ပါသည်။

USD ပြား ကဏန်းမှ စခဲ့သော Steem ဈေးသည် ဤသို့သော ဈေးကွက် ညှိနှိုင်းမှု အကြိမ်ကြိမ် ကြုံရ၍ ယခုအချိန်တွင် USD $ 1 အထက်ဟူသော ဈေးကွက် ကို ပိုင်ဆိုင်နိုင်ခြင်း ဖြစ်ပါသည်။ ထို့အပြင် ဝယ်ရောင်း ဈေးကစားကြသူတို့မှာ ဤကဲ့သို့ ဈေးကွက် အတက်အကျ ဖြစ်နေခြင်းကို ပို၍ သဘောကျကြပါသည်။

ဤကဲ့သို့ ဈေး အတက်အကျတွင် ပြား ၅၀ ပြား ၇၀ ခန့် အတက်အကျ ကွာဟရုံမျှဖြင့် ဒေါ်လာသန်းနှင့် ချီ၍ ဝယ်ရောင်းလုပ်ကြသူတို့ မှာ အမြတ်စွန်းကြီးစွာ ရရှိနိုင်ကြပါသည်။ ဤသို့ ဈေးကွက် အတက်အကျ ရှိနေခြင်းမှာ ဈေးကွက် ရှင်သန်နေခြင်း သဘောကို ဆောင်ပါသည်။

ထို့ အပြင် ယခင်က coin ဈေး ကစားကြသူတို့မှာ BTC တမျိုးတည်းကို သာ မှီခို၍ ကစားကြ၍ ပြီးခဲ့သော BTC ဘူဘောင်း ပေါက်မှု အပြီးတွင်တော့ trading site များမှာ ပြင်ပငွေကြေးများဖြင့် တိုက်ရိုက် ဝယ်ရောင်း ကစားနိုင်ရန် ပြုလုပ်လာကြပါတော့သည်။

02.jpg

လက်ရှိ ရေပန်းအစားဆုံး ဖြစ်နေသော Bitfinex trading site တခုတည်း တွင်ပင် USD, JPY , GBP , Euro စသည် ငွေကြေး တို့ ဖြင့် တိုက်ရိုက် ဝယ်ရောင်း ကစားနိုင်ပြီ ဖြစ်ပါသည်။ ယခင် က မိမိ ဝယ်စုထားသော coin များ ဈေးကျလာလျင် BTC ဖြစ်စေ ETH ဖြစ်စေ ပြောင်းထားရန်သာ ဖြစ်နိုင်သော်လည်း ယခုနောက်ပိုင်းတွင် မိမိ coin ဝယ်စုထားသော coin များ ဈေးကျ လာလျင် မိမိ နှစ်သက်သော ငွေကြေး တမျိုးမျိုးဖြင့် ပြောင်းထားပြီး ထိုcoin ၏ အနိမ့်ဆုံး ဈေးတွင် ပြန်လည် ဝယ်ယူ စုထားနိုင်ပါသည်။

ဤနည်းဖြင့် ဝယ်ရောင်း ဈေးကစားသူတို့ အရှုံး နည်း စေနိုင်မည်ဖြစ်ပါသည်။ ထို့ ကြောင့် Steem ဈေးတက်ခြင်း ကျခြင်းသည် Steem ဈေးကွက် ရှင်သန်နေခြင်း သဘောတရားဆောင်နေခြင်း ဖြစ်၍ coin ဝယ်ရောင်းရန် စိတ်ဝင်စားကြသော MSC members များလည်း မည်သည့် အချိန်တွင် မည်သို့ သော coin ဝယ်ထားသင့်သည် မည်သည့် အချိန်တွင် USD ဖြင့် ပြောင်းထားသင့်သည်ကို နားလည် နိုင်ကြ၍ အမြတ်စွန်းများ ရကြပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးလိုက်ရပါသည်။

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

logo.png

Photo Credit : Original source

Author : Henry Aung ( Kachin )
MSC : 001

Sort:  

တက်လိုက်ကျလိုက်နဲ့ အကျိုးမြတ်လာတာများတော့လည်း ရှုံးကာမှရှုံးရောကိုကြီးရေ ဈေးကစားတာကိုပိုကြိုက်ပါတယ်ရှင့် ။ ဒီတချိန်အရှုံးကိုမှတ်ထားပြီး ဘယ်လိုမြတ်အောင်လုပ်ရမယ်ဆိုတာသိဘို့ ကြိုးစားဘို့ က အဓိကမို့  ready စောင့်နေပါတယ် ။

Happy go lucky မို့ရှုံးလည်း ခဏပါကွယ်။ SP ရသနေသ၍ မရှုံးပါဘူး

ဟုတ်တယ် ကိုဟင်ရေ ကျွန်တော်တို့လည်း အကိုဟင် သင်ပြပေးတာလေးတွေကြည့်ပီး မှတ်သားပီး ကွိုင်ဈေးကွက်ကို အတော်လေးနားလည်လာပါပီ။ အခုချိန်က ဈေးကွက် တည်ငြိမ်မှုရယူနေချိန်ဖြစ်လို့ 1.5 $ ထက်တော့ ကျမသွားလောက်ပါဘူး ။ ဘာပဲဖြစ်ဖြစ် စတင်းနဲ့ အက်စ်ဘီဒီဈေးကွက်က နေရာတစ်ခုမှာ တည်ငြိမ်နေတာ ကျေနပ်ရပါတယ်။ ရှေ့ဆက်ပီး စတီးမစ်လမ်းက သာယာလာမှာကို မြင်လိုလှပါပီဗျာ။

Steem နောက်မှ ထွက်လာတဲ့ coin တွေက Steem ကို ကျော်တက်သွားတာကို ကြည့် ပြီး မချိမခံသာ ဖြစ်မိပေမယ့် steemit က တကယ်ကောင်းတဲ့ Platform မို့ အကောင်းဆုံးလုပ်ဆောင် နေတယ်ဆိုတာ ယုံကြည် ပါတယ်။

ပစ္စည်းသင်္ခါရ၊ လူသင်္ခါရ၊ အခု Steem သင်္ခါရ ဖြစ်နေပြီ။

SBD လည်းပါသေတယ်လေဆရာ.... ဆရာလည်း bot တွေသုံးတော့ မမြဲခြင်းတရားတွေ ပိုမြင်နေလောက်ပြီ။

ဈေးကွက်ဆိုတာ တစ်ဦးတစ်ယောက်၊အဖွဲ့တစ်ဖွဲ့ ၊နိုင်ငံတစ်နိုင်ငံတည်းထိန်းလို့မရပါဘူးဗျာ။ Global Economy အရ လူမျိုးမရွေး၊ ဘာသာမရွေး၊ အယူအဆမရွေး၊ ဒေသမရွေး ပူးပေါင်းဆောင်ရွက်နေကြတာတောင် Time and Space ကိုကျော်လွန်ပြီး Speed အခြေအနေအရ ထိန်းကျောင်းရအလွန်ခက်နေပါပြီ။ ဒီအကြောင်းတွေကို အခု ဆောင်းပါရေးနေ တာ။

သဘောတရားနားမလည်လို့ ဝယ်ရောင်းတော့ မလုပ်ဖြစ်သေးပါဘူး ကိုဟင် ... ဈေးကျလည်း စာရေးတာ ဘုတာက ဆက်လုပ်နေရတာပါပဲ ... ဘုတဲ့အခါအကျခံနိုင်အောင် လုပ်ပြီး တက်ရင် မြတ်ဖို့ မျှော်လင့်ထားပါတယ် ...

လေ့လာလို့ ရှိရင် တဖြေးဖြေးနဲ့ နားလည်လာပါလိမ့်မယ်။ လောလောဆယ်တော့ ဆောင်းပါးတွေ ရေးနေတာ အကောင်းဆုံပါ။

ဟုတ်ကဲ့ အစ်ကို

မသိတာလေးတွေ သိလိုက်ရလို့ ဗဟုသုတရလိုက်ပါတယ်

ကျေးဇူး အများကြီးတင်ပါတယ်။

အကျရှိရင် အတက်လည်းရှိမှာ သဘောပေါက်သွားပြီလေ။

အခုလို တခုခုရသွားတယ်ဆိုရင်ပဲ ကျွန်တော်လည်း ကျေနပ်ပါတယ်။

steemit platform မှာစမ်းတဝါးဝါးလျှောက်နေတုန်း လမ်းပြပေးတာကျေးဇူးပါ

အခုလို တခုခုရသွားတယ်ဆိုရင်ပဲ ကျွန်တော်လည်း ကျေနပ်ပါတယ်။

ဟိုတခါကို henryပြောတုန်းက လိုဖြစ်ဖို့တော့မျှော်လင့်နေပါတယ်။အခုလည်းနည်းနည်းထပ်ကျတာကိုစောင့်နေတာ ဒီထပ်နည်းနည်းကျရင်တော့ အဆင်ပြေပြီး။အကိုပြောသလိုတတ်နိုင်တဲ့ပမာဏလောက်တော့ရင်းထားလိုက်အုံးမယ်။

Coin ဝယ်ရောင်းကစားတာဟာ စိတ်ဝင်စားဖို့ ကောင်းသလို စိတ်ပြတ်သားဖို့လိုပါတယ်။

ငွေပမာဏများများ ကိုင်မထားနိုင်သေးတော့ Coin Trading ကို
လက်ရှောင်ထားရပါတယ်။ ဗဟုသုတဉာဏ်၊ လုံ့လဝီရိယ စိုက်ထုတ်
၍ စာရေးသားရာတွင် မိမိစာကို လူအများ ဖတ်၍ အကျိုးတစ်စုံတရာ
ဖြစ်ထွန်းသွားသည်ဆိုသော် ပီတိကိုစား အားရှိရပါမည်။ တစ်ဘက်
တွင်လည်း ( Steem Token ဈေးတတ်
သောကြောင့်) စာမူခလေးများ အမြောက်အများ ရလျှင်တော့လည်း
ပိုမိုကြိုးစားအားထုတ်လို့ ကောင်းပါမည်။ မည်သို့ပင် ဖြစ်စေကာမူ
မိမိလုပ်တတ်၊ လုပ်နိုင်သည်မှာ စာရေးတင်ခြင်းသာလျှင် ဖြစ်၍
ထိုအရာကိုပင် စဉ်ဆက်မပြတ် လုပ်ဆောင်နေရမည် ဖြစ်ပေသည်။

ဆောင်းပါးတွေ မပြတ်ရေးနေတာ အကောင်းဆုံးပါ။ စိတ်ကို အလုပ်ပေးထားသလို ဈေးအတက်အကျလည်း သိပ်ပြီးတော့ အာရုံ မများတော့ဘူးပေါ့။

MSC exchangeကိုလည်း coin များများကို တိုက်ရိုက် trade လို့ရရင် ကောင်းမယ် ကိုဟင်။

MSC Exchange ကို coin တော်တော်များများနဲ့ ချိတ်ဆက်နိုင်ဖို့ ကြိုးစားနေပါတယ်။ လက်ရှိအချိန်တော့ မလုပ်သေးတာပါ။ ဘာဖြစ်လို့ ဆိုတော့ ရလာသမျှ SBD တွေကို တခြား coin တွေချည်း ဝယ်စု ပြစ်မှာ စိုးလို့ပါ။

Coin Marketplace

STEEM 0.34
TRX 0.11
JST 0.034
BTC 66361.53
ETH 3253.14
USDT 1.00
SBD 4.43