Steemit Platform, MSC နှင့် အပြောင်းအလည်း ( Henry Aung )

in #myanmar6 years ago (edited)

henry Aung.jpg

မင်္ဂလာပါ။ လွန်ခဲ့သော ရက်အနည်းငယ်ခန့်က ကျွန်တော့ personal chat box အတွင်း MSC members တယောက်ထံမှ ကျေးဇူတင်စကား message ကို ဖတ်ခဲ့ရပါသည်။ သူရေးထားသည်မှာ on line ငွေရှာဖွေ သော site များတွင် Steemit Platform လောက် လွယ်ကူသော site များ မတွေ့ဘူးသေးသလို ဤကဲ့သို့ မြန်မာနိုင်ငံသားများ အပိုဝင်ငွေ အလွယ်တကူ ရှာဖွေ နိုင်ရန် ခေါင်းဆောင်၍ ဆောင်ရွက်ပေးနေသော ကျွန်တော့အား ကျေးဇူးတင်ပါသည် ဟူသော ကျေးဇူးတင် စကားလေး ဖြစ်ပါသည်။

ကျွန်တော့ အနေဖြင့် ကျေးဇူးတင်ခံလို၍ ဤဆောင်းပါး ရေးသားနေရခြင်း မဟုတ်ပါ။ ကျွန်တော်၏ ယခင် ဆောင်းပါး ပေါင်းများစွာ တွင်လည်း ကျွန်တော်ထည့်ရေးဖူးပါသည်။ ဤ steemit Platform သည် တကယ်အကျိုးများသော ကြောင့် အခြားနိုင်ငံသားများ အပို ဝင်ငွေရနေသလို မိမိတို့ နိုင်ငံသား များလည်း ရစေချင်သောကြောင့် ဤသို့ ကြိုးစားပေးနေရခြင်း ဖြစ်ပါသည်။

ကျွန်တော်တို့ MSC ဖွဲ့စည်းပြီးနောက် အချိန်တခု ကာလတခုရောက်လာသောအခါ .. အချို့က သောင်းဂဏန်းရှိသော ငွေထုတ်သုံး နိုင်သလို အချို့က သိန်း ဂဏန်းမျှ သော ငွေသားများကို ဤ steemit Platform ပေါ်မှ ထုတ်ယူနေကြသည်မှာ မိမိတို့ အမြင်ပင်ဖြစ်ပါသည်။

မိမိတို့ အားလုံး ၏ စုပေါင်းအင်အား ဖြင့် အလှူအတန်းများလည်း ပြုလုပ်နိုင်ခဲ့ကြသည်မှာ အားလုံး အသိပင် ဖြစ်ပါသည်။ ထိုကိစ္စများအားလုံး အတွက် ကျွန်တော့အား ကျေးဇူးအထူးတင်ရန် မလိုပါ။ စည်းကမ်းလိုက်နာခဲ့ကြ၍ MSC နှင့် အခက်အခဲမှန်သမျှ အတူ ကျော်ဖြတ်ခဲ့ကြသော MSC members များ မိမိကိုယ်ကို သာကျေးဇူးတင်သင့်ပါသည်။

ကျွန်တော့ အနေဖြင့် ရပါစေတော့ဟူ၍ မည်မျှ တွန်းအားပေးနေသော်လည်း စည်းကမ်းလိုက်နာသူမရှိပဲ တယောက်တပေါက် ဖြင့် ဖြစ်နေလျင် ယနေ့အချိန်ထိ MSC members များ အပိုဝင်ငွေ ထုတ်ယူရန် မဆိုထားနှင့် အိတ်ပေါက်ဖြင့် ဖါးကောက်နေရသကဲ့သို့သာရှိနေပါလိမ့်မည်။

00001.jpg

ဆိုခဲ့သည့် အတိုင်း မိမိတို့ MSC သည် တနှစ်မပြည့်ခင် အတွင်း မိမိတို့ ဤ Platform ပေါ်မှ အပိုဝင်ငွေ ရှာဖွေနိုင်လျင် နောက် ၄ , ၅ နှစ်ကြာလာလျင် ဤ Platform ပေါ်တွင် အကျိုးရှိသော စာ ၊ ဆောင်းပါး များ ရေးတင်ရုံမျှဖြင့် အလုပ်တခုလုပ်နေသကဲ့သို့ ဝင်ငွေရရှိနိုင်သည်ကို ယုံမှား သံသယရှိရန် မလိုပါ။

သို့သော် steemit Platform အနေဖြင့် ခြောက်ပြစ်ကင်းသဲလဲစင် သော Platform တခုမဟုတ်သေးသည်ကတော့သေချာပါသည်။ steemit Platform ၏ အားနည်းချက်ဖြစ်သော လုပ်ငန်း ဆောင်တာ အချို့ တို့အား MSC members များအား အနည်းငယ်ဝေမျှလိုပါသည်။

လက်ရှိ ဤ Platform ကို အကောင်းဆုံး ဖြစ်စေရန် မွမ်းမံနေကြသော ပညာရှင် များ အားလုံး တညီတညွတ်တည်း သဘောတူကြသည်မှာ steemit Platform သည် အကောင်းဆုံး အဆင့်သို့ မရောက်သေးပါ ဟူသည်ပင်ဖြစ်ပါသည်။ အနည်းငယ်ဥပမာပြပါမည်။ ဤ Platform နှင့် ပါတ်သက်၍ တကယ် အရေးအသားကောင်းသူတို့ တကယ် vote မရကြခြင်းမှာ အဓိကအားနည်းချက်ဖြစ်ပါသည်။

ဆိုလိုသည်မှာ သိပ္ပံနည်းပညာနှင့် ပါတ်သက်၍ အလွန်အကျိုးရှိသော ဆောင်းပါးတခုမှာ သိပ္ပံပညာရှင်းများအတွက် အကျိုးများသော်လည်း မိမိ တို့ ကဲ့သို့သော သာမန်လူအများ နားမလည်နိုင်၍ ထိုကဲ့သို့သော post များ ဘဲဥ မကွဲပဲ ရှိနေကြရပါသည်။ ထိုအခါ ပညာရှင်များက ငါရေးတင်လည်း ဘားမှမထူးပါဘူး ဟူသော အတွေးများ ကို ဖြစ်ပေါ်စေပါလိမ့်မည်။

ဤကဲ့သို့ quality content များ vote မရပဲ vote များများရ ၍ SBD ပိုများလျင် quality content ဟု ခေါ်သော trending ပေါ်သို့ ရောက်ရခြင်းမှာ မှားနေသော စနစ်ဖြစ်ကြောင်း ကျွမ်းကျင်သူများက ထောက်ပြကြပါသည်။

00002.png

ထို့ကြောင့်ဤပြသနာများကို ဖြေရှင်းရန် Community base quality content များ ကို ထွက်ပေါ်လာစေပါလိမ့်မည်။ ဆိုလိုသည်မှာ မြန်မာအဖွဲ့အစည်းမှ မည်သည့် ဆောင်းပါးသည် အကျိုးရှိသော ဆောင်းပါး ၊ အကျိုးပြု သော ဆောင်းပါး ဖြစ်သည်ကို မြန်မာ အဖွဲ့အစည်းမှ အဖွဲ့ဝင်များသာ သတ်မှတ်ရန် ဖြစ်ပါသည်။

ဆိုလိုသည်မှာ voting ဝယ်ရောင်း စနစ်များ ပျောက်ကွယ် သွားမည့် သဘောဖြစ်ပါသည်။ မိမိတို့ voting power များအား တကယ်ကောင်းသော ဆောင်းပါးများကိုသာ vote စေခြင်းဖြင့် quality content များ trending ပေါ်သို့ ရောက်စေမည်ဖြစ်သည်။

သို့သော် ဤသို့သော ပြောင်းလည်းမှုများအတွက် ကျွန်တော်တို့ ကဲ့သော SP နည်းကြသည့် အဖွဲ့အစည်းများ အထူးသဖြင့် နိုင်ငံခြား vote အထောက်အပံ့ယူထားသူများ များစွာထိခိုက်သွားနိုင်ကြောင်းလည်း ပညာရှင်များက ထောက်ပြကြပါသည်။ သို့သော် စီးပွားရေး ဆန်သော booster များကြောင့် အရည်အသွေးထိခိုက်လာသော steemit Platform အား ပြောင်းလည်းမှုတခုခု ပြုလုပ်ကြတော့မည်ကတော့ သေချာပါသည်။

အခြားတခု မှာ self voting ဖြစ်ပါသည်။ SP အများအပြားပိုင်ဆိုင်ထားသူတို့မှာ အခြားသူများအား vote ပေးခြင်းထက် မိမိ post များအားသာ vote ယူနေကြခြင်း ဖြစ်ပါသည်။ ဆိုလိုသည်မှာ ကျွန်တော့ SP ဖြင့် ကျွန်တော့ post အား vote ယူလျင် အများဆုံး $5 ခန့် ရနိုင်သောကြောင့် တရက်လျင် စာကြောင်း သုံးလေးကြောင်းခန့်သာ ပါသော Post ၁၀ ခုခန့်တင်၍ မိမိကိုယ်ကို vote ယူလျင် တရက်လျင် $ 50 ခန့်ကတော့ သေချာနေပြီ ဖြစ်ပါသည်။

ထိုကဲ့သို့ အဖွဲ့အစည်းအား အကျိုးမပြုပဲ မိမိ ကိုယ်ကျိုးအတွက် အသုံးချနေသော SP များအားထိန်းချုပ်ရန် အတွက် self voting အား ထိန်းချုပ် ရန်လည်း စဉ်းစားနေကြပါသည်။ သို့သော် ဤသို့ ထိန်းချုပ်လိုက်လျင် ဤ Platform ပေါ်သို့ ရင်းနှီးမြုပ်နှံထားသူအများ အပြားထွက်သွာကြမည် ဖြစ်သော ပြသနာကလည်း ရှိနေပါသေးသည်။

ဤသို့ ထိန်းချုပ်မှုများ ပြုလုပ်လိုက်လျင် blockchain စနစ်၏ ထိန်းချုပ်မှုမဲ့ ဟူသော အနှစ်သာရမှာ ပျောက်ဆုံးသွားမည်ဖြစ်ကြောင်းလည်း ပညာရှင်များက ထောက်ပြကြပါသည်။

00003.jpg

ဤ အကြောင်းအရာများမှာ steemit platform ၏ အားနည်းချက် အချို့အား MSC members များအား အသိပေးရခြင်း ဖြစ်ပါသည်။ မည်သို့ ပင်ဆိုစေ steemit platform သည် သုံစွဲသူများ ပိုမို အဆင်ပြေစေရန် နှင့် လူနည်းစု၏ ထိန်းချုပ်မှုအောက်တွင် ရှိမနေစေရန် မကြာမှီ ပြောင်းလည်းမှုကြီးကြီး မားမား ပြုလုပ်ကြတော့မည်ကတော့သေချာပါသည်။

ထို့ကြောင့် MSC members များအနေဖြင့်လည်း ပြောင်းလည်းမှုတွင် လိုက်ပါ ပြောင်းလည်း နိုင်ရန် နှင့် မိမိရေးသားသော စာ ၊ ဆောင်းပါးများသည် အကျိုးရှိသော စာ ၊ ဆောင်းပါးများဖြစ်ကြစေရန် အသိပေးလိုပါသည်။ ဆိုလိုသည်မှာ Facebook တွင် တင်သကဲ့သို့ " စမီး ခရုလား ၊ စမီး တီကောင်လား " ဟူသော post များအတွက် တော့ vote ရမည် မဟုတ်သည်ကတော့သေချာပါသည်။

Steemit Platform ၏ ပြောင်းလည်း မှုများသည် လူအများ အကျိုးရှိစေရန် တကယ်ကြိုးစားသူများ တကယ်ရကြစေရန် ရည်ရွယ်ပြောင်း လည်း ခြင်း ဖြစ်၍ တကယ်ကြိုးစားနေကြသော MSC members များအတွက် ထိခိုက်ဆုံးရှုံး မှု ကြီးကြီးမားမား ရှိမည်မဟုတ်ပဲ Myanmar steemit community ဟူ၍ အခိုင်အမာ ရှိနေပြီ ဖြစ်သော မိမိတို့ အတွက် အကျိုးများစရာသာဖြစ်ပါလိမ့်မည် ဖြစ်ကြောင်း ကြိုတင် အသိပေးအပ်ပါသည်။

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

logo.png

Photo Credit : Original source

Author : Henry Aung ( Kachin )
MSC : 001

Sort:  

ဟုတ်ကဲ့ အကိုရေ သတင်းကတော့ အကောင်းဖက်ကို ပါတဲ့သတင်းပါပဲဗျာ ။ စတင်းပလက်ဖောင်းရဲ့ ချို့ယွင်းချက်များကို ပြုပြင်ပီး အဆင့်မြင့် ပလက်ဖောင်းဖြစ်လာချိန်မှာ ကျွန်တော်တို့ ရည်မှန်းချက်များ ပိုမို အကောင်အထည်ဖော်နိုင်လာပြီပေါ့ဗျာ။ စီးပွားရေးဆန်သော ဘော့များကွယ်ပျောက်သွားလျင် ဘာတွေဖြစ်လာမည်လဲတော့ စဉ်းစားကြည့်မိသည်။ ကောင်းတာတွေသာ ဖြစ်လာပါစေဗျာ။

Community တွေပိုပြီးအားကောင်လာဖို့ရှိပါတယ် ကိုရွှေဘို။ တရားဝင်တော့ မကြေညာသေးဘူး။

အဲ့လိုအပြောင်းအလဲကို ကြိုဆိုပါတယ် Steemit မှာ စာသေချာရေးရင် vote မရ အဲ့လိုဆိုတော့ ကိုဟင်ပြောသလို ရေးဖို့ ပျင်းရိမိပါတယ် သူများတွေလို သိန်းနဲ့သောင်းနဲ့ချီပြီး ထုတ်မသုံးနိုင်ပေမဲ့လည်း ဖုန်းဘေဖိုးတကယ်လက်တွေ့ရတာတော့ ယုံကြည်မိတယ် ဒါကြောင့် steemit မှာ စာရေးရတာ ပိုအားစိုက်ဖို့ လိုလာမှန်း ကိုဟ်ကိုကိုယ် သတိထားမိပါတယ်

တင်ပါ့။ သူတို့ အဓိကထားပြုပြင်လိုတာကတော့ quality content တွေကို vote ရစေချင်တာပါ။ အဲဒီလို quality content များ တကယ် vote ရပါမှ ဒီ Platform ပေါ်ကို နယ်ပယ်အရပ်ရပ်မှ ပညာရှင်များ ဝင်ရောက်လာကြမှာ ပါ ဘုရား။ ဒါကြောင့် Community base quality content တွေ ဖြစ်ပေါ်လာဖို့ များပါတယ်ဘုရား။

ကြိုဆိုပါတယ်ရှင်
MSC တိုးတက်သည်ထက်တိုးတက်အောင်မြင်ပါစေ
ကျမအတွက် စုဘူးကြီးတခုပါ ။

အများကြီး စုထားပြီး SP တွေ အများကြီးရရင် ကျွန်တော့ကိုလည်း vote ပေးပါအုံး

ဟိ ! သမီး vote ပေးမယ်လေ
အားမငယ်နဲ့နော် ခိခိ

အာ့လိုသာဆိုရင်တော့ လူနည်းသွားမှာ😁မယ်ကြည်လဲ quality post တွေ မရေးနိုင်သေးပါဘူးလေ

လူတော့ မနည်းလောက်ဘူး မယ်ကြည်.... Community တွေကို support ပိုပေးပြီး quality content တွေ ကိုယ့် Community နဲ့ ကိုယ် ရွေးထုတ် ခိုင်းမလားပဲ။ မယ်ကြည် တို့ က copy မကူးပဲ original တွေ ရေးနေတာလေ... quality content ပဲပေါ့..

တကယ်အရည်အချင်းရှိသူတွေအတွက် ထိရောက်တဲ့ပြောင်းလဲမှုတွေလုပ်သင့်ကြပါတယ် ပြောင်းလဲမှုအတိုင်း ကိုယ်လဲလိုက်ပါနိုင်အောင် ကြိုးစားထားသင့်ကြပါတယ် ကောင်းသောပြောင်းလဲမှုတွေကို စောင့်မျှော်နေပါတယ်ဗျာ

ဟုတ်ကဲ့။ ကျန်တဲ့သူ အများအပြားကလည်း ပြောင်းလည်းဖို့ မျှော်လင့်နေကြပါတယ်။ ဒါပေမယ့် ပြောင်းလည်းမှု လုပ်ပါမယ် လို့တော့ တရားဝင် မကြေညာသေးပါဘူး။

quality content တွေ vote များများရနိုင်မဲ့ system ကိုကြိုဆိုပါတယ်ဗျာ။

လောလော ဆယ် အထိတော့ system ပြောင်းမယ်လို့ အတိအလင်တော့ မကြေညာသေးဘူး အထွေးရေ ... ဒါပေမယ့် ပြောင်းသင့်တယ်လို့တော့ အားလုံး ပြောနေကြပြီ။

ကောင်းမွန်သော အပြောင်းလဲ ဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်ခင်ဗျာ။

ကျွန်တော်လည်း အဲဒီလိုပဲ မျှော်လင့်မိပါတယ်။ ကောင်းမွန်တဲ့ ပြောင်းလည်း ခြင်းဖြစ်မှာပါ။

တစ်‌ခွန်းဘဲ ‌ပြော ပြရ‌စေအစ်‌ကို‌ရေ ၊အရမ်းကြိုက်‌ပါတယ်‌လို့ဘဲ ‌ပြော ပြရ‌စေ။Post ‌ပေါ်မူတည်‌ပြီး vote ရရင်‌ ပို‌မျှော်‌လင့်‌လို့ရတာ‌ပေါ့။ ကြိုးစားရကျိုးလည်းနပ်‌မယ်‌။ဘာပဲေ ပြာေ ပြာ အခုလည်း ‌ကောင်းပါတယ်‌ အစ်‌ကိုရာ။

Steemit Platform က အရင်ကလည်း ကောင်း ခု လည်း ကောင်း နှောင် လည်း ဒီထက် ကောင်းနေအုံးမှာပါ ။

ရည်ရွယ်ချက်တွေ အတွေးအခေါ်တွေ အဖက်ဖက်ကဟာကွက်များမရှိအောင်ကျိုးစားပေးကြသူများကို လေးစားပါသည်။ အထူးသဖြင့်
ကျွန်တော်တို့ ရဲ့ ခေါင်းဆောင်ကြီးကိုဟင် အားလည်း
အထူးလေးစားပါသည်ဗျာ။

Steemit Platform ရဲ့ SMT တွေထွက်မလာခင်တော့ သူတို့ system ကို ပြောင်းလည်း လိမ့်မယ်လို့ ထင်ပါတယ်။

ဟုတ်
အခုလိုသတိပေး အသိပေးလို့ ကျေးဇူးတင်ပါတယ်အစ်ကိုဟင်ရေ။

အသိပေး ရုံပါပဲ ကိုမိုးဇော်ရေ... ပြောင်းလည်းပါ့မယ်လို့ တးရာဝင် မကြေညာသေးဘူး။

Coin Marketplace

STEEM 0.33
TRX 0.11
JST 0.034
BTC 66598.01
ETH 3236.65
USDT 1.00
SBD 4.66