ဖြောင့်မတ်ခြင်း

in #myanmar6 years ago

image
သစ်လွင်သော အတွေးအခေါ်ကောင်းများကို ကြံစည်းတွေးတောပါမှ ကောင်းမြတ်သည့် လက္ခဏာရပ်များပေါ်ထွက်မည်။ ကောင်းမွန်သော စိတ်ဓာတ်မရှိဘဲနှင့် သစ်လွင်သော တွေးတောကြံဆမှုများ အလိုအလျောက်ရောက်ရှိလာလိမ့်မည် မဟုတ်ပေ။ ရွှန်းလဲ့တောက်ပသော နေ့သစ်များဆီသို့ မှန်ကန်ကောင်းမြတ်သော အတွေးအခေါ်များဖြင့် လူ့ဘဝ၏ ကုန်ဆုံးခဲ့ရသော နေ့ရက်များကို ကျော်ဖြတ်ရန်လိုအပ်ပါသည်။ မိုးလင်းမှသည် နေဝင်သည်ထိ ဖြတ်သန်းခဲ့ရသော နေ့ရက်များတွင် ကုသိုလ်များမည်မျှရနေပြီလဲ အကုသိုလ်များ မည်မျှများနေပြီလဲဟူသော အတွေးများဖြင့် ဘဝ၏နေ့ရက်ကို ဖြတ်ကျော်တိုင်း ဆင်ခြင်သုံးသပ်သင့်ပါသည်။
ပြီးဆုံးခဲ့ရသော နေ့ရက်များသည် ပြန်လည်တည်ဆောက်၍ မရနိုင်ပေ။ အတိတ်နှင့် အနာဂတ်ကို မှန်းဆတွေးတောခြင်းဖြင့် အဓိပ္ပါယ်ရှိသော နေ့ရက်များကို သယ်ယူသွားပါမှ ဘဝကူးလည်းကောင်းပေလိမ့်မည်။ ရခဲလှသော လူ့ဘဝတွင် မည်သည့်အရာများ ယူဆောင်သွားရမည်နည်း မည်သည့်အရာများထားရှိခဲ့မည်နည်းဆိုသော အတွေးမျိုးဖြင့် သုံးသပ်ရန်လည်း မမေ့သင့်ပေ။ လောကနိယာမအတိုင်း လူသားအားလုံးသည် မွေးသည့်နေမှ သေဆုံးသည်ထိ လူ့ဘဝ၏ သံသရာလှေကြီးကို လှော်ခတ်ရင်း တန်ဖိုးရှိသော လူသားတစ်ဦးအဖြစ် နေထိုင်သွားရန် အထူးအရေးကြီးပါသည်။ လက္ခဏကြီးသုံးရပ်၏ မမြဲသောသင်္ခါါရသဘောကို သိရှိနားလည်ကာ မြတ်သော အကျင့်များကို နေ့ရက်တိုင်းတွင် ယူဆောင်သွားခြင်းဖြင့် နက်ရှိုင်းလှသော မျှော်မှန်းချက်ပန်းတိုင်ကို သွားကြရပေမည်။
လူသားအားလုံးသည် သံသရာခရီးသွားများဖြစ်သည့်အားလျော်စွာ တစ်ဦးဆင်း တစ်ဦးတက်ထွက်ခွာသွားကြရမည့် အနိစ္စလမ်းသို့ မရောက်မီ သတိတရားကို လက်ကိုင်ထားကြရမည်။ ဘဝဇာတ်ခုံတွင် ကပြအသုံးတော်ခံရင်း မိမိတို့၏ ထွက်သက်မရောက်သည့်နေ့အထိ သံသရာလှေကြီးကို လှော်ခတ်နေရပေဦးမည်။ခန္ဓာ၏ဖြစ်သည်။ ပျက်သည်ဟူသော အနှစ်သာရကို ကြည့်ပြီး မိမိသန္တာန်တွင် တရားသဘောနှစ်ခုကို အမြဲနှလုံးသွင်း၍ နေထိုင်ကြရမည်။ ကိစ္စများ၍ ရှုပ်ထွေးပွေလီလှသော လူ့ဘဝ၏ လောကဓံရှစ်ပါးကို တစ်နေ့နေ့ တစ်ချိန်ချိန်တွင် တွေ့ကြုံရင်ဆိုင်ကြရမည်မှာ မလွဲမသွေပင်ဖြစ်ပါသည်။ ထိုသို့သော အချိန်အခါသို့ မရရှိမီအသိတရားဖြင့် မှန်ကန်စွာတိုက်ဖျက်နိုင်ပါမှ လောက၏ ကောင်းကျိုးချမ်းသားနှင့် တိုးတက်အောင်မြင်ရေးအတွက် စွမ်းဆောင်နိုင်ပါမည်။
ဤသို့ဖြောင့်မတ်မှန်ကန်ခြင်းဖြင့် အမှန်၏ယုတ္တိသဘောကို သိမြင်ကာ လောကအကျိုး လူ့အကျိုးကို ထမ်းဆောင်လျှက် ငြိမ်းချမ်းသောလူ့ဘောင်သစ်ဆီကို တက်လှမ်းကြရပါမည်။
Author by @khaylay

Sort:  

very beautiful ,, his style is nice

Coin Marketplace

STEEM 0.25
TRX 0.11
JST 0.032
BTC 63519.79
ETH 3073.58
USDT 1.00
SBD 3.82