ဖြောင့်မတ်ခြင်း

in #myanmar6 years ago (edited)

image
ဖြောင့်မတ်ခြင်းနှင့် ဆက်စပ်၍ သူတစ်ပါးအပေါ်တွင် တရားမျှတစွာဆက်ဆံခြင်း မိမိအပေါ်တွင် တရားမျှတစွာဆက်ဆံခြင်း စသည့်အချက်များသည် အရေးကြီးလှပေသည်။ ပြောဆိုဆက်ဆံရာတွင် အပြန်အလှန်တရားသဖြေင့် ပြောဆိုဆက်ဆံကြရန် အထူးလိုအပ်ပေသည်။ရိုးသားဖြောင့်မတ်ခြင်းနှင့် အပြန်အလှန်နားလည်မှုရှိမှသာ လောကအလယ်တွင် အဆင်ပြေမှုရှိပေမည်။ မေတ္တာ၏သဘောတရားတွင် တစ်ဦးအပေါ်တစ်ဦး မျှတစိတ်ထားရှိလျှင် လူ့ဘောင်လောကတွင် သာယာပေမည်။ ကြီးသူကို ရိုသေ ရွယ်သူကိုလေးစား ငယ်သူကို သနား ပြန်လှန်နားလည်ပါမှမည်သည့်အချိန်အခါတွင်မဆို လူ့လောကတွင် အလှဆင်ပေးမည်။
ရိုးသားဖြောင့်မတ်ခြင်းဂုဏ်သည် မည်သည့်ဂုဏ်နှင့်မျှ တုနှိုင်းမရနိုင်ပေ။ မြင့်မြတ်သော ရိုးသားသော ဂုဏ်တစ်ရပ်ရှိခြင်းသည် လောကအလယ်တွင်တင့်တယ်သော လူသားအဖြစ် ထုဆစ်နိုင်ပေမည်။ ထို့ကြောင့် လူတိုင်းသည် ရိုးသားဖြောင့်မတ်ခြင်းဂုဏ်ကို တန်ဖိုးထားမြတ်နိုးသင့်ကြပါသည်။ သတ္တလူ့လောကတွင် ရိုးသားခြင်းသည် မည်သို့သောအရာနှင့်မျှပါဝင်ဆက်စပ်ခြင်းမရှိပေ။ မှန်ကန်ဖြောင့်မတ်သော လူတစ်ဦးအဖြစ် လူ့ဘောင်လောကတွင် အလှဆင်ပါမှသာယာသော လူ့ဘောင် လူ့အသိုင်းအဝိုင်းတွင် ငြိမ်းချမ်းပေမည်။ လောကလူ့ရွာ လူဖြစ်လာခိုက်ကုန်ဆုံးသွားသော နေ့ရက်များကို ရိုးသားဖြောင့်မတ်စွာ ဖြတ်သန်ခြင်းကြောင့် လူ့လောကတွင် အေးချမ်းမှု သာယာမှုရရှိခဲ့ရသော ပုံသက်သေများတွင် ပြဆို၍ မကုန်နိုင်ပေ။
တရားမျှတမှုတွင် အချို့သွားလာလှုပ်ရှားနေရသော မိမိပတ်ဝန်းကျင် မိမိရုံး မိမိလုပ်ကိုင်ရမည့်အလုပ်ကို ခိုခြင်း ကပ်ခြင်းစသော အချက်များသည် 'လူ့တာဝန်မကျေပွန်ခြင်း' ပင်ဖြစ်ပါသည်။ လူတိုင်းတွင် တာဝန်သိ၍ တာဝန်ကျေပွန်ပါမှ သာယာဝပြောသော လူသားအသိုင်အဝန်းတွင် ငြိမ်းချမ်းပေမည်။ တာဝန်သိ တာဝန်ကျေပွန်မှသာ ကောင်းမြတ်တင့်တယ်သောလူ့ဘဝကို ရပ်တည်မှုဖြင့် နေကြရမည်။ ရိုးသားခြင်း တာဝန်ကျေပွန်ခြင်း ညီမျှပါမှ တန်းတူသော အခွင့်အကောင်းများရရှိကာ ကောင်းမွန်သော လူ့ဘောင်တစ်ရပ်ကို ဖန်တီးတည်ဆောက်နိုင်မည်။
မှန်ကန်ကောင်းမွန်သော စိတ်ထားများဖြင့် ဖြူစင်သန့်ရှင်သော လူ့ဘောင်ကို ဦးတည်သွားကြရမည်။ မြတ်သောအကျင့်များကို ကျင့်သုံးခြင်းဖြင့် မြင့်မြတ်သော ပန်းတိုင်ကို ရည်ရွယ်ကာ ရရှိလာသောလူ့ဘဝ၏ ရေပြင်ကို လှော်ခတ်သွားလာနေကြရသောထာဝရခရီးသည်များဖြစ်ကြပါသည်။
Author by @khaylay

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.033
BTC 63855.79
ETH 3113.00
USDT 1.00
SBD 4.04