လူမှုရေးရာ

in #myanmar5 years ago

လူတိုင်းမှာ အစွမ်းသတ္တိရှိကြပြီး တစ်ယောက်နဲ့တစ်ယောက်ကိုအထင်မသေးသင့်ပါ။ဘယ်သူဘဲဖြစ်ဖြစ် ကိုယ်အစွမ်းနဲ့ကိုယ်ရှိသောကြောင့် အလိုက်အထိုက်တော့ လူမှုရေးကို သတိထားသင့်သည်။လူအမျိုးမျိုးစိတ်အထွေထွေရှိကြပြီး တစ်ယောက်နဲ့တစ်ယောက် အလိုက်အထိုက်ပေါင်းသင်းရကြောင်း၊စကားပြောဆိုတတ်ဖို့လည်းလိုကြောင်း၊စကားပြောဆိုတတ်သူသည် အကောင်း အဆိုးကို မိမိကိုယ်တိုင်ဖန်းတီနိင်ကြောင်း၊ကိုယ်ကာယ နှုတ်တို့ကို လိမ္မာမှုရှိအောင် အစရှိသည်များကို လေ့ကျင့်မှတ်ထားသင့်ပါသည်။လောကတွင် ချမ်းသာလိုသူ ကြီးပွားတိုးတတ်လိုသူနဲ့ အောင်မြင်ချင်သူများ ပေါင်းသင်းဆက်ဆံရေး လူမှုရေးရာများကို သိထားသင့်ပါသည်။ပခုံးနှစ်ဖတ်ကြား ခေါင်းရှိသောသူကို လူဟုခေါ်ဆိုကာ ထိုလူတွေမှာလည်း သူအဆင့်နဲ့သူအရည်အချင်း အစွမ်းသတိရှိကြလေသည်။ပုရွတ်ဆိပ်နဲ့ဌက်လို ဖြစ်ပြီး ပုရွတ်ဆိပ်သည် ဌက်သို့ကောင်ကင်သို့မပြန်နိင်သကဲ့သို့ ဌက်သည်လည်းပုရွတ်စိတ်လို့ မြေတွင်းထဲတွင် ကြာရှည်မအောင်းနိင်ပါ။ဒါဆိုကြည့်ခြင်းဖြင့် သူအစွမ်းသတ္တိနှင့်သူအရည်အချင်းဟာ အဆင့်လိုက်အဆင့်လိုက် ခွဲပြားခြားနားနေပါသည်။

လူပေါက်ပန်း ပညာမဲ့သောသူကို ပေါင်းသင်းမဆက်ဆံပါနဲ့။သူတို့နဲ့ ပေါင်းသင်းဆက်ဆံလို့ မိမိအတွက်ကောင်းကျိုးမရရှိဘဲ ဆိုးကျိုးသာ ရရှိပါလိမ့်မည်။ပညာမဲ့ လူတောမတိုးသောသူ အသိခေါက်ခက် အဝင်နင်သူ အသိဥာဏ်ပညာအလွန်နည်းသူ ရှေ့နောက်ကိုမကြည့်သောသူ စကားပြောရာတွင် ဟောင်ဖွာဟောင်ဖွာလုပ်သောသူ အစရှိသူတို့သည် မိမိအတွက် ပေါင်းသင်းဆက်ဆံမှုတွင် အကျိုးမရှိဘဲ ဒုက္ခပေးတတ်သူများဖြစ်ကြ၍ အထူးရှောင်းရှားဖို့ လိုအပ်ပါသည်။နောက်မိမိလုပ်ငန်းတွေမှာ လက်အောက်ငယ်သားတွေအပေါ် အရမ်းကြီး မမြောက်စားပါနဲ့။ဘာဖြစ်လို့လည်းဆိုရင် အမျိုးယုတ်သူ တန်ခိုးနုတ်ရင် သတိထား ဆိုသလိုပေါ့။မိမိက မြှောက်စားပေးလွန်လျင်လည်း မိမိအပေါ်ရိုသေမှုကင်းမဲ့ကာ နွားကို အတောင်ပံတပ်ပေသလို့ဖြစ်နေပါလိမ့်မယ်။နောက်ငယ်သားများအပေါ်သဒ္ဒါလွန်ကဲပြီး မချီးမြောက်သင့်သူ ချီမြောက်မိပါက အဆိပ်ပင်ကို ရေလောင်းပေးသလို ဖြစ်နေပါလိမ့်မယ်။သူအဆင့်နဲ့သူကို လိုက်လျောညီထွေအောင် ချီမြင့်မြောက်စားသင့်ကာ အလွန်အကျူးမဖြစ်ပါစေနဲ့။အလွန်အကျူးဖြစ်သွားလျင် မိမိကျွန်ကြောင့် ဖျက်စီးမှုများဖြစ်လာပါလိမ့်မယ်။

နောက်ဂုဏ်မဲ့သူကို ဂုဏ်မတင်ပါနဲ့။ပညာမဲ့ယုတ်ညံ့နိမ့်ကျသူကို ဂုဏ်တင်ပါက မိမိသည် ဂုဏ်သိက္ခာမတတ်ဘဲ ကျတတ်ပါသည်။အကြင်သူတို့သည် ဂုဏ်ဆိုတဲ့ ဝေါဟာရကို မသိရှိကြပါ။နားလည်ခြင်းမရှိသောကြောင့်ဂုဏ်တင်ခြင်း မပြုလုပ်ကြပါနဲ့။လောဘကြီးသူရဲ့ ကြိုက်နှစ်သက်သောအရာက ပစ္စည်းဥစ္စာဖြစ်ပါသည်။ထိုသူတို့ကို ဥစ္စာပစ္စည်းများဖြင့် စည်းလုံးရသည်။ဒေါသကြီးသူရဲ့ကြိုက်နှစ်သက်သောအရာက သူတို့ကို စကားပြောရာတွင် ချေချေငံငံ ရိုသေလေးစာပြီ ချိုချိုသာသာပြောဆိုခြင်းစကားကိုကြိုက်ပါသည်။သူတို့ကို ချိုသာသောစကားဖြင့်သာ အနိင်ယူပါ။ဒါမှာ ဒေါသထွက်ခြင်းကင်းပြီး မိမိလိုရာ အသုံးပြုနိင်မည်။လူမိုက်ကိုတော့ အလိုလိုက်ပြီး သူတို့ကိုစည်းလုံးမှ ရနိင်ပေသည်။ပညာရှိကို လိုချင်ပါက မှန်ကန်ဖြောင့်မှတ်သော ကိုယ် နှုတ် စိတ်တို့နဲ့ ပြောဆိုပြီး ပေါင်းသင်းမှ ရလိမ့်မည်။ဒါတွေကိုသိချင်ဖြင့် မိမိတို့သည် လူရေလူရာ အမှုကိစ္စများတွင် အောင်မြင်မှုရလိမ့်ပါမည်။နောက် မိမိတို့ရဲ့ လိုရာအမှုကိစ္စများကိုလည်း ပြီးဆုံးအောင် ဆောင်ရွက်နိင်ပါလိမ့်မည်။ထိုကြောင့် လူမှုရေးရာ ပညာရပ်များကို သင်ယူလေ့လာထားဖို့ လိုအပ်ပါသည်။

တစ်ချို့အရာတွေကို ထုတ်ပြသင့်ပြီး လျိုဝှက်သင့်သောအရာများကို အထူးထုတ်ဖော်မပြောသင့်ပါ။ဒါက လူမှုရေးရာ အကြောင်းတစ်ခုဖြစ်ပါသည်။မိမိအရည်အချင်းနဲ့ ပညာများကို ပြမှသိ မပြရင် မသိစေပါနဲ့။ထုတ်ပြလိုသိသွားမှသာ မိမိအပေါ် ကြောက်ရွံ့လေးစားကြပြီး မိမိလိုရာကို ညွန်ပြ လုပ်ဆောင်နိင်ပါလိမ့်မည်။ထိုသို့ညွန်ပြ လမ်းပြပေးမှ စိတ်နေစိတ်ထား အကျင့်စရိုက်တွေ ကောင်းမွန်လာပါလိမ့်မယ်။နောက်လူတိုင်းရဲ့စိတ်နေစိတ်ထားက တူညီမှုတစ်ခုတော့ရှိပါသည်။မိမိမကြိုက်တဲ့အရာတွေကို သူတို့လည်း ကြိုက်နှစ်သက်မှာ မဟုတ်သလို ထိုအမှုကိစ္စများကို မခိုင်းပါနဲ့။ မပြုလုပ်ခိုင်းပါနဲ့။မိမိကိုယ်တိုင်တောင် မကြိုက်မလုပ်ချင်သောအရာများကို သူတစ်ပါအပေါ်ဘယ်တော့အခါမှ မခိုင်းကြပါနဲ့။ဒါကို သတိနဲ့ပညာဆိုသော အရာနဲ့နှလုံးတွင်းကာ အမြဲလိုက်နာသင့်ပါသည်။မိမိနဲ့အဆင့်မတူ ဂုဏ်မတူသောသူများကို မာန်မာနထားပြီး ပြိုင်ပြီးမတုပါနဲ့။

လောကတွင် မိမိထက်နိမ့်ကျသူ၊တန်းတူရှိသူနဲ့ မိမိထက်သာသူဟူ၍ လူသုံးမျိုးသုံးစားရှိပါသည်။ထိုလူသုံးမျိုးတွင် မိမိထက်နိမ့်ကျသူကို ကူညီဖေးမပြီး တန်းတူညီတူသမားများကို ချီးမြောက်ကာ အထက်သူကို ရိုသေးလေးစားကြပါနော်။လူမှုရေးရာများကို နားလည်မှုထားကြပါ။ဖြောင့်မတ်တည်ကြည်ခြင်းမရှိသူရဲ့စကားနှင့် တစ်ပါးသူအပေါ်အကျိုးယုတ်စေသော ကုန်းချောစကားများကို မည်သည့်အချိန် မည်သည့်နေရာတွင်မှ လက်ခံနားထောင်ခြင်းမပြုကြပါနဲ့။မိမိကိုယ်ကို စိတ်နှလုံး သဘောထားတည်ကြည်လေးနက်အောင် ထားပြီး ကျင့်ကြံပွားများကြပါ။မိမိသည် ငယ်စဉ်အခါက အတတ်ပညာ အသိပညာများကို ကြိုးစားသင်ယူပြီး တတ်ကျွမ်းဖို့လိုအပ်ပါသည်။လူလောကမှာ မကောင်းခြင်းလေးပါးရှိကြပါသည်။ထိုအရာတွေကတော့ ပညာရှိသူ အမျက်ထွက်လျင် မကောင်းသလို၊အိမ်ထောင်ဦးစီးသည် ပျင်းနေဖိုမလို၊ရဟန်းသည်လည်း ဝိနည်းမလိုက်နာရင် မကောင်းပါ။နောက် ရယ်နည်းအမျိုးမျိုးရှိပါသည်။ရယ်တာတောင် အရီမတတ်ရင် တစ်ခြားသူကိုပြောင်စပ်စပ်လုပ်ပြီး လောင်ရယ်နေတယ်လို့ထင်တတ်ပါသည်။

ကျွန်တော်မှတ်ထားဖူးတဲ့ရယ်နည်းအမျိုးမျိုးကို တင်ပြပေးချင်တယ်။ခုလိုတင်ပြပြန်ရင်လည်း copyဆိုပြီး ထိမှာလည်းကြောက်ရသေးသည်။ဒါကြောင့် ကြိုတင်ပြီး ပြောပြပါရစေ။ခုရယ်နည်းအမျိုးမျိုးကိုတော့ ငယ်ငယ်တုန်းက မှတ်စုစာအုပ်ထဲမှာ မှတ်ထားတဲ့အတွက် မည်သည့် စာအုပ်ကို ကိုးကားသည်ကိုတော့ မမှတ်မိတော့ပါ။ဒါကြောင့်ကိုးကားတဲ့စာအုပ်အမည်ကို မသိပါ။မျက်စိပွင့်ရုံရယ်ခြင်း၊သွားပေါ်ရုံရယ်ခြင်း၊အသံထွက်အောင်ရယ်ခြင်း၊ခေါင်းလှုပ်ပြီးရယ်ခြင်း၊မျက်ရည်နှာရည်ကျအောင်ရယ်ခြင်း၊ကိုယ်ကိုလှုပ်ခါပြီးရယ်ခြင်းတို့ဖြစ်ကြပါသည်။ထိုရယ်ုခင်ျးခြာက်းမျိုးတွင် ပထမ နှစ်ခုက လူအတိုင်းအဝိုင်းတွင် မြတ်ပြီးအလယ်နှစ်ခုကတော့ မဆိုးမကောင်းဖြစ်ကာ နောက်ဆုံးနှစ်ခုကတော့ ရယ်စရာမကောင်းခြင်းဖြစ်သည်။ဒါကြောင့် ရယ်နည်းလေးတွေသိရှိသွားပြီးလို့ထင်ပါတယ်။တစ်ပါးသူကို ဆုံးမပြုပြင်တဲ့နေရာမှာ အနည်းငယ်သာ ပြုပြင်ဆုံးမကြပါ။မိမိကိုယ်ကိုတော့ တစ်ခြားသူကိုဆုံးမခြင်းထက် ဆယ်ဆမက ပြန်ဆုံးမပါ။

နိဂုံးအနေနဲ့ပြောချင်ပါသည်။ထိုလူမှုရေးရာစာများကိုဖတ်ရှုပြီး အသိပညာတိုးပွားကြပါစေ။

Posted using Partiko Android

Sort:  

သင့်တော်ရာ ပုံတစ်ပုံလောက်တော့ အနည်းဆုံး သုံးသင့်ပါတယ် bro။ ပုံက မိမိ ကိုယ်ပိုင် မဟုတ်ရင် source link ထည့်ပေးရပါ့မယ်။

Posted using Partiko Android

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.033
BTC 63457.41
ETH 3119.12
USDT 1.00
SBD 3.94